“ႏွစ္စဥ္ မိုးရာသီေရာက္တဲ့ အခါတိုင္း အမႈိက္သိမ္းၿပီး စြန္႔ပစ္ေနရာမွာ သြားပစ္ရင္းနဲ႔ ကားဘီးေတြ ဗြက္နစ္လို႔ အမိႈက္ပင္လယ္ထဲမွာ ကားကို ညအိပ္ေစာင့္ရတာကေတာ့ ရိုးေနပါၿပီ”
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနတြင္ အမိႈက္သိမ္းကားေမာင္းသည့္ လုပ္သက္ (၃၄)ႏွစ္ရိွၿပီျဖစ္သူ ဦးသန္းညႊန္႔က ဆိုသည္။
“၁၉၈၃ ခုႏွစ္ေလာက္ကတည္းက အမႈိက္သိမ္းလုပ္သား အလုပ္ကို လုပ္လာတာ။ အဲဒီတုန္းက လစာအေနနဲ႔ဆို တစ္လကို (၈၃)က်ပ္ရတယ္။ ဆန္တစ္ပိုင္း၊ ေရနံဆီ၊ သၾကား စတာေတြ အေထာက္ အပံ့ရတယ္။ သမဝါယမ ကေနလည္းရတယ္ဆိုေတာ့ မိသားစုအတြက္ အဆင္ေျပတယ္။ ဒါေၾကာင့္ ဒီအလုပ္ကို စၿပီးလုပ္ျဖစ္ခဲ့တာ” ဟု ဝါၾကန္႔ၾကန္႔ စြပ္က်ယ္အကၤ်ီဝတ္ထားသည့္ အသက္ (၅၃)ႏွစ္အရြယ္ ဦးသန္းညြန္႔က သူထိုင္ေနတဲ့ ထန္းလက္ ကုလားထိုင္ လက္ရမ္းကို ပြတ္သပ္ရင္း ေျပာေနသည္။
အသက္ (၁၉)ႏွစ္အရြယ္ကတည္းက စည္ပင္အမိႈက္သိမ္းကားေမာင္းလာသည့္ သူ၏ ေန႔စဥ္လုပ္ငန္းခြင္မွာ နံနက္ (၄)နာရီခြဲတြင္ စတင္ရၿပီး နံနက္စာကို အမႈိက္သိမ္းရင္း လမ္းေဘးဆုိင္မ်ားတြင္ စားရေလ့ရိွသည္ဟု ဆိုသည္။
“အလုပ္ လုပ္စတုန္းကေတာ့ အမႈိက္နံ႔ နံေနတာဆိုေတာ့ စားရေသာက္ရ အဆင္မေျပဘူး။ ႏွစ္ခ်ီၿပီး ၾကာလာေတာ့လည္း အနံ႔ယဥ္သြားတာနဲ႔ မခံစားရေတာ့ပါဘူး။ မနက္စာကေတာ့ အမိႈက္ကားသြားတဲ့ လမ္းေၾကာင္းက လမ္းေဘးေခါက္ဆြဲဆိုင္တစ္ခုခုမွာ စားျဖစ္တယ္။ မနက္(၄)နာရီ အိပ္ယာထရတယ္။ (၄)နာရီခြဲဆိုရင္ ရံုးမွာတန္းစီ၊ လူစု၊ ကားေတြဘာေတြစစ္ေဆးေပါ့။ (၅)နာရီေလာက္ဆိုရင္ေတာ့ အမႈိက္ကန္ေတြရွိတဲ့ဆီကို သြားၿပီး လုပ္ငန္းစရေတာ့တာပဲ” ဟု ဦးသန္းညြန္႔က ဆိုသည္။
ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၏ အမိႈက္သိမ္းခ်ိန္မွာ နံနက္(၅)နာရီမွ ေန႔လယ္(၁၂)နာရီအထိ ျဖစ္ၿပီး အမိႈက္သိမ္းအဖြဲ႕ႏွင့္အတူ ရပ္ကြက္အလိုက္ အမိႈက္ကန္မ်ားမွ အမိႈက္မ်ား၊ ပင္လံုလမ္းမႀကီး တစ္ေလွ်ာက္ တံျမက္လွည္းအဖြဲ႕မ်ားမွ သိမ္းထားသည့္အမိႈက္မ်ားအား လုိက္လံ သိမ္းဆည္း ရျခင္းျဖစ္ေၾကာင္း သိရသည္။
"ေန႔လယ္စာကေတာ့ အိမ္ျပန္ေရာက္တဲ့အခ်ိန္မွ ခ်က္စားရတာေပါ့။ အမႈိက္ကန္ တခ်ိဳ႕ကို မဖ်က္ခင္ တုန္းက ေန႔လယ္အိမ္ျပန္ေရာက္ခ်ိန္ဟာ (၁၂)နာရီ အေစာဆံုးပဲ။ အခုေတာ့ (၁၁)နာရီသာသာေလာက္ဆို အိမ္ျပန္ေရာက္ၿပီ။ အဲဒီအခ်ိန္ကေန ညေန(၃)နာရီအထိ အိမ္မွာေနလို႔ရတယ္။ (၃)နာရီထိုးရင္ေတာ့ စည္ပင္ရံုးကို ျပန္သြား။ အဲဒီမွာ ကားနဲ႔သယ္ေပးစရာရွိရင္သယ္။ မရွိရင္လည္း ခိုင္းတာလုပ္ေပါ့။ ဘာမွ လုပ္စရာ မရွိရင္ေတာ့ ကားကိုစစ္ေဆးၿပီး သိမ္းခဲ့ေပးၿပီးရင္ တစ္ေန႔တာလုပ္ငန္းက ၿပီးၿပီ”ဟု ဦးသန္းညႊန္႔က ေျပာပါတယ္။
