“ဒီေန႔ပထမေန႔မွာေတာ့ စမ္းသပ္မႈခံယူေနတာ (၃၂၀)ဦးရွိတယ္။ နယ္ေဝးကလူေတြကို အရင္ဦးဆံုး စမ္းသပ္မႈ လုပ္ေပးေနတယ္။ သီေပါၿမိဳ႕ခံေတြကိုေတာ့ ေနာက္ရက္ေတြမွ စမ္းသပ္မႈခံယူေပးၾကဖို႔ ေမတၱာရပ္ခံထားတယ္။ ခြဲစိတ္မႈခံယူရမယ့္စာရင္းကေတာ့ ေလာေလာဆယ္စမ္းသပ္မႈေတြ လုပ္ေပးေနတုန္းဆိုေတာ့ မသိရေသးဘူး” ဟု သီတဂူစကၡဳဒါနေဆးရံုေတာ္(သီေပါ)မွ ဆရာေတာ္ ဦးပညာသီရိက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ မိန္႔သည္။
အဆိုပါေဆးရံုတြင္ မ်က္စိအခမဲ့စမ္းသပ္မႈ ကုသမႈအား (၄)လတစ္ႀကိမ္ ျပဳလုပ္ေပးေနျခင္းျဖစ္ၿပီး ယခု ျပဳလုပ္သည့္(၃၉)ႀကိမ္ေျမာက္တြင္ မႏၱေလး၊ ျပင္ဦးလြင္ ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔မွ မ်က္စိစမ္းသပ္ေပးမည့္ ဆရာဝန္(၂)ဦးႏွင့္ ကုသေပးမည့္ ဆရာဝန္(၃)ဦး တို႔ ပါဝင္ေၾကာင္း သိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #Ax Sai (သီေပါ)
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များအား စက်တင်ဘာလ (၁၃)ရက်နေ့မှ စတင်၍ (၅)ရက်ကြာ အခမဲ့စမ်းသပ်ကုသမှုပြုလုပ်ပေးနေရာ နေ့စဉ် နံနက် (၉)နာရီမှ ည(၁၀)နာရီအထိ စမ်းသပ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
“ဒီနေ့ပထမနေ့မှာတော့ စမ်းသပ်မှုခံယူနေတာ (၃၂၀)ဦးရှိတယ်။ နယ်ဝေးကလူတွေကို အရင်ဦးဆုံး စမ်းသပ်မှု လုပ်ပေးနေတယ်။ သီပေါမြို့ခံတွေကိုတော့ နောက်ရက်တွေမှ စမ်းသပ်မှုခံယူပေးကြဖို့ မေတ္တာရပ်ခံထားတယ်။ ခွဲစိတ်မှုခံယူရမယ့်စာရင်းကတော့ လောလောဆယ်စမ်းသပ်မှုတွေ လုပ်ပေးနေတုန်းဆိုတော့ မသိရသေးဘူး” ဟု သီတဂူစက္ခုဒါနဆေးရုံတော်(သီပေါ)မှ ဆရာတော် ဦးပညာသီရိက တာချီလိတ်သတင်းအေဂျင်စီ သို့ မိန့်သည်။
အဆိုပါဆေးရုံတွင် မျက်စိအခမဲ့စမ်းသပ်မှု ကုသမှုအား (၄)လတစ်ကြိမ် ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ယခု ပြုလုပ်သည့်(၃၉)ကြိမ်မြောက်တွင် မန္တလေး၊ ပြင်ဦးလွင် နှင့် ကျောက်မဲမြို့တို့မှ မျက်စိစမ်းသပ်ပေးမည့် ဆရာဝန်(၂)ဦးနှင့် ကုသပေးမည့် ဆရာဝန်(၃)ဦး တို့ ပါဝင်ကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #Ax Sai (သီပေါ)
