တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္ကုန္းေက်းရြာအုပ္စု အတြင္းရွိ ကိုယ္ထူကိုယ္ထ ကြန္ကရစ္ သစ္သားတံတား တစ္စင္းသည္ ေခ်ာင္းေရတိုက္စားမႈေၾကာင့္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂၆)ရက္ေန႔ ေန႔လယ္(၁၂)နာရီအခ်ိန္က ၿပိဳက်ပ်က္စီးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ကုန္းေက်းရြာအုပ္စု၊ ပါဆန္း - ခတ္တန္ေက်းရြာရွိ ေက်းရြာခ်င္းဆက္ ကိုယ္ထူကိုယ္ထ အရွည္ေပ (၁၀၀)၀န္းက်င္ရွိ ကြန္ကရစ္သစ္သား တံတားတစ္စင္းသည္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေခ်ာင္းေရ တိုက္စားခဲ့ရာမွ ခက္တန္ေက်းရြာဘက္ျခမ္းတြင္ လမ္းအရွည္(၃၀)ေပ၀န္းက်င္၊ အက်ယ္(၁၂)ေပ၀န္းက်င္ ႏွင့္ အျမင့္(၆)ေပ၀န္းက်င္ ၿပိဳက်ပ်က္စီးခဲ့ရာ ပ်က္စီးမႈတန္ဖိုးမွာ ခန္႔မွန္းက်ပ္သိန္း(၂၀)ခန္႔ ရွိေၾကာင္း သိရသည္။
ပ်က္စီးသြားသည့္ ခ်ဥ္းကပ္လမ္းေနရာသို႔ ျပင္ဆင္ေဆာင္ရြက္မႈမ်ား ျပဳလုပ္ႏိုင္ရန္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအားကို ႏွင့္ ဦးစိုင္းေက်ာက္ အပါအ၀င္ မိုင္းျဖတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ ႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ ၾကည့္ရွဳျပီးေနာက္ ေက်းရြာေန ရြာမိ၊ ရြာဖမ်ားႏွင့္ ေဆြးေႏြးမႈမ်ားျပဳလုပ္ရာတြင္ ေခ်ာင္းေရက်ခ်ိန္၌ ရြာသူ၊ ရြာသားမ်ား၏ စုေပါင္းအင္အားျဖင့္ ကိုယ္ထူကိုယ္ထ ျပင္ဆင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - #စိုင္းေဇယ်ာ
ဓာတ္ပံု - မိုင္းျဖတ္ ေထြ/အုပ္
ချောင်းရေတိုက်စားမှုကြောင့် မိုင်းဖြတ်မြို့နယ် နမ့်ကုန်းကျေးရွာအုပ်စုရှိ ကိုယ်ထူကိုယ်ထ ကွန်ကရစ် သစ်သားတံတား တစ်စင်း ပြိုကျပျက်စီး
http://www.tachileik.net/2017/09/MP.html
*******
တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် နမ့်ကုန်းကျေးရွာအုပ်စု အတွင်းရှိ ကိုယ်ထူကိုယ်ထ ကွန်ကရစ် သစ်သားတံတား တစ်စင်းသည် ချောင်းရေတိုက်စားမှုကြောင့် ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စု၊ ပါဆန်း - ခတ်တန်ကျေးရွာရှိ ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ အရှည်ပေ (၁၀၀)ဝန်းကျင်ရှိ ကွန်ကရစ်သစ်သား တံတားတစ်စင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေ တိုက်စားခဲ့ရာမှ ခက်တန်ကျေးရွာဘက်ခြမ်းတွင် လမ်းအရှည်(၃၀)ပေဝန်းကျင်၊ အကျယ်(၁၂)ပေဝန်းကျင် နှင့် အမြင့်(၆)ပေဝန်းကျင် ပြိုကျပျက်စီးခဲ့ရာ ပျက်စီးမှုတန်ဖိုးမှာ ခန့်မှန်းကျပ်သိန်း(၂၀)ခန့် ရှိကြောင်း သိရသည်။
ပျက်စီးသွားသည့် ချဉ်းကပ်လမ်းနေရာသို့ ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို နှင့် ဦးစိုင်းကျောက် အပါအဝင် မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီးနောက် ကျေးရွာနေ ရွာမိ၊ ရွာဖများနှင့် ဆွေးနွေးမှုများပြုလုပ်ရာတွင် ချောင်းရေကျချိန်၌ ရွာသူ၊ ရွာသားများ၏ စုပေါင်းအင်အားဖြင့် ကိုယ်ထူကိုယ်ထ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - #စိုင်းဇေယျာ
ဓာတ်ပုံ - မိုင်းဖြတ် ထွေ/အုပ်
