ရွမ္းျပည္နယ္အတြင္း H1N1 ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ေသဆံုးမႈ မရိွခဲ့သျဖင့္ တန္ေဆာင္တုိင္ပြဲေတာ္အား ပံုမွန္အတိုင္း က်င္းပရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ဆံုးျဖတ္လုိက္ၿပီး ပြဲေတာ္က်င္းပေရးေကာ္မတီ အစည္းအေဝးမ်ား လုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။
“ပြဲေတာ္ က်င္းပဖို႔ မက်င္းပဖို႔ကို H1N1 အေျခအေနေစာင့္ၾကည့္ေနတာနဲ႔ မေသခ်ာေသးဘူးေပါ့။ အခုေတာ့ H1N1 ေၾကာင့္ အေသအေပ်ာက္လည္း မရိွေတာ့ ရိုးရာပြဲေတာ္လိုျဖစ္ေနတဲ့ တန္ေဆာင္တုိင္ပြဲ လုပ္ဖို႔ အတည္ျပဳလိုက္တယ္ေပါ့။ ေအာက္တိုဘာလ (၂၇)ရက္ေန႔ကေန ႏုိဝင္ဘာလ (၄)ရက္ေန႔အထိ လုပ္မွာေပါ့။ စက္တင္ဘာလ (၁)ရက္ေန႔အစည္းအေဝးက ဆံုးျဖတ္လုိက္တာပါ။ အခုေကာ္မတီဖြဲ႕ဖို႔ လုပ္ေနပါၿပီ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ယခင္ႏွစ္က ပြဲေတာ္က်င္းပေရး အေျခအေန၏ အားနည္းခ်က္၊ အားသာခ်က္မ်ားေပၚ မူတည္ၿပီးေတာ့ သက္ဆုိင္ရာ ေကာ္မတီအလိုက္ အေသးစိတ္ အစီအစဥ္မ်ား ေဆြးေႏြးေဆာင္ရြက္ၾကမည္ျဖစ္ၿပီး ယခုႏွစ္ တန္ေဆာင္တုိင္ပြဲေတာ္တြင္ ပါဝင္မည့္ ေဖ်ာ္ေျဖေရးအဖြဲ႕ကို အမ်ားသေဘာထားျဖင့္ ေရြးခ်ယ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
“ေနရာသြားၾကည့္ၿပီး ကြင္းအေနအထားလည္း ၾကည့္ရမယ္။ ေနာက္ ေကာ္မတီေတြ ေခၚရအံုးမယ္။ ဒါၿပီးမွ ေဖ်ာ္ေျဖေရး ဘယ္အဖြဲ႕ေတြ ပါမယ္ဆိုတာ ေျပာလို႔ရမယ္”ဟု ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တန္ေဆာင္တုိင္ပြဲေတာ္ ဦးစီးေကာ္မတီ ဥကၠဌအျဖစ္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ဒုတိယဥကၠဌအျဖစ္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းမွ လည္းေကာင္း၊ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက ဘ႑ာေရး ေကာ္မတီ အျဖစ္လည္းေကာင္း၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေဖ်ာ္ေျဖေရးေကာ္မတီ အျဖစ္လည္းေကာင္း အသီးသီး တာဝန္ယူၾကမည္ ျဖစ္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
“ပွဲတော် ကျင်းပဖို့ မကျင်းပဖို့ကို H1N1 အခြေအနေစောင့်ကြည့်နေတာနဲ့ မသေချာသေးဘူးပေါ့။ အခုတော့ H1N1 ကြောင့် အသေအပျောက်လည်း မရှိတော့ ရိုးရာပွဲတော်လိုဖြစ်နေတဲ့ တန်ဆောင်တိုင်ပွဲ လုပ်ဖို့ အတည်ပြုလိုက်တယ်ပေါ့။ အောက်တိုဘာလ (၂၇)ရက်နေ့ကနေ နိုဝင်ဘာလ (၄)ရက်နေ့အထိ လုပ်မှာပေါ့။ စက်တင်ဘာလ (၁)ရက်နေ့အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။ အခုကော်မတီဖွဲ့ဖို့ လုပ်နေပါပြီ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခင်နှစ်က ပွဲတော်ကျင်းပရေး အခြေအနေ၏ အားနည်းချက်၊ အားသာချက်များပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ ကော်မတီအလိုက် အသေးစိတ် အစီအစဉ်များ ဆွေးနွေးဆောင်ရွက်ကြမည်ဖြစ်ပြီး ယခုနှစ် တန်ဆောင်တိုင်ပွဲတော်တွင် ပါဝင်မည့် ဖျော်ဖြေရေးအဖွဲ့ကို အများသဘောထားဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
“နေရာသွားကြည့်ပြီး ကွင်းအနေအထားလည်း ကြည့်ရမယ်။ နောက် ကော်မတီတွေ ခေါ်ရအုံးမယ်။ ဒါပြီးမှ ဖျော်ဖြေရေး ဘယ်အဖွဲ့တွေ ပါမယ်ဆိုတာ ပြောလို့ရမယ်”ဟု ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တန်ဆောင်တိုင်ပွဲတော် ဦးစီးကော်မတီ ဥက္ကဌအဖြစ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဒုတိယဥက္ကဌအဖြစ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ လည်းကောင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဘဏ္ဍာရေး ကော်မတီ အဖြစ်လည်းကောင်း၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဖျော်ဖြေရေးကော်မတီ အဖြစ်လည်းကောင်း အသီးသီး တာဝန်ယူကြမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
