တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် လက်ရှိ၌ ဘိုးဘွား စုစုပေါင်း (၂၉)ဦးရှိနေရာ တစ်နေ့တာ ကျွေးမွေး လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် တစ်နေ့စာအတွက် ထိုင်းဘတ်ငွေ (၂၀၀၀)နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီထံက သိရသည်။
အလှူရှင်များအနေဖြင့် တာချီလိတ် ဘိုးဘွားရိပ်သာ၏ ဖုန်းဖြစ်သည့် 08452934 သို့ ဆက်သွယ် မေးမြန်းကာ လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
"အဖွား(၁၈)ဦး နဲ့ အဖိုး (၁၁)ဦး စုစုပေါင်း (၂၉)ဦးရှိပါတယ်။ အလှူရှင်များအနေနဲ့ နံနက်၊ နေ့လယ် နဲ့ ညနေစာ (၃)မျိုးထဲက တစ်နပ်စာအတွက်ဆိုရင် ဘတ်(၇၀၀)ပါ၊ သုံးနပ်စာ တစ်နေ့တာအတွက်ဆိုရင်တော့ ဘတ်(၂၀၀၀)နဲ့ လှူဒါန်းလို့ရပါတယ်"ဟု ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ ရိပ်သာရှိ ဘိုးဘွားများမှာ အသက်(၇၁)နှစ်အရွယ်မှ စ၍ အသက်အကြီးဆုံးအဖြစ် အသက်(၉၁)နှစ်ဝန်းကျင်အရွယ်ထိရှိကြောင်း သိရသည်။
တာချီလိတ် ဘိုးဘွားရိပ်သာအား နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ဆောက်လုပ် လှူဒါန်း ထားခြင်းဖြစ်ပြီး ၂၀၀၇ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က စတင်ကာ ဖွင့်လှစ်ခဲ့ရာ၂၀၁၇ခုနှစ်တွင် (၁၀)နှစ်ပြည့်ပြီဖြစ်ကြောင်း သိရသည်။
အလှူရှင်များအနဖြေင့် တာချီလိတ် ဘိုးဘွားရိပ်သာ၏ ဖုန်းဖြစ်သည့် 08452934 သို့ ဆက်သွယ် မေးမြန်းကာ လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
