နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ (၁၉) ရက် နံနက် (၁၀) နာရီတွင် နေပြည်တော်၌ ပြောကြားမည့် နိုင်ငံတော်အခြေပြမိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်မှုအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် အများပြည်သူ နားထောင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပနေသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်နေသည့် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက ကုလအထွေထွေ ညီလာခံ၌ မိန့်ခွန်း ပြောကြားမည့် တစ်ရက်အလိုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများအား ဖိတ်ကြားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ် ပြောကြားရန် စီစဉ်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ုကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားများနေသည့်အချိန်တွင် ပြောကြားမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းအား မြို့ကြီးအသီးသီးရှိ လူစည်ကားရာနေရာများတွင် LED ဘုတ်များဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအား အများပြည်သူကြည့်ရှုနိုင်ရန် အရပ်ဘက်အဖွဲ့ အစည်းအချို့က စီစဉ်ထားကြကြောင်း သိရသည်။
တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် နိုင်ငံတော်အခြေပြမိန့်ခွန်းလာရောက်နားထောင်သူများအား ဗယ်လင်တိုင်းကဖေးနှင့် အအေး (စားသောက်ဆိုင်)က လက်ဖက်ရည်နှင့် မုန့်ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။
“အများပြည်သူ ကြည့်ရှုနိုင်ဖို့ သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းပြီး စီစဉ်ထားတာပါ။ အခုချိန်က ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ သတင်းမှားတွေ ထွက်နေတာဆိုတော့ ဒီလိုအချိန်မှာ ပြောတဲ့မိန့်ခွန်းက စိတ်ဝင်စားစရာ ဖြစ်တာရော အမျိုးသားရေးစိတ်ဓာတ်အရရော အရေးကြီးတယ်လို့ ယူဆတဲ့အတွက် လုပ်ဆောင်ထားတာပါ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပနေသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်နေသည့် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက ကုလအထွေထွေ ညီလာခံ၌ မိန့်ခွန်း ပြောကြားမည့် တစ်ရက်အလိုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နပြေည်တော်၌ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများအား ဖိတ်ကြားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြပြေ မိန့်ခွန်းတစ်ရပ် ပြောကြားရန် စီစဉ်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ုကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားများနေသည့်အချိန်တွင် ပြောကြားမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြပြေမိန့်ခွန်းအား မြို့ကြီးအသီးသီးရှိ လူစည်ကားရာနေရာများတွင် LED ဘုတ်များဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအား အများပြည်သူကြည့်ရှုနိုင်ရန် အရပ်ဘက်အဖွဲ့ အစည်းအချို့က စီစဉ်ထားကြကြောင်း သိရသည်။
တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် နိုင်ငံတော်အခြပြေမိန့်ခွန်းလာရောက်နားထောင်သူများအား ဗယ်လင်တိုင်းကဖေးနှင့် အအေး (စားသောက်ဆိုင်)က လက်ဖက်ရည်နှင့် မုန့်ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။
