လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်တွင် အသက်(၁၇) နှစ်အရွယ်နှင့် (၁၉)နှစ်အရွယ် လူငယ်နှစ်ဦးသည် စက်တင်ဘာလ (၁၁) ရက်နေ့ ည (၉)နာရီအချိန်ခန့်တွင် ဆိုင်ကယ်ဆီကုန်သွား၍ နေအိမ်ဈေးဆိုင် တစ်ခုရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်မှ ဆီပိုက်အားဖြုတ်ကာ ရေသန့်ဘူးခွံဖြင့် ဆီထုတ်ယူရန် တစ်ဦးက လုပ်ဆောင်နေချိန်တွင် ကျန်တစ်ဦးက ဂတ်စ်မီးခြစ်ဖြင့် မီးခြစ်၍ မီးထွန်းပြရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
***********
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါးနိုးကူးရပ်ကွက်တွင် လူငယ်နှစ်ဦးက ဆိုင်ကယ်တစ်စီးမှ ဆီထုတ်စဉ် ဂတ်စ်မီးခြစ်ဖြင့် မီးထွန်းပြရာမှ ဆိုင်ကယ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်တွင် အသက်(၁၇) နှစ်အရွယ်နှင့် (၁၉)နှစ်အရွယ် လူငယ်နှစ်ဦးသည် စက်တင်ဘာလ (၁၁) ရက်နေ့ ည (၉)နာရီအချိန်ခန့်တွင် ဆိုင်ကယ်ဆီကုန်သွား၍ နေအိမ်စျေးဆိုင် တစ်ခုရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်မှ ဆီပိုက်အားဖြုတ်ကာ ရေသန့်ဘူးခွံဖြင့် ဆီထုတ်ယူရန် တစ်ဦးက လုပ်ဆောင်နေချိန်တွင် ကျန်တစ်ဦးက ဂတ်စ်မီးခြစ်ဖြင့် မီးခြစ်၍ မီးထွန်းပြရာမှ မီးလောင်ကျွမ််းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ကယ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်ကာဗာများ မီးလောင်ကျွမ်းခဲ့သဖြင့် အဆိုပါ လူငယ်နှစ်ဦးအား လွိုင်ကော်မြို့မရဲစခန်း(ပ) ၁၂၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း
