အဆိုပါရံုးတြင္ နံနက္(၉)နာရီခြဲမွ ညေန (၄)နာရီခြဲအထိ ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေခြးရူးေရာဂါ ကာကြယ္ေဆးသည္ ေရာဂါျဖစ္ပြားမႈအား ရာႏႈန္းျပည့္ကာကြယ္ေပးႏုိင္ၿပီး ေရာဂါအႏၱရာယ္ရိွေသာေနရာတြင္ရိွေနေသာ ေခြးေကာင္ေရ၏ (၇၀)ရာခုိင္ႏႈန္းကို ကာကြယ္ေဆးထိုးေပးထားပါက ေရာဂါကူးစက္မႈသံသရာကို ျဖတ္ေတာက္ႏုိင္ေၾကာင္းသိရသည္။
၂၀၁၃ - ၂၀၁၆ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ေခြးရူးေရာဂါကာကြယ္တုိက္ဖ်က္ေရးလုပ္ေဆာင္ခ်က္အျဖစ္ ကမၻာ့တိရစၦာန္ က်န္းမာေရးအဖြဲ႕ (OIE)ျဖင့္ ပူးေပါင္ၿပီး ႏွစ္စဥ္စက္တင္ဘာလ (၂၈)ရက္ေန႔တြင္ ေခြးရူးေရာဂါကာကြယ္ေဆး အခမဲ့ထိုးေပးျခင္းနွင့္ အသိပညာေပးေဟာေျပာပြဲမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
********
ကမ္ဘာ့ ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်(၄)လမ်းရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် စက်တင်ဘာလ (၂၈)ရက်နေ့၌ ခွေးရူးရောဂါကာကွယ်ဆေးများ တစ်ရက်တာ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရုံးတွင် နံနက်(၉)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွေးရူးရောဂါ ကာကွယ်ဆေးသည် ရောဂါဖြစ်ပွားမှုအား ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပြီး ရောဂါအန္တရာယ်ရှိသောနေရာတွင်ရှိနေသော ခွေးကောင်ရေ၏ (၇၀)ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးထားပါက ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်ကြောင်းသိရသည်။
၂၀၁၃ - ၂၀၁၆ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ဆောင်ချက်အဖြစ် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)ဖြင့် ပူးပေါင်ပြီး နှစ်စဉ်စက်တင်ဘာလ (၂၈)ရက်နေ့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
