ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စီမံချက်အရ ရှမ်းရိုးမစစ်ဆေးရေးအဖြစ် ဆောင်ရွက်နေရာမှ ၂၀၁၇ခုနှစ် သြဂုတ်လ(၈)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က စိတ်ကြွဆေးပြား (၁၉)
သိရသည်။
သန်းကျော်နှင့် မူးယစ်ဆေးဝါးများစွာတို့ကို တရားခံများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း ဦးစီးသည့် ခရိုင်/မြို့နယ် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ရဲမှူးစိုးနိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ရဲမှူးဝင်းဇော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့သည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု၊ ကျဆီးရွာတွင် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေကြောင်း အခိုင်အမာ သတင်း ရရှိထားသဖြင့် သွားရောက်ရှာဖွေဖမ်းဆီးရာ မူးယစ်ဆေးဝါး အမြောက်အများကို တရားခံများနှင့် အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကျဆီးရွာနေ ကျခီး၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၆.၄၆၆)သန်း၊ CU စာတမ်းပါ အက်တက်စီ ဆေးပြား (၆.၁၅)သန်း၊ ကဖင်း (၂၃၀)ကီလို နှင့် အခြား ဆက်စပ်ပစ္စည်းများ အပါအဝင် ပွိုင့် ၂၂ သေနတ်အရှည် (၂)လက် နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။
ဆက်လက်၍၎င်းတို့သည် အဆိုပါ ရွာအတွင်းရှိ ကျဟယ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာတွင် Wy စာတမ်ပါး စိတ်ကြွဆေးပြား (၁.၅၅)သန်း၊ အိုက်စ် အဖြူရောင် ပုံဆောင်ခဲ (၃.၅)ကီလိုခန့်၊ ဘိန်းစိမ်း (၁.၅)ကီလို အပါအဝင် စိတ်ကြွဆေးပြား ရိုက်နှိပ်ရာတွင် အသုံးပြုသည့် Wy စာတမ်းပါ သံမှို (၁၇)ချောင်းနှင့် စာတမ်းမပါ (၃)ချောင်း စုစုပေါင်းအချောင်း(၂၀)ကို တွေ့ရှိရကြောင်းနှင့် စိတ်ကြွဆေးပြား ထုပ်ပိုးခွံ အထုပ်ကြီးပေါ်တွင် ရိုက်နှိပ်သည့် သစ်သားဖြင့် ပြုလုပ်ထားသည့် တံဆိပ်တုံးများကိုလည်း တွေ့ရှိရကြောင်း
သိရသည်။
ယင်းအပြင် စုစုပေါင်း (၁.၃၇၃)ကီလိုရှိသည့် ရွှေထည်မျိုးစုံ (၂၈)မျိုး၊ ထိုင်းဘတ်ငွေ (၁၈)သိန်း နှင့် တရုတ်ယွမ်ငွေ (၁)သောင်း အပါအဝင် AB 746899 M နံပါတ်ပါ Remi-ngton အမျိုးအစား ကိုးလုံးကျည် သေနတ် (၁)လက်နှင့်၎င်းကျည် အတောင့်(၆၀)၊ မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် မိုင်းဟဲကျေးရွာအုပ်စု၊ ကျဆီးရွာနေ နာအူ(မ)၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ စိတ်ကြွဆေးပြား (၁.ဝ၅၄)သန်း အိုက်စ်ပုံဆောင်ခဲ စုစုပေါင်း (၁၉၉)ကီလို၊ ဘိန်းဖြူ ဘလောက်တုံး(၂၆)တုံး၊ Wy စာတမ်းတံဆိပ်ပါ မှို(၃၀)ချောင်းနှင့် တံဆိပ်မပါ မှိုအချောင်း(၂၀)တို့ကို တွေ့ရှိရသည့်အပြင် KETAMINE အဖြူရောင်အမှုန့် (၁)ကီလို၊ 999 စာတမ်းပါ တံဆိပ်တုံး (၂)တုံး နှင့် HILUX VIGO အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို တွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု၊ ကျဆီးရွာရှိ နေအိမ်(၃)အိမ်အတွင်း ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာတွင် စုစုပေါင်း သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွ ဆေးပြား (၁၉.ဝ၇)သန်း၊ အိုက်စ်(၂၀၂.၅)ကီလို၊ အက်တက်စီဆေးပြား (၆.၁၅)သိန်း၊ အက်တမင်း (၁)ကီလို၊ ဘိန်းစိမ်း (၁.၅)ကီလို နှင့် ကဖင်း(၂၃၀)ကီလို ရှိရာ စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သန်းပေါင်း (၆၄၅၈၆.၇၅)သန်းဝန်းကျင်ရှိကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခြင်းနှင့် ပတ်သက်၍ စိတ်ကြွဆေးပြား (၁၆.၄၆၆)သန်း နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၇)နှစ်ရှိ ကျခီး(ကျား)အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၄၄/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ လည်းကောင်း၊ စိတ်ကြွဆေးပြား (၁.ဝ၅၄)သန်း နှင့် ဆက်စပ် ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၁၉)နှစ်ရှိ နာအူ(မ)အား တာချီလိတ် မယ(ပ)၄၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)/ ၂၀(က)/၂၂(ခ)/၂၁ အရ လည်းကောင