စည္ပင္သာယာဌာန၏ အမႈိက္သိမ္းကားေမာင္းသူမ်ားတြင္ လုပ္သက္အရင့္ဆံုး ဦးသန္းညႊန္႔သည္ ကားေမာင္းရသည့္ တာဝန္ျဖစ္ေသာ္လည္း အမိႈက္သိမ္းအဖြဲ႕ဝင္ေလးဦးႏွင့္အတူ အမႈိက္သိမ္းဆည္းျခင္းကို အတူလုပ္ေဆာင္ေလ့ရိွေၾကာင္း သူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားက ဆိုသည္။
စနစ္တက် အမိႈက္ပစ္ေလ့မရိွသူမ်ားႏွင့္ အမိႈက္ကန္တြင္ စြန္႔ပစ္ပစၥည္းေကာက္ယူသူတို႔ေၾကာင့္ အမိႈက္သိမ္ းသူမ်ားမွာ အခက္အခဲျဖစ္ရေၾကာင္းကို “တခ်ိဳ႕က အမႈိက္အိတ္ကိုေသခ်ာခ်ည္တုပ္ၿပီး အမႈိက္ကန္မွာ ပစ္တယ္။ တခ်ိဳ႕ကေတာ့ ျဖစ္သလိုပဲပစ္သြားၾကတာပါပဲ။ ဘယ္လိုပဲပစ္သြားသြား အမိႈက္ကန္ကိုလာၿပီး ဘူးခြံ၊ ပုလင္းခြံ ၊ သံတို၊ သံစ ေကာက္တဲ့သူေတြက ေန႔တိုင္း ဝင္ေမႊေနတာဆိုေတာ့ ျပန္႔က်ဲေနတာေတြကိုပဲ ေန႔တိုင္းက်ံဳးရတယ္။ မိုးရြာတဲ့ေန႔ေတြဆိုရင္ေတာ့ အမႈိက္သိမ္းရတာ အေတာ္ကို ခက္ခဲတယ္။ အမိႈက္ေတြကို ေတာင္းထဲထည့္ၿပီး ကားေပၚျပန္တင္ရတာျဖစ္တဲ့အတြက္ မိုးရြာထားတဲ့ ေန႔ေတြမွာ အမႈိက္ေတြထည့္ထားတဲ့ ေတာင္းကေန စီးက်လာတဲ့ေရေတြက သာမန္အခ်ိန္ေတြထက္ အနံ႔အသက္ဆိုးရြားတယ္”ဟူ၍ ဦးသန္းညြန္႔က ရွင္းျပသည္။
ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက အမႈိက္သိမ္းလုပ္သားမ်ားအား ရာဘာလက္အိတ္မ်ား ေပးထားေသာ္လည္း အမွန္တကယ္ အမိႈက္သိမ္းရာတြင္ ထိခိုက္မႈမ်ားလည္း ရိွတတ္ေၾကာင္းသိရသည္။
“အမိႈက္ေတြကိုသိမ္းဆည္းရင္း ပုလင္းကြဲ၊ ဖန္ကြဲေတြရွတာမ်ိဳး၊ သံတိုသံစေတြ စူးတာမ်ိဳးလည္း ႀကံဳရတတ္တယ္ ဆိုေပမယ့ ္ က်န္းမာေရးထိခိုက္တဲ့အထိ ဆိုးရြားတာမ်ိဳးေတာ့မရွိခဲ့ဘူး။
အမိႈက္သိမ္းရင္း အမွတ္တရ ႀကံဳခဲ့ဖူးတာကေတာ့ (အခ်ိန္ကာလေတာ့ အတိအက်မေျပာေတာ့ပါဘူး) စာသင္ေက်ာင္းတစ္ခုနားက အမႈိက္ပံုထဲမွာ လက္ပစ္ဗံုး(၄)လံုးေတြ႔တာဗ်ာ။ ဟိုလို နာနတ္သီးလို အကြက္ေလးေတြ မဟုတ္ဘူး။ ေျပာင္ေခ်ာေခ်ာေလးေတြ။ ကိုယ္ေတြအမႈိက္သိမ္းသမားေတြလည္း လန္႔တာေပါ့။ ဒါနဲ႔ သက္ဆိုင္ရာကို အေၾကာင္းၾကားၿပီး အပ္ႏွံလိုက္ရတယ္။ အဲဒီတုန္းက ရဲေတြကေတာ့ ကြ်န္ေတာ့္နာမည္၊ အသက္ေတြ၊ ေနရပ္လိပ္စာေတြေတာ့ ေတာင္းသြားၾကတာပဲ။ ဘာမွေတာ့ ထပ္မျဖစ္လာေတာ့ပါဘူး”ဟု သူကဆိုသည္။
