သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္တြင္ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးသယ္လာသူႏွစ္ဦးအား ဖမ္းဆီးရမိ

သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္တြင္ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးသယ္လာသူႏွစ္ဦးအား ဖမ္းဆီးရမိ
စက်တင်ဘာ 19, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္အနီး မူဆယ္-မႏၲေလး ျပည္ေထာင္စုကားလမ္းတြင္ ဆုိင္ကယ္ျဖင့္လာသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးအား စက္တင္ဘာလ (၁၈)ရက္ေန႔က စစ္ေဆးရွာေဖြရာ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္အနီး မူဆယ္-မႏၲေလး ျပည္ေထာင္စုကားလမ္းတြင္ မူးယစ္တပ္ဖြဲ႕စု (၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စစ္ေဆးေနစဥ္ ေန႔လယ္ (၁)နာရီခြဲခန္႔၌ အမ်ိဳးသားတစ္ဦး ေမာင္းႏွင္ၿပီး အမ်ိဳးသမီးတစ္ဦးလုိက္ပါလာသည့္ဆုိင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ဘိန္းျဖဴ (သုည ဒသမ ႏွစ္ဂရမ္)ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၉၄) ျပားတို႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းျဖဴ၊စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ စစ္ေဆးေတြ႔ရသည့္ သန္းထြန္းႏွင့္  မေအးျမတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆိုင္ရာဥပေဒအရ သက္ဆုိင္ရာရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တြင္း မူးယစ္ေဆး၀ါးျပႆနာမ်ားေျဖရွင္းေရးအတြက္ ရွမ္းရိုးမစစ္ဆင္ေရးအမည္ျဖင့္ ၾသဂုတ္လမွစ၍ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးစီမံခ်က္ကို စတင္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးသယ်လာသူနှစ်ဦးအား ဖမ်းဆီးရမိ
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်းတွင် ဆိုင်ကယ်ဖြင့်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား စက်တင်ဘာလ (၁၈)ရက်နေ့က စစ်ဆေးရှာဖွေရာ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်းတွင် မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးနေစဉ် နေ့လယ် (၁)နာရီခွဲခန့်၌ အမျိုးသားတစ်ဦး မောင်းနှင်ပြီး အမျိုးသမီးတစ်ဦးလိုက်ပါလာသည့်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူ (သုည ဒသမ နှစ်ဂရမ်)နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၅၉၄) ပြားတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူ၊စိတ်ကြွဆေးပြားများနှင့်အတူ စစ်ဆေးတွေ့ရသည့် သန်းထွန်းနှင့်  မအေးမြတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာများဖြေရှင်းရေးအတွက် ရှမ်းရိုးမစစ်ဆင်ရေးအမည်ဖြင့် သြဂုတ်လမှစ၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက်ကို စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~