တာခ်ီလိတ္ၿမိဳ႕၊ ဘုရင့္ေနာင္ရင္ျပင္ေဘးတြင္ ဖြင့္လွစ္ထားရွိသည့္ တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးအား စုေပါင္းရံုးအျဖစ္ အဆင့္ျမႇင့္တင္ ေဆာက္လုပ္မည္ ျဖစ္သည့္အတြက္ အေဆာက္အဦး ေဆာက္လုပ္ေနစဥ္ ကာလအတြင္း တာခ်ီလိတ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး အေပၚဆံုးအထပ္သို႔ ေခတၱေျပာင္းေရႊ႕ဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။
ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးႏွင့္ သက္ဆိုင္သည့္ စာရြက္၊ စာတမ္းမ်ား၊ လုပ္ငန္းလိုင္စင္မ်ား စသည့္ ကိစၥ အရပ္ရပ္မ်ားကို တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး၏ အေပၚဆံုးအထပ္တြင္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂၇)ရက္ေန႔မွ စတင္၍ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
မူလ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးမွ ရံုးပိုင္းဆိုင္ရာပစၥည္းမ်ားအား ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂၅)ရက္ေန႔က စတင္၍ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး အေပၚဆံုးအထပ္သို႔ ေျပာင္းေရႊ႕ေန႔လ်က္ရွိသည္။
တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးအား တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမေဘးတြင္ ဖြင့္လွစ္ထားရွိသည္။
တာချီလိတ်မြို့၊ ဘုရင့်နောင်ရင်ပြင်ဘေးတွင် ဖွင့်လှစ်ထားရှိသည့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအား စုပေါင်းရုံးအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်မည် ဖြစ်သည့်အတွက် အဆောက်အဦး ဆောက်လုပ်နေစဉ် ကာလအတွင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပေါ်ဆုံးအထပ်သို့ ခေတ္တပြောင်းရွှေ့ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် သက်ဆိုင်သည့် စာရွက်၊ စာတမ်းများ၊ လုပ်ငန်းလိုင်စင်များ စသည့် ကိစ္စ အရပ်ရပ်များကို တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အပေါ်ဆုံးအထပ်တွင် ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မူလ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ရုံးပိုင်းဆိုင်ရာပစ္စည်းများအား ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့က စတင်၍ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပေါ်ဆုံးအထပ်သို့ ပြောင်းရွှေ့နေ့လျက်ရှိသည်။
တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးတွင် ဖွင့်လှစ်ထားရှိသည်။