၂၀၀၄ ႏွင့္၂၀၀၅ခုႏွစ္မ်ားက ေက်ာက္မဲၿမိဳ႕တြင္ အမိႈက္သိမ္း ေခါင္းေလာင္းတီးစနစ္က်င့္သံုးခဲ့စဥ္က အမိႈက္သိမ္းရန္ လူအသံုးျပဳရ မႈနည္းၿပီး သပ္ရပ္ေသာ္လည္း ေနာက္ပိုင္းတြင္ အမိႈက္ကန္စနစ္ က်င့္သံုးခ်ိန္တြင္ အမိႈက္သိမ္းသူမ်ားအတြက္ အခက္အခဲျဖစ္လာရေၾကာင္း သိရသည္။
“ေခါင္းေလာင္းတီးစနစ္က်ေတာ့ လူအသံုးျပဳရတာနည္းသြားတယ္ေလ။ ကားေမာင္းတဲ့သူရယ္ ေနာက္ တစ္ေယာက္ရယ္ပဲပါရင္ရၿပီ။ လမ္းေတြမွာ ေခါင္းေလာင္းတီးၿပီး ကားကိုတစ္ေနရာနဲ႔ တစ္ေနရာ ေရႊ႕ရပ္ေပးတယ္။ အမႈိက္ပစ္တဲ့သူက ကားေပၚလာတင္တယ္။ အိမ္ေရွ႕မွာ အမိႈက္အိတ္ခ်ထားတာမ်ိဳးရွိရင္ ကားဒရိုင္ဘာနဲ႔အတူ ပါလာသူက ေကာက္တင္လိုက္ရံုပဲဆိုေတာ့ အဲဒီစနစ္က ပိုသပ္ရပ္တယ္။ ေနာက္ပိုင္းေတာ့ ဘယ္လိုလုပ္ၿပီး အမႈိက္ကန္ေတြသံုးတဲ့စနစ္ျဖစ္သြားတယ္မသိဘူး”ဟု သူက ဆိုသည္။
သူ၏လုပ္ငန္းခြင္တြင္ လူသစ္ဝင္ေရာက္မႈနည္းလာေနၿပီး လူေဟာင္းမ်ားလည္း ပင္စင္ယူသူရိွလာရာ လက္ရိွတြင္ ေက်ာက္မဲၿမိဳ႕ အမႈိက္သိမ္းအဖြဲ႕တြင္ (၂၅) ဦးဝန္းက်င္သာရိွေတာ့ေၾကာင္း သိရသည္။
“ဒီအလုပ္က ေတာ္ရံုအျပင္လူေတြေတာ့ ဘယ္လာလုပ္ခ်င္ပါ့မလဲ။ ကြ်န္ေတာ္တို႔ စလုပ္လုပ္ခ်င္း ၁၉၈၃- ခုႏွစ္ ေလာက္ကေတာ့ ကားေပၚေနရာရဖို႔အေရး ႀကိဳးစားၾကတယ္။ အဲဒီတုန္းက ကားေမာင္းသူေတြက ပိုၿပီး သက္သာတယ္။ အခုေတာ့ အမႈိက္သိမ္းတာထက္ လမ္းေၾကာင္းမွာ သန္႔ရွင္းေရးလုပ္တာက နည္းနည္း သက္သာတယ္ဆိုေတာ့ ကားေမာင္းခ်င္တဲ့သူလည္းရွားသြားၿပီ။ ကားနဲ႔သိမ္းတဲ့အဖြဲ႔က ပိုပင္ပန္းတယ္ေလ။ ၿပီးေတာ့ အမႈိက္ကန္ေတြမွာ အမႈိက္သိမ္းတဲ့အခါ အမ်ိဳးသမီးလစဥ္သံုးပစၥည္းေတြကအစ ေခြးေသေကာင္ပုပ္ ေတြ၊ ရိရြဲေနတဲ့ အပုပ္အသိုးပစၥည္းေတြကို က်ံဳးရတာျဖစ္တဲ့အတြက္ ဘယ္သူက လုပ္ခ်င္မွာလဲ။ ဒါေပမယ့္ ကြ်န္ေတာ္ကေတာ့ ကြ်န္ေတာ္ေရြးခ်ယ္ထားတဲ့အလုပ္ကို ေစတနာပါ ပါနဲ႔လုပ္တယ္။ တာဝန္ေက်ေအာင္လည္း လုပ္တယ္။ ဒီအလုပ္ကိုလုပ္ေနသမ်ွေတာ့ တာဝန္ေက်ေအာင္ လုပ္ဖို႔ပဲ စိတ္ကူးပါတယ္” ဟု ဦးသန္းညြန္႔က ဆိုသည္။
အမႈိက္သိမ္းလုပ္သားမ်ားမွာ ရံုးပိတ္ရက္၊ နားရက္မရိွဘဲ စေန၊တနဂၤေႏြအပါအဝင္ အခါႀကီး ရက္ႀကီးမ်ားတြင္ပါ အလုပ္ဆင္းရေလ့ရိွသည့္အျပင္ အမိႈက္သိမ္းယာဥ္ေမာင္းသူအတြက္ အမိႈက္သိမ္းယာဥ္ တစ္စံု တစ္ခုျဖစ္ပါက ညအိပ္ေစာင့္ရသည့္ေန႔မ်ားပါ ႀကံဳရဖူးေၾကာင္း သိရသည္။
