ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕လယ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေဘးေန ေနအိမ္ပိုင္ရွင္ တစ္ဦးအား ဆိုင္ကယ္ကို အိမ္ေရွ႕လမ္းဘက္တြင္ ေရေဆးသည့္ ကိစၥႏွင့္ ပတ္သက္၍ ၾသဂုတ္လ (၁၉)ရက္ေန႔က ၿမိဳ႕နယ္စည္ပင္သာယာေရးရံုးတြင္ ဒဏ္ေငြေပးေဆာင္ေစျခင္းျဖင့္ ပထမဆံုးအႀကိမ္ စတင္ အေရးယူလိုက္ေၾကာင္း သိရသည္။
“ေတာ္ေတာ္မ်ားမ်ား တခ်ဳိ႕သူေတြက ကားေရေဆးခံုမွာ မေဆးဘဲ ဗိုလ္ခ်ဳပ္လမ္းမ အိမ္ေရွ႕မွာ ထြက္ေဆးၾကတယ္။ ကားေတြ ဆိုင္ကယ္ေတြကို ေရေဆးေနလို႔ မလုပ္ဖို႔ သတိေပးထားရက္နဲ႔ ဆက္လုပ္ေနလို႔ ဒီေန႕ေတာ့ ရံုးမွာေခၚယူ ဒဏ္ရိုက္လိုက္ရပါတယ္။ အရင္တုန္းကေတာ့ မေဆးဖို႔ ေျပာပါတယ္။ အခုေနာက္ပိုင္း ဆိုရင္ေတာ့ ဒီလိုလုပ္တာေတြ ေတြ႔ရင္ ဘယ္သူမဆို ဒဏ္ရိုက္မွာပါ။ ကိုယ့္ေၾကာင့္ အမ်ားျပည္သူ တစ္စုံတစ္ရာ အေႏွာင့္အယွက္ျဖစ္တာကိုေတာ့ မလိုလားပါဘူး” ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးေအးကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေတာင္ႀကီးၿမိဳ႕တြင္ မိမိတို႔ ေနအိမ္လမ္းမတြင္ ကား၊ဆိုင္ကယ္ေရေဆးျခင္းမ်ားအား လုပ္ေဆာင္ပါက ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက အေရးယူေဆာင္ရြက္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔ အိမ္ဘက္မွာလည္း ကားေရေဆးတာေတြ၊ ဆိုင္ကယ္ေဆးတာေတြ တခ်ဳိ႕႐ွိပါတယ္။ သူတို႔ ေရေဆးခ်လာတဲ့ ေရေတြက တခ်ဳိ႕ေျမာင္းထဲ ေရမဆင္းသြားဘူးေလ။ အိမ္ေ႐ွ႕မွာပဲ ေရဆင္းလာတယ္။ သြားရလာရလည္းခက္တယ္။ ကိုယ့္အိမ္ေ႐ွ႕လာ ေဆးတာ မဟုတ္ေတာ့ ေျပာရခက္တယ္။ ဒီလို ဒဏ္ရိုက္တာေတြ လုပ္ရင္ေတာ့ အရမ္းေကာင္းပါတယ္”ဟု ေတာင္ႀကီးေဒသခံတစ္ဦးျဖစ္သူ ကိုမ်ဳိးက ေျပာသည္။
လမ္းမမ်ား ပ်က္စီးေစမည့္ ကိစၥမ်ားႏွင့္ ကားဆိုင္ကယ္ေရေဆးျခင္းမ်ားအား လမ္းမဘက္တြင္ မျပဳလုပ္ၾကရန္ သတိေပးအေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို
ဓာတ္ပံု - ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္
“တော်တော်များများ တချို့သူတွေက ကားရေဆေးခုံမှာ မဆေးဘဲ ဗိုလ်ချုပ်လမ်းမ အိမ်ရှေ့မှာ ထွက်ဆေးကြတယ်။ ကားတွေ ဆိုင်ကယ်တွေကို ရေဆေးနေလို့ မလုပ်ဖို့ သတိပေးထားရက်နဲ့ ဆက်လုပ်နေလို့ ဒီနေ့တော့ ရုံးမှာခေါ်ယူ ဒဏ်ရိုက်လိုက်ရပါတယ်။ အရင်တုန်းကတော့ မဆေးဖို့ ပြောပါတယ်။ အခုနောက်ပိုင်း ဆိုရင်တော့ ဒီလိုလုပ်တာတွေ တွေ့ရင် ဘယ်သူမဆို ဒဏ်ရိုက်မှာပါ။ ကိုယ့်ကြောင့် အများပြည်သူ တစ်စုံတစ်ရာ အနှောင့်အယှက်ဖြစ်တာကိုတော့ မလိုလားပါဘူး” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့တွင် မိမိတို့ နေအိမ်လမ်းမတွင် ကား၊ဆိုင်ကယ်ရေဆေးခြင်းများအား လုပ်ဆောင်ပါက မြို့နယ်စည်ပင်သာယာရေးဌာနက အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အိမ်ဘက်မှာလည်း ကားရေဆေးတာတွေ၊ ဆိုင်ကယ်ဆေးတာတွေ တချို့ရှိပါတယ်။ သူတို့ ရေဆေးချလာတဲ့ ရေတွေက တချို့မြောင်းထဲ ရေမဆင်းသွားဘူးလေ။ အိမ်ရှေ့မှာပဲ ရေဆင်းလာတယ်။ သွားရလာရလည်းခက်တယ်။ ကိုယ့်အိမ်ရှေ့လာ ဆေးတာ မဟုတ်တော့ ပြောရခက်တယ်။ ဒီလို ဒဏ်ရိုက်တာတွေ လုပ်ရင်တော့ အရမ်းကောင်းပါတယ်”ဟု တောင်ကြီးဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးက ပြောသည်။
လမ်းမများ ပျက်စီးစေမည့် ကိစ္စများနှင့် ကားဆိုင်ကယ်ရေဆေးခြင်းများအား လမ်းမဘက်တွင် မပြုလုပ်ကြရန် သတိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
ဓာတ်ပုံ - တောင်ကြီးမြို့နယ်စည်ပင်
