ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း ဦးဆောင်သော ခရိုင်/မြို့နယ်/မြို့မ ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကာ အလှူငွေပေးမှုများ ပြုလုပ်ကြောင်း သိရသည်။
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာဝင်းအတွင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ လူကုန်တားတပ်ဖွဲ့စုမှုး ရဲမှူးရင်ရင်အေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုး၊ မူးယစ်တပ်ဖွဲ့စု(၃၀)မှ ဒုရဲမှူး သက်မောင်၊ သတင်းတပ်ဖွဲ့စု(၄၄၉)မှ ဒုရဲမှူး ဟန်စိုး၊ တာချီလိတ်မှူခင်းတပ်ဆွယ်မှ ဒုရဲမှူး မျိုးလွင်အောင်၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၁၁၇)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ကိုကိုနှင့် တာချီလိတ်ခရိုင်/ မြို့နယ်/ မြို့မရဲစခန်း/ တပ်ဖွဲ့စုများမှ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ စုစုပေါင်းအင်အား (၁၂၀)ခန့်ဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးကြပြီး ဘိုးဘွားများအတွက် အလှူငွေ ဘတ်(၂၁၀၀)နှင့် ကျပ် (၁)သိန်းတို့ ပေးလှူကြကြောင်း သိရသည်။