“ကားကဗြက္နစ္တယ္ေလ။ ရုန္းလည္းမရ ။တျခားကားနဲ႔ဆြဲလည္းမရ ျဖစ္ေနရင္ တစ္ၿမိဳ႕လံုးက အမႈိက္ေတြ စြန္႔ပစ္တဲ့ အမိႈက္ပံုၾကားထဲမွာပဲ အိပ္ရတာေပ့ါ။ ကားကိုပစ္ထားခဲ့လို႔လည္း မရဘူးေလ။ အဲဒါ အမ်ားဆံုး ေတာ့ (၃)ည ေလာက္ အိပ္ဖူးတယ္။ ညစာေတြဘာေတြလည္း ကားေပၚမွာပဲ စားရတာေပါ့ဗ်ာ”ဟု သူ႔အေတြ႔အႀကံဳကို ျပန္ေျပာျပသည္။
ဇနီးျဖစ္သူႏွင့္ သမီး(၂)ေယာက္ရွိသည့္ ဦးသန္းညြန္႔သည္ လုပ္ငန္းေဆာင္ရြက္ရသည့္ အခက္အခဲမ်ား အျပင္ လူမႈဝန္းက်င္မွ ခြဲျခားဆက္ဆံမႈတုိ႔ ႀကံဳရေသာ္လည္း လုပ္ငန္းကို တာဝန္ေက်ေအာင္ လုပ္ေဆာင္ရသည္ကို ဂုဏ္ယူသည္ဟု ဆိုသည္။
“ကိုယ္လုပ္တဲ့အလုပ္က အမႈိက္သိမ္းကား ေမာင္းတာဆိုေတာ့ လူေတြႏွိမ္ခံရတာရွိတယ္။ မတူမတန္သလို ဆက္ဆံတာ ခံရတာလည္းရွိတယ္။ ၿပီးေတာ့ အမႈိက္သိမ္းေနစဥ္မွာေတာင္ အဖက္မတန္သလို အျပဳအမူေတြ လုပ္ျပသူေတြလည္းရွိတယ္။ ဒါေပမယ့္ ကြ်န္ေတာ္ေရြးခ်ယ္ခဲ့တဲ့အလုပ္ကို ကြ်န္ေတာ္က အၿမဲတမ္း တာဝန္ေက်ေအာင္ ေစတနာထားၿပီးလုပ္ပါတယ္။ ညပိုင္းကေတာ့ ည(၉)နာရီ ဝန္းက်င္ဆိုရင္ အိပ္ယာဝင္ရတယ္၊ ဒါမွလည္း မနက္(၄)နာရီ အိပ္ယာထဖို႔ရာ အဆင္ေျပတာေလ။ အသက္ကလည္း(၅၃)ႏွစ္ထဲ ေရာက္လာၿပီဆိုေတာ့ ဘုရားဝတ္တက္တာကိုေတာ့ ေန႔စဥ္ မနက္တိုင္း အိမ္ကဘုရားစင္ေရွ႕မွာပဲ ဝတ္တက္ရတယ္။ ဒီအလုပ္ကို လုပ္ေနတယ္ဆိုေပမယ့္လည္း ကြ်န္ေတာ္ဂုဏ္ယူပါတယ္္”ဟု အလုပ္အေပၚ ခံယူခ်က္ကို ဦးသန္းညြန္႔က ေျပာျပသည္။
စည္ပင္အမိႈက္သိမ္းဝန္ထမ္းမ်ားအား လစာအျပင္ အျခားေထာက္ပံ့မႈအျဖစ္ ဝန္ထမ္းတစ္ဦးလွ်င္ ၾကက္ဥ (၁၀)လံုးႏွင့္ ဆီတစ္ဘူးစီကို ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ေပးေလ့ရိွေၾကာင္း သူကဆုိသည္။
လက္ရိွတြင္ ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက အမိႈက္သိမ္းလုပ္ငန္းအား ၂၀၁၇ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ပုဂၢလိက ကုမၸဏီတစ္ခုအား တာဝန္ေပးရန္ ညိႇႏိႈင္းျပင္ဆင္မႈမ်ား လုပ္ေနေသာ္လည္း ၿမိဳ႕တြင္းေခ်ာင္း၊ေျမာင္းမ်ားတြင္ စည္းကမ္းမဲ့ စြန္႔ပစ္အမိႈက္မ်ား ရွင္းလင္းရန္မွာ စည္ပင္သာယာဌာန အေနျဖင့္ ၎တို႔ကဲ့သို႔ အမိႈက္သိမ္းလုပ္သားမ်ားအား ဆက္လက္အသံုးျပဳ ႏိုင္သည္ဟု သူ႔လုပ္ငန္းႏွင့္ ပတ္သက္၍ လက္ရိွအေျခအေနကို ရွင္းျပေနရင္း အလုပ္ႏွင့္ပတ္သက္သည့္ သူ႔ခံယူခ်က္ကိုလည္း ရွင္းျပသည္။
“အလုပ္ဆိုတာ ဘယ္အလုပ္ျဖစ္ျဖစ္ ရုိးသားမယ္၊ ႀကိဳးစားမယ္၊ တာဝန္ေက်ေအာင္လုပ္မယ္၊ ေစတနာထားၿပီးလုပ္မယ္ဆိုရင္ ဘယ္အလုပ္ျဖစ္ျဖစ္ အဆင္ေျပပါတယ္”
