*****************
အောက်တိုဘာလ (၁)ရက်နေ့တွင် ဖွင့်လှစ်မည့် (၇)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲတွင် ရောင်းမကုန် ထီလက်မှတ် (၂၄၁၈၅)အုပ်ရှိနေသဖြင့် အဆိုပါ ရောင်းမကုန်လက်မှတ်များမှ ဆုမဲပေါ်ထွက်ပါက အခြားသင့်တော်သော ဆုမဲများ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက စက်တင်ဘာလ (၂၆)ရက်နေ့ ရက်စွဲဖြင့် ကြေညာထားသည်။
