တာခ်ီလိတ္ၿမိဳ႕ ပါဆတ္ရပ္ကြက္ရွိ ကြ်န္းေတာတြင္ ပါ၀ါလိုင္းသစ္ဆြဲျခင္း လုပ္ငန္းအား စက္တင္ဘာလ(၁၆)ရက္ေန႔တြင္ ေဆာင္ရြက္ေနလ်က္ရွိရာ တစ္ေန႔တည္း အၿပီး ေဆာင္ရြက္ရန္ စီစဥ္ထားေသာ္လည္း မိုးရြာမႈမ်ားေၾကာင့္ လုပ္ငန္းမၿပီးျပတ္ေသးသည့္ အတြက္ ဆက္လက္၍ စက္တင္ဘာလ(၁၇)ရက္ေန႔ နံနက္ပိုင္း တစ္ပိုင္းအား လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။
"ဒီေန႔ တစ္ေန႔တည္း အၿပီး လုပ္ဖို႔ စီစဥ္ထားေပမယ့္ မိုးရြာတဲ့အတြက္ မၿပီးႏိုင္ေသးလို႔ နက္ျဖန္ေတာ့ နံနက္ပိုင္း တစ္ပိုင္း မီးေခတၱျဖတ္ေတာက္ထားမွာျဖစ္ပါတယ္၊ ၿမိဳ႕တြင္းကေန အာခါေစ်း မီးပြိဳင့္အထိေတာ့ မီးလာေနမွာပါ"ဟု မီးလင္းေရးရံုးခြဲ(တာေ၀)မွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ကိုဟိန္းကိုက ေျပာသည္။
လုပ္ငန္းေဆာင္ရြက္ေနစဥ္အတြင္း လွ်ပ္စစ္ အႏၱရာယ္မျဖစ္ေပၚေစရန္အတြက္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၁၇)ရက္ေန႔ နံနက္(၈)နာရီမွ ေန႔လယ္(၁၂)နာရီအခ်ိန္အထိ အာခါေစ်း မီးပြိဳင့္ထိပ္မွ ေလယာဥ္ကြင္းအထိ အပါအ၀င္ ၿမိဳ႕ျပင္ ေက်းရြာမ်ားျဖစ္သည့္ မိုင္းကိုးေက်းရြာ အုပ္စုႏွင့္ မိုင္းဖုန္းေက်းရြာအုပ္စု ၀မ္ပံုေက်းရြာအထိ ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း သိရသည္။
တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ ကျွန်းတောတွင် ပါဝါလိုင်းသစ်ဆွဲခြင်း လုပ်ငန်းအား စက်တင်ဘာလ(၁၆)ရက်နေ့တွင် ဆောင်ရွက်နေလျက်ရှိရာ တစ်နေ့တည်း အပြီး ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း မိုးရွာမှုများကြောင့် လုပ်ငန်းမပြီးပြတ်သေးသည့် အတွက် ဆက်လက်၍ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်း တစ်ပိုင်းအား လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
"ဒီနေ့ တစ်နေ့တည်း အပြီး လုပ်ဖို့ စီစဉ်ထားပေမယ့် မိုးရွာတဲ့အတွက် မပြီးနိုင်သေးလို့ နက်ဖြန်တော့ နံနက်ပိုင်း တစ်ပိုင်း မီးခေတ္တဖြတ်တောက်ထားမှာဖြစ်ပါတယ်၊ မြို့တွင်းကနေ အာခါဈေး မီးပွိုင့်အထိတော့ မီးလာနေမှာပါ"ဟု မီးလင်းရေးရုံးခွဲ(တောဝ)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းကိုက ပြောသည်။
လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ် အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၈)နာရီမှ နေ့လယ်(၁၂)နာရီအချိန်အထိ အာခါဈေး မီးပွိုင့်ထိပ်မှ လေယာဉ်ကွင်းအထိ အပါအဝင် မြို့ပြင် ကျေးရွာများဖြစ်သည့် မိုင်းကိုးကျေးရွာ အုပ်စုနှင့် မိုင်းဖုန်းကျေးရွာအုပ်စု ဝမ်ပုံကျေးရွာအထိ ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