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနတွင် အမှိုက်သိမ်းကားမောင်းသည့် လုပ်သက် (၃၄)နှစ်ရှိပြီဖြစ်သူ ဦးသန်းညွှန့်က ဆိုသည်။
“၁၉၈၃ ခုနှစ်လောက်ကတည်းက အမှိုက်သိမ်းလုပ်သား အလုပ်ကို လုပ်လာတာ။ အဲဒီတုန်းက လစာအနေနဲ့ဆို တစ်လကို (၈၃)ကျပ်ရတယ်။ ဆန်တစ်ပိုင်း၊ ရေနံဆီ၊ သကြား စတာတွေ အထောက် အပံ့ရတယ်။ သမဝါယမ ကနေလည်းရတယ်ဆိုတော့ မိသားစုအတွက် အဆင်ပြေတယ်။ ဒါကြောင့် ဒီအလုပ်ကို စပြီးလုပ်ဖြစ်ခဲ့တာ” ဟု ဝါကြန့်ကြန့် စွပ်ကျယ်အင်္ကျီဝတ်ထားသည့် အသက် (၅၃)နှစ်အရွယ် ဦးသန်းညွန့်က သူထိုင်နေတဲ့ ထန်းလက် ကုလားထိုင် လက်ရမ်းကို ပွတ်သပ်ရင်း ပြောနေသည်။
အသက် (၁၉)နှစ်အရွယ်ကတည်းက စည်ပင်အမှိုက်သိမ်းကားမောင်းလာသည့် သူ၏ နေ့စဉ်လုပ်ငန်းခွင်မှာ နံနက် (၄)နာရီခွဲတွင် စတင်ရပြီး နံနက်စာကို အမှိုက်သိမ်းရင်း လမ်းဘေးဆိုင်များတွင် စားရလေ့ရှိသည်ဟု ဆိုသည်။
“အလုပ် လုပ်စတုန်းကတော့ အမှိုက်နံ့ နံနေတာဆိုတော့ စားရသောက်ရ အဆင်မပြေဘူး။ နှစ်ချီပြီး ကြာလာတော့လည်း အနံ့ယဉ်သွားတာနဲ့ မခံစားရတော့ပါဘူး။ မနက်စာကတော့ အမှိုက်ကားသွားတဲ့ လမ်းကြောင်းက လမ်းဘေးခေါက်ဆွဲဆိုင်တစ်ခုခုမှာ စားဖြစ်တယ်။ မနက်(၄)နာရီ အိပ်ယာထရတယ်။ (၄)နာရီခွဲဆိုရင် ရုံးမှာတန်းစီ၊ လူစု၊ ကားတွေဘာတွေစစ်ဆေးပေါ့။ (၅)နာရီလောက်ဆိုရင်တော့ အမှိုက်ကန်တွေရှိတဲ့ဆီကို သွားပြီး လုပ်ငန်းစရတော့တာပဲ” ဟု ဦးသန်းညွန့်က ဆိုသည်။
ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဌာန၏ အမှိုက်သိမ်းချိန်မှာ နံနက်(၅)နာရီမှ နေ့လယ်(၁၂)နာရီအထိ ဖြစ်ပြီး အမှိုက်သိမ်းအဖွဲ့နှင့်အတူ ရပ်ကွက်အလိုက် အမှိုက်ကန်များမှ အမှိုက်များ၊ ပင်လုံလမ်းမကြီး တစ်လျှောက် တံမြက်လှည်းအဖွဲ့များမှ သိမ်းထားသည့်အမှိုက်များအား လိုက်လံ သိမ်းဆည်း ရခြင်းဖြစ်ကြောင်း သိရသည်။
"နေ့လယ်စာကတော့ အိမ်ပြန်ရောက်တဲ့အချိန်မှ ချက်စားရတာပေါ့။ အမှိုက်ကန် တချို့ကို မဖျက်ခင် တုန်းက နေ့လယ်အိမ်ပြန်ရောက်ချိန်ဟာ (၁၂)နာရီ အစောဆုံးပဲ။ အခုတော့ (၁၁)နာရီသာသာလောက်ဆို အိမ်ပြန်ရောက်ပြီ။ အဲဒီအချိန်ကနေ ညနေ(၃)နာရီအထိ အိမ်မှာနေလို့ရတယ်။ (၃)နာရီထိုးရင်တော့ စည်ပင်ရုံးကို ပြန်သွား။ အဲဒီမှာ ကားနဲ့သယ်ပေးစရာရှိရင်သယ်။ မရှိရင်လည်း ခိုင်းတာလုပ်ပေါ့။ ဘာမှ လုပ်စရာ မရှိရင်တော့ ကားကိုစစ်ဆေးပြီး သိမ်းခဲ့ပေးပြီးရင် တစ်နေ့တာလုပ်ငန်းက ပြီးပြီ”ဟု ဦးသန်းညွှန့်က ပြောပါတယ်။
