ရွမ္းျပည္နယ္အတြင္း H1N1 အတည္ျပဳလူနာ (၂၄)ဦးေတြ႔ရိွခဲ့သည့္ အနက္ စက္တင္ဘာလ (၅)ရက္ေန႔တြင္ သီေပါေဆးရံု၌ ကုသမႈ ဆက္လက္ခံယူေနသည့္ အတည္ျပဳလူနာ (၁)ဦးႏွင့္ ဓာတ္ခြဲခန္း အေျဖေစာင့္ေနဆဲ ေနာင္ခ်ိဳေဆးရံုမွ သံသယလူနာ (၁)ဦးက်န္ေနၿပီး က်န္(၂၃)ဦးမွာ ေဆးရံု ဆင္းသြားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
“တစ္ျပည္နယ္လံုး အေနအထားနဲ႔ ကၽြန္ေတာ္တို႔ (၂၄)ေယာက္ေတြ႔တဲ့ အထဲမွာ (၂၃)ေယာက္က ေဆးရံုဆင္းသြားၿပီေပါ့။ ေလာေလာဆယ္ positive (အတည္ျပဳလူနာ)နဲ႔ သံသယတစ္ေယာက္ က်န္ခဲ့ပါတယ္။ ဒါကေတာ့ စက္တင္ဘာလ (၅)ရက္ေန႔အထိ ရွမ္းျပည္နယ္အေျခအေနပါ”ဟု လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လားရိႈးျပည္သူ႔ေဆးရံုမွ အတည္ျပဳလူနာ (၁)ဦးမွာ စက္တင္ဘာလ (၅)ရက္ေန႔တြင္ ေဆးရံုဆင္းသြားၿပီျဖစ္ၿပီး ေနာင္ခ်ိဳျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနသည့္ ေနာင္ခ်ိဳၿမိဳ႕နယ္ လံုဝယ္ရြာမွ ေသြးလြန္တုပ္ေကြး လူနာတစ္ဦးမွာ သံသယလူနာအျဖစ္ ဓာတ္ခြဲခန္းအေျဖ ေစာင့္ေနဆဲျဖစ္ေၾကာင္း သိရသည္။
သီေပါေဆးရံုတြင္ ကုသမႈခံယူေနသည့္ သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳေက်းရြာအုပ္စု တံုဂါရြာမွ သံသယ ကေလးလူနာ (၆)ဦးမွာ စက္တင္ဘာလ (၄)ရက္ေန႔က H1N1 အတည္ျပဳလူနာအျဖစ္ ဓာတ္ခဲြခန္း အေျဖရခ်ိန္တြင္ ကေလး (၅)ဦးမွာ လြန္ခဲ့သည့္ သံုးရက္ကတည္းက အဖ်ားလံုးဝမရိွေတာ့သျဖင့္ ယင္းေန႔မွာပင္ ေဆးရံုဆင္းသြားကာ တစ္ဦးမွာ ေခ်ာင္းဆိုးေနသျဖင့္ စက္တင္ဘာလ (၅)ရက္ေန႔တြင္ ဆက္လက္ကုသမႈခံယူေနဆဲျဖစ္ေၾကာင္း ျပည္နယ္အစုိးရအဖြဲ႕ထံမွ သိရသည္။
သတင္း - ခ်ယ္ရီထိုက္
“တစ်ပြည်နယ်လုံး အနေအထားနဲ့ ကျွန်တော်တို့ (၂၄)ယောက်တွေ့တဲ့ အထဲမှာ (၂၃)ယောက်က ဆေးရုံဆင်းသွားပြီပေါ့။ လောလောဆယ် positive (အတည်ပြုလူနာ)နဲ့ သံသယတစ်ယောက် ကျန်ခဲ့ပါတယ်။ ဒါကတော့ စက်တင်ဘာလ (၅)ရက်နေ့အထိ ရှမ်းပြည်နယ်အခြေအနေပါ”ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးပြည်သူ့ဆေးရုံမှ အတည်ပြုလူနာ (၁)ဦးမှာ စက်တင်ဘာလ (၅)ရက်နေ့တွင် ဆေးရုံဆင်းသွားပြီဖြစ်ပြီး နောင်ချိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် နောင်ချိုမြို့နယ် လုံဝယ်ရွာမှ သွေးလွန်တုပ်ကွေး လူနာတစ်ဦးမှာ သံသယလူနာအဖြစ် ဓာတ်ခွဲခန်းအဖြေ စောင့်နေဆဲဖြစ်ကြောင်း သိရသည်။
သီပေါဆေးရုံတွင် ကုသမှုခံယူနေသည့် သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု တုံဂါရွာမှ သံသယ ကလေးလူနာ (၆)ဦးမှာ စက်တင်ဘာလ (၄)ရက်နေ့က H1N1 အတည်ပြုလူနာအဖြစ် ဓာတ်ခွဲခန်း အဖြေရချိန်တွင် ကလေး (၅)ဦးမှာ လွန်ခဲ့သည့် သုံးရက်ကတည်းက အဖျားလုံးဝမရှိတော့သဖြင့် ယင်းနေ့မှာပင် ဆေးရုံဆင်းသွားကာ တစ်ဦးမှာ ချောင်းဆိုးနေသဖြင့် စက်တင်ဘာလ (၅)ရက်နေ့တွင် ဆက်လက်ကုသမှုခံယူနေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
သတင်း - ချယ်ရီထိုက်
