တာချီလိတ်မြို့တွင် တာချီလိတ်မြို့ဓါတ်ပုံအသင်းအား စတင်ဖွဲ့စည်း တည်ထောင်မည်ဖြစ်သည့်အတွက် ဓါတ်ပုံဆရာများ နှင့် ဓာတ်ပုံရိုက် ၀ါသနာရှင်များအနေဖြင့် ပါဝင်နိုင်ကြောင်း သိရသည်။
အဆိုပါ အသင်းဖွဲ့စည်းရန်အတွက် အမှုဆောင်သစ်ရွေးချယ်မှုကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်(ပါလျှံ-၁)ရှိ မောချယ်ရီ ဓာတ်ပုံဗွီဒီယို ရိုက်ကူးရေး ဆိုင်တွင် ပြုလုပ်မည်ဖြစ်ရာ အသင်းဝင်လိုသူများနှင့် စိတ်ဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။