စည်ပင်သာယာဌာန၏ အမှိုက်သိမ်းကားမောင်းသူများတွင် လုပ်သက်အရင့်ဆုံး ဦးသန်းညွှန့်သည် ကားမောင်းရသည့် တာဝန်ဖြစ်သော်လည်း အမှိုက်သိမ်းအဖွဲ့ဝင်လေးဦးနှင့်အတူ အမှိုက်သိမ်းဆည်းခြင်းကို အတူလုပ်ဆောင်လေ့ရှိကြောင်း သူ၏လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။
စနစ်တကျ အမှိုက်ပစ်လေ့မရှိသူများနှင့် အမှိုက်ကန်တွင် စွန့်ပစ်ပစ္စည်းကောက်ယူသူတို့ကြောင့် အမှိုက်သိမ်းသူများမှာ အခက်အခဲဖြစ်ရကြောင်းကို “တချို့က အမှိုက်အိတ်ကိုသေချာချည်တုပ်ပြီး အမှိုက်ကန်မှာ ပစ်တယ်။ တချို့ကတော့ ဖြစ်သလိုပဲပစ်သွားကြတာပါပဲ။ ဘယ်လိုပဲပစ်သွားသွား အမှိုက်ကန်ကိုလာပြီး ဘူးခွံ၊ ပုလင်းခွံ၊ သံတို၊ သံစ ကောက်တဲ့သူတွေက နေ့တိုင်း ဝင်မွှေနေတာဆိုတော့ ပြန့်ကျဲနေတာတွေကိုပဲ နေ့တိုင်းကျုံးရတယ်။ မိုးရွာတဲ့နေ့တွေဆိုရင်တော့ အမှိုက်သိမ်းရတာ အတော်ကို ခက်ခဲတယ်။ အမှိုက်တွေကို တောင်းထဲထည့်ပြီး ကားပေါ်ပြန်တင်ရတာဖြစ်တဲ့အတွက် မိုးရွာထားတဲ့ နေ့တွေမှာ အမှိုက်တွေထည့်ထားတဲ့ တောင်းကနေ စီးကျလာတဲ့ရေတွေက သာမန်အချိန်တွေထက် အနံ့အသက်ဆိုးရွားတယ်”ဟူ၍ ဦးသန်းညွန့်က ရှင်းပြသည်။
မြို့နယ်စည်ပင်သာယာရေးဌာနက အမှိုက်သိမ်းလုပ်သားများအား ရာဘာလက်အိတ်များ ပေးထားသော်လည်း အမှန်တကယ် အမှိုက်သိမ်းရာတွင် ထိခိုက်မှုများလည်း ရှိတတ်ကြောင်းသိရသည်။
“အမှိုက်တွေကိုသိမ်းဆည်းရင်း ပုလင်းကွဲ၊ ဖန်ကွဲတွေရှတာမျိုး၊ သံတိုသံစတွေ စူးတာမျိုးလည်း ကြုံရတတ်တယ် ဆိုပေမယ့် ကျန်းမာရေးထိခိုက်တဲ့အထိ ဆိုးရွားတာမျိုးတော့မရှိခဲ့ဘူး။
အမှိုက်သိမ်းရင်း အမှတ်တရ ကြုံခဲ့ဖူးတာကတော့ (အချိန်ကာလတော့ အတိအကျမပြောတော့ပါဘူး) စာသင်ကျောင်းတစ်ခုနားက အမှိုက်ပုံထဲမှာ လက်ပစ်ဗုံး(၄)လုံးတွေ့တာဗျာ။ ဟိုလို နာနတ်သီးလို အကွက်လေးတွေ မဟုတ်ဘူး။ ပြောင်ချောချောလေးတွေ။ ကိုယ်တွေအမှိုက်သိမ်းသမားတွေလည်း လန့်တာပေါ့။ ဒါနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပြီး အပ်နှံလိုက်ရတယ်။ အဲဒီတုန်းက ရဲတွေကတော့ ကျွန်တော့်နာမည်၊ အသက်တွေ၊ နေရပ်လိပ်စာတွေတော့ တောင်းသွားကြတာပဲ။ ဘာမှတော့ ထပ်မဖြစ်လာတော့ပါဘူး”ဟု သူကဆိုသည်။
၂၀၀၄ နှင့်၂၀၀၅ခုနှစ်များက ကျောက်မဲမြို့တွင် အမှိုက်သိမ်း ခေါင်းလောင်းတီးစနစ်ကျင့်သုံးခဲ့စဉ်က အမှိုက်သိမ်းရန် လူအသုံးပြုရ မှုနည်းပြီး သပ်ရပ်သော်လည်း နောက်ပိုင်းတွင် အမှိုက်ကန်စနစ် ကျင့်သုံးချိန်တွင် အမှိုက်သိမ်းသူများအတွက် အခက်အခဲဖြစ်လာရကြောင်း သိရသည်။
