မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕အဝင္ မေကြး - နတ္ေမာက္ကားလမ္းတြင္ စက္တင္ဘာလ (၁၄)ရက္ေန႔ ညေနပိုင္းက ႏြားအေကာင္ (၃၀)သယ္ေဆာင္လာသည့္ယာဥ္အား ရပ္တန္႔စစ္ေဆးစဥ္ ယာဥ္ေမာင္းႏွင္႔ ယာဥ္ ေပၚပါလာသူတစ္ဦးတို႔က အဆိုပါကားေရွ႕တြင္ ပါလာသည့္ယာဥ္ျဖင့္ ထြက္ေျပးသြားသျဖင့္္ ရဲတပ္ဖြဲ႕က စံုစမ္းရွာေဖြေနေၾကာင္း သိရသည္။
“အဲဒီကားကို မသကၤာလို႔ ရပ္တန္႔ေစၿပီး စစ္ေဆးၾကည့္ရႈရာမွာ ႏြားေတြ သယ္ေဆာင္လာတာကိုေတြ႔ ရတဲ႔ အတြက္ ကၽြန္ေတာ္တို႔ဆီ ဆက္သြယ္သတင္းပို႔ေနတုန္း ယာဥ္ေမာင္းနဲ႔ ယာဥ္ေပၚ ပါလာသူ အမ်ိဳး သားတစ္ဦး တို႔ဟာ ယာဥ္ကို ရပ္တန္႔ခဲ႔ၿပီး သူတို႔ရဲ႕ေရွ႕မွာ ႀကိဳတင္ေရာက္ရိွေနတဲ႔ ယာဥ္ေပၚကိုေျပးတက္ၿပီး ေမာင္းႏွင္ထြက္ေျပးသြားတယ္လို႔ သိရပါတယ္။ ယာဥ္ေပၚမွာ ႏြားအေကာင္ (၃၀)သယ္ေဆာင္လာတာကို စစ္ေဆးေတြ႔ရိွရလို႔ လတ္တေလာ စခန္းမွာ ထိန္းသိမ္းထားပါတယ္”ဟု မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ေဇာ္မင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မေကြး - နတ္ေမာက္ကားလမ္း မေကြးၿမိဳ႕ဝင္ဂိတ္အနီးတြင္ စက္တင္ဘာ(၁၄)ရက္ ညေန (၆)နာရီ(၁၅)မိနစ္ အခ်ိန္ခန္႔က မေကြးၿမိဳ႕ဘက္မွ နတ္ေမာက္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ (၁၂)ဘီးယာဥ္ တစ္စီးအား စစ္ေဆးရာမွ အေထာက္အထားမဲ့ သယ္ေဆာင္လာသည့္ ႏြားမ်ားအား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕က ယာဥ္ေပၚပါ ႏြားအေကာင္(၃၀)အား သက္ေသမ်ားေရွ႕ေမွာက္တြင္ ရွာေဖြပံုစံျဖင္႔ သိမ္းယူကာ အေထာက္အထားမပါဘဲ ႏြားမ်ားကိုသယ္ေဆာင္လာသူမ်ားကို မေကြးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ (ပ)၈၀၃/၂၀၁၇၊ အေရးႀကီးကုန္စည္ႏွင္႔ဝန္ေဆာင္မႈဥပေဒပုဒ္မ ၅ အရအမႈဖြင္႔၍ ၎တို႔ကို ဖမ္းဆီးရမိရန္ စံုစမ္းေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။
သတင္း၊ဓာတ္ပံု - ဖီးနစ္
“အဲဒီကားကို မသင်္ကာလို့ ရပ်တန့်စပြေီး စစ်ဆေးကြည့်ရှုရာမှာ နွားတွေ သယ်ဆောင်လာတာကိုတွေ့ ရတဲ့ အတွက် ကျွန်တော်တို့ဆီ ဆက်သွယ်သတင်းပို့နေတုန်း ယာဉ်မောင်းနဲ့ ယာဉ်ပေါ် ပါလာသူ အမျိုး သားတစ်ဦး တို့ဟာ ယာဉ်ကို ရပ်တန့်ခဲ့ပြီး သူတို့ရဲ့ရှေ့မှာ ကြိုတင်ရောက်ရှိနေတဲ့ ယာဉ်ပေါ်ကိုပြေးတက်ပြီး မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ယာဉ်ပေါ်မှာ နွားအကောင် (၃၀)သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရလို့ လတ်တလော စခန်းမှာ ထိန်းသိမ်းထားပါတယ်”ဟု မကွေးမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေး - နတ်မောက်ကားလမ်း မကွေးမြို့ဝင်ဂိတ်အနီးတွင် စက်တင်ဘာ(၁၄)ရက် ညနေ (၆)နာရီ(၁၅)မိနစ် အချိန်ခန့်က မကွေးမြို့ဘက်မှ နတ်မောက်မြို့ဘက်သို့ မောင်းနှင်လာသည့် (၁၂)ဘီးယာဉ် တစ်စီးအား စစ်ဆေးရာမှ အထောက်အထားမဲ့ သယ်ဆောင်လာသည့် နွားများအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ယာဉ်ပေါ်ပါ နွားအကောင်(၃၀)အား သက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့် သိမ်းယူကာ အထောက်အထားမပါဘဲ နွားများကိုသယ်ဆောင်လာသူများကို မကွေးမြို့ နယ်မြေရဲစခန်းတွင် (ပ)၈၀၃/၂၀၁၇၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရအမှုဖွင့်၍၎င်းတို့ကို ဖမ်းဆီးရမိရန် စုံစမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ - ဖီးနစ်
