ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ရှိ လူငယ်စင်တာမှ လူငယ်များ ဦးဆောင်ကာ သြဂုတ်လ(၁၂)ရက် စနေနေ့ တွင် ကျရောက်မည့် နိုင်ငံတကာလူငယ်များနေ့  အထိမ်းအမှတ်အဖြစ် စုပေါင်း သွေးလှူဒါန်းခြင်းနှင့် တေးဂီတဖျော်ဖြေပွဲတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာလူငယ်များနေ့  အထိမ်းအမှတ်အဖြစ် လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းနှင့် တေးဂီတဖျော်ဖြေပွဲတို့ တွင် ပါဝင်လိုသူများ အနေဖြင့် ဒေါက်တာစိုင်းဆုမ်ဝုန်း ဖုန်း- ၀၉၅၂၅၂၃၅၂၊ ဒေါက်တာဂျိုးဇော် ဖုန်း-၀၉၄၅၈၀၃၁၃၅၃ နှင့် ကိုထင်စည်ဆန်းနိုင် ဖုန်း-၀၉၄၅၈၀၃၀၁၁၅ တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
"လာမယ့် စနေနေ့မှာ ကျရောက်မယ့် လူငယ်များနေ့ အထိမ်းအမှတ်အနေနဲ့ အဲဒီနေ့ မနက်ပိုင်းမှာ လူငယ်တွေ စုပေါင်းပြီးတော့ ကျိုင်းတုံသွေးလှူဘဏ်မှာ သွေးသွားလှူဖို့ စီစဉ်ထားတယ်။ ညပိုင်းမှာ ကျတော့ မြို့ထဲက လူစည်ကားတဲ့နေရာ တစ်နေရာမှာ လူငယ်တွေစုပြီး တေးဂီတဖျော်ဖြေပွဲလေးလုပ်ဖို့ စီစဉ်ထားပါတယ်"ဟု ကျိုင်းတုံလူငယ်စင်တာမှ အတွင်းရေးမှူး ကိုထင်စည်ဆန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူငယ်များ စုပေါင်းသွေးလှူဒါန်းမည့်အစီအစဉ်တွင် ကျိုင်းတုံမြို့ရှိ တက္ကသိုလ်များနှင့် လူမှုရေးအသင်းအဖွဲ့ များမှ သွေးလှူဒါန်းလိုသူများကို ဖိတ်ခေါ်ထားကာ အဆိုပါနေ့ နံနက်(၉)နာရီတွင် သွားရောက် လှူဒါန်းမည်ဖြစ်ပြီး ဝါသနာရှင်လူငယ်များစုပေါင်း ကျင်းပမည့် တေးဂီတဖျော်ဖြေပွဲမှာ ညနေ(၇)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တေးဂီတဖျော်ဖြေပွဲကျင်းပမည့်နေရာကို ခရိုင်အုပ်ချုပ်ရေးဌာနသို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။
"နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်အနေနဲ့လုပ်တဲ့ အစီအစဉ်တွေထဲမှာ တေးဂီတဖျော်ဖြေပွဲကို ထည့်သွင်းထားရတဲ့ ရည်ရွယ်ချက်က လူငယ်တွေ လူငယ်စင်တာမှာ မဟုတ်ဘဲနဲ့ အပြင်မှာ စုစည်းလို့ ရအောင် ရည်ရွယ်ပါတယ်။ ပြီးရင် ဒီအစီအစဉ်လေးက ဖြစ်နိုင်ရင် အပတ်တိုင်း လုပ်ပြီးတော့ မြို့အတွက် စိတ်အပန်းဖြေစရာ နေရာလေးတစ်ခု ဖန်တီးနိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မှာက စက်တွေ ကိုယ်ပိုင်မရှိတဲ့အတွက် အပတ်တိုင်းလုပ်ဖို့ကျတော့ အခက်အခဲ နည်းနည်းရှိနေပါတယ်။ ဒါကြောင့် ကိုယ်ပိုင်စက် မရှိခင် အချိန်အပိုင်းအခြားလေးမှာတော့ နှစ်ပတ်တစ်ခါလောက် ဒီအစီအစဉ်လေးကို လုပ်သွားမှာပါ"ဟု၎င်းကဆိုသည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲတွင် ဒေသတွင်းရှိ အဆိုဝါသနာရှင် မည်သူမဆို လာရောက်သီဆိုနိုင်ပြီး ဖျော်ဖြေပွဲမတိုင်မီ ကျိုင်းတုံလူငယ်စင်တာတွင် နေ့စဉ် ညနေ(၃)နာရီမှ (၆)နာရီအတွင်း တီးဝိုင်းဖြင့် အသံစစ်နိုင်ကြောင်း သိရသည်။
နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းနှင့် တေးဂီတဖျော်ဖြေပွဲတို့တွင် ပါဝင်လိုသူများ အနဖြေင့် ဒေါက်တာစို်င်းဆုမ်ဝုန်း ဖုန်း- ဝ၉၅၂၅၂၃၅၂၊ ဒေါက်တာဂျိုးဇော် ဖုန်း-ဝ၉၄၅၈၀၃၁၃၅၃ နှင့် ကိုထင်စည်ဆန်းနိုင် ဖုန်း-ဝ၉၄၅၈၀၃၀၁၁၅ တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