“ခေါင်းလောင်းတီးစနစ်ကျတော့ လူအသုံးပြုရတာနည်းသွားတယ်လေ။ ကားမောင်းတဲ့သူရယ် နောက် တစ်ယောက်ရယ်ပဲပါရင်ရပြီ။ လမ်းတွေမှာ ခေါင်းလောင်းတီးပြီး ကားကိုတစ်နေရာနဲ့ တစ်နေရာ ရွှေ့ရပ်ပေးတယ်။ အမှိုက်ပစ်တဲ့သူက ကားပေါ်လာတင်တယ်။ အိမ်ရှေ့မှာ အမှိုက်အိတ်ချထားတာမျိုးရှိရင် ကားဒရိုင်ဘာနဲ့အတူ ပါလာသူက ကောက်တင်လိုက်ရုံပဲဆိုတော့ အဲဒီစနစ်က ပိုသပ်ရပ်တယ်။ နောက်ပိုင်းတော့ ဘယ်လိုလုပ်ပြီး အမှိုက်ကန်တွေသုံးတဲ့စနစ်ဖြစ်သွားတယ်မသိဘူး”ဟု သူက ဆိုသည်။
သူ၏လုပ်ငန်းခွင်တွင် လူသစ်ဝင်ရောက်မှုနည်းလာနပြေီး လူဟောင်းများလည်း ပင်စင်ယူသူရှိလာရာ လက်ရှိတွင် ကျောက်မဲမြို့ အမှိုက်သိမ်းအဖွဲ့တွင် (၂၅) ဦးဝန်းကျင်သာရှိတော့ကြောင်း သိရသည်။
“ဒီအလုပ်က တော်ရုံအပြင်လူတွေတော့ ဘယ်လာလုပ်ချင်ပါ့မလဲ။ ကျွန်တော်တို့ စလုပ်လုပ်ချင်း ၁၉၈၃- ခုနှစ် လောက်ကတော့ ကားပေါ်နေရာရဖို့အရေး ကြိုးစားကြတယ်။ အဲဒီတုန်းက ကားမောင်းသူတွေက ပိုပြီး သက်သာတယ်။ အခုတော့ အမှိုက်သိမ်းတာထက် လမ်းကြောင်းမှာ သန့်ရှင်းရေးလုပ်တာက နည်းနည်း သက်သာတယ်ဆိုတော့ ကားမောင်းချင်တဲ့သူလည်းရှားသွားပြီ။ ကားနဲ့သိမ်းတဲ့အဖွဲ့က ပိုပင်ပန်းတယ်လေ။ ပြီးတော့ အမှိုက်ကန်တွေမှာ အမှိုက်သိမ်းတဲ့အခါ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကအစ ခွေးသေကောင်ပုပ် တွေ၊ ရိရွဲနေတဲ့ အပုပ်အသိုးပစ္စည်းတွေကို ကျုံးရတာဖြစ်တဲ့အတွက် ဘယ်သူက လုပ်ချင်မှာလဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ရွေးချယ်ထားတဲ့အလုပ်ကို စေတနာပါ ပါနဲ့လုပ်တယ်။ တာဝန်ကျေအောင်လည်း လုပ်တယ်။ ဒီအလုပ်ကိုလုပ်နေသမျှတော့ တာဝန်ကျေအောင် လုပ်ဖို့ပဲ စိတ်ကူးပါတယ်” ဟု ဦးသန်းညွန့်က ဆိုသည်။
အမှိုက်သိမ်းလုပ်သားများမှာ ရုံးပိတ်ရက်၊ နားရက်မရှိဘဲ စနေ၊တနင်္ဂေနွအပါအဝင် အခါကြီး ရက်ကြီးများတွင်ပါ အလုပ်ဆင်းရလေ့ရှိသည့်အပြင် အမှိုက်သိမ်းယာဉ်မောင်းသူအတွက် အမှိုက်သိမ်းယာဉ် တစ်စုံ တစ်ခုဖြစ်ပါက ညအိပ်စောင့်ရသည့်နေ့များပါ ကြုံရဖူးကြောင်း သိရသည်။
“ကားကဗွက်နစ်တယ်လေ။ ရုန်းလည်းမရ။တခြားကားနဲ့ဆွဲလည်းမရ ဖြစ်နေရင် တစ်မြို့လုံးက အမှိုက်တွေ စွန့်ပစ်တဲ့ အမှိုက်ပုံကြားထဲမှာပဲ အိပ်ရတာပေါ့။ ကားကိုပစ်ထားခဲ့လို့လည်း မရဘူးလေ။ အဲဒါ အများဆုံး တော့ (၃)ည လောက် အိပ်ဖူးတယ်။ ညစာတွေဘာတွေလည်း ကားပေါ်မှာပဲ စားရတာပေါ့ဗျာ”ဟု သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
