တာချီလိတ်တွင် မိုးရွာသွန်း၍ ရုတ်တရက် နမ့်ယွန်းချောင်းရေတက်ကာ မြို့တွင်း ရေလျှံ၊ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားမှုများကြောင့် တာဝန်ရှိသူနှင့် မီးသတ်တပ်ဖွဲ့များ လှည့်လည်ကာ အန္တရာယ်ကင်းရေး ဆောင်ရွက်နေ

တာချီလိတ်တွင် မိုးရွာသွန်း၍ ရုတ်တရက် နမ့်ယွန်းချောင်းရေတက်ကာ မြို့တွင်း ရေလျှံ၊ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားမှုများကြောင့် တာဝန်ရှိသူနှင့် မီးသတ်တပ်ဖွဲ့များ လှည့်လည်ကာ အန္တရာယ်ကင်းရေး ဆောင်ရွက်နေ
သွဂုတျ 16, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် သြဂုတ်လ(၁၆)ရက်နေ့အကူး (၀၀း၁၀)နာရီမှစ၍ နမ့်ယွန်းချောင်းရေလျှံသဖြင့် မြို့တွင်း ရေကြီးရေလျှံမှုဖြစ်ပွားပြီး နံနက်(၁)နာရီဝန်းကျင်တွင် ပုန်းထွန်ရပ်ကွက် (၂)လမ်းအနီးရှိ ဓာတ်တိုင်မှ မီတာမှာ ရုတ်တရက် မီးလောင်မှု ဖြစ်သဖြင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် မြို့မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းနှင့် တာဝန်ရှိသူများ သွားရောက် ဆောင်ရွက်ပေးကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်းရေ တက်လာသဖြင့် မြို့တွင်း အချို့နေရာများတွင် နာရီဝက်ခန့် ရေတက်လာပြီး ပြန်ကျသွားသော်လည်း မြို့တွင်း ရေကြီးရေလျှံမှုအခြေအနေအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒာလင်း နှင့် တပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့မှ ကြည့်ရှုစစ်ဆေးနေပြီး ချစ်ကြည်ရေးတံတား(၁)တွင်လည်း ရေကင်းစောင့်သည့်အဖွဲ့ဖြင့် စောင့်ကြည့် နေခြင်းဖြင့် လည်းကောင်း၊ နမ့်ယွန်းချောင်းတွင် မြို့နယ်အရပ်မီးသတ်တပ်ဖွဲ့ဝင်များက အမှိုက်များ ဆယ်ယူခြင်းဖြင့် လည်းကောင်း ဆောင်ရွက်နေကြကြောင်း သိရသည်။


 ဓာတ်ပုံ - ဇောင်းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် သြဂုတ်လ(၁၆)ရက်နေ့အကူး (ဝဝး၁၀)နာရီမှစ၍ နမ့်ယွန်းချောင်းရေလျှံသဖြင့် မြို့တွင်း ရကြေီးရေလျှံမှုဖြစ်ပွားပြီး နံနက်(၁)နာရီဝန်းကျင်တွင် ပုန်းထွန်ရပ်ကွက် (၂)လမ်းအနီးရှိ ဓာတ်တိုင်မှ မီတာမှာ ရုတ်တရက် မီးလောင်မှု ဖြစ်သဖြင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် မြို့မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းနှင့် တာဝန်ရှိသူများ သွားရောက် ဆောင်ရွက်ပေးကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်းရေ တက်လာသဖြင့် မြို့တွင်း အချို့နေရာများတွင် နာရီဝက်ခန့် ရေတက်လာပြီး ပြန်ကျသွားသော်လည်း မြို့တွင်း ရကြေီးရေလျှံမှုအခြေအနေအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် တပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့မှ ကြည့်ရှုစစ်ဆေးနပြေီး ချစ်ကြည်ရေးတံတား(၁)တွင်လည်း ရေကင်းစောင့်သည့်အဖွဲ့ဖြင့် စောင့်ကြည့် နခြေင်းဖြင့် လည်းကောင်း၊ နမ့်ယွန်းချောင်းတွင် မြို့နယ်အရပ်မီးသတ်တပ်ဖွဲ့ဝင်များက အမှိုက်များ ဆယ်ယူခြင်းဖြင့် လည်းကောင်း ဆောင်ရွက်နကြေကြောင်း သိရသည်။

တာချီလိတ်တွင် သြဂုတ်လ (၁၅)ရက်နေ့ညနေမှစ၍ မိုးရွာသွန်းခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ် မြန်မာ့ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းမှာ ည (၉)နာရီ (၁၀)မိနစ်မှစ၍ ပြတ်တောက် သွားခဲ့သည်။

 ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~