ဇနီးဖြစ်သူနှင့် သမီး(၂)ယောက်ရှိသည့် ဦးသန်းညွန့်သည် လုပ်ငန်းဆောင်ရွက်ရသည့် အခက်အခဲများ အပြင် လူမှုဝန်းကျင်မှ ခွဲခြားဆက်ဆံမှုတို့ ကြုံရသော်လည်း လုပ်ငန်းကို တာဝန်ကျေအောင် လုပ်ဆောင်ရသည်ကို ဂုဏ်ယူသည်ဟု ဆိုသည်။
“ကိုယ်လုပ်တဲ့အလုပ်က အမှိုက်သိမ်းကား မောင်းတာဆိုတော့ လူတွေနှိမ်ခံရတာရှိတယ်။ မတူမတန်သလို ဆက်ဆံတာ ခံရတာလည်းရှိတယ်။ ပြီးတော့ အမှိုက်သိမ်းနေစဉ်မှာတောင် အဖက်မတန်သလို အပြုအမူတွေ လုပ်ပြသူတွေလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်ရွေးချယ်ခဲ့တဲ့အလုပ်ကို ကျွန်တော်က အမြဲတမ်း တာဝန်ကျေအောင် စေတနာထားပြီးလုပ်ပါတယ်။ ညပိုင်းကတော့ ည(၉)နာရီ ဝန်းကျင်ဆိုရင် အိပ်ယာဝင်ရတယ်၊ ဒါမှလည်း မနက်(၄)နာရီ အိပ်ယာထဖို့ရာ အဆင်ပြေတာလေ။ အသက်ကလည်း(၅၃)နှစ်ထဲ ရောက်လာပြီဆိုတော့ ဘုရားဝတ်တက်တာကိုတော့ နေ့စဉ် မနက်တိုင်း အိမ်ကဘုရားစင်ရှေ့မှာပဲ ဝတ်တက်ရတယ်။ ဒီအလုပ်ကို လုပ်နေတယ်ဆိုပေမယ့်လည်း ကျွန်တော်ဂုဏ်ယူပါတယ်”ဟု အလုပ်အပေါ် ခံယူချက်ကို ဦးသန်းညွန့်က ပြောပြသည်။
စည်ပင်အမှိုက်သိမ်းဝန်ထမ်းများအား လစာအပြင် အခြားထောက်ပံ့မှုအဖြစ် ဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ (၁၀)လုံးနှင့် ဆီတစ်ဘူးစီကို မြို့နယ်စည်ပင်သာယာရေးဌာနက ပေးလေ့ရှိကြောင်း သူကဆိုသည်။
လက်ရှိတွင် ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနက အမှိုက်သိမ်းလုပ်ငန်းအား ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား တာဝန်ပေးရန် ညှိနှိုင်းပြင်ဆင်မှုများ လုပ်နေသော်လည်း မြို့တွင်းချောင်း၊မြောင်းများတွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ရှင်းလင်းရန်မှာ စည်ပင်သာယာဌာန အနဖြေင့်၎င်းတို့ကဲ့သို့ အမှိုက်သိမ်းလုပ်သားများအား ဆက်လက်အသုံးပြု နိုင်သည်ဟု သူ့လုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိအခြေအနေကို ရှင်းပြနေရင်း အလုပ်နှင့်ပတ်သက်သည့် သူ့ခံယူချက်ကိုလည်း ရှင်းပြသည်။
“အလုပ်ဆိုတာ ဘယ်အလုပ်ဖြစ်ဖြစ် ရိုးသားမယ်၊ ကြိုးစားမယ်၊ တာဝန်ကျေအောင်လုပ်မယ်၊ စေတနာထားပြီးလုပ်မယ်ဆိုရင် ဘယ်အလုပ်ဖြစ်ဖြစ် အဆင်ပြေပါတယ်”
ဆောင်းပါး - နဖြေိုးမြင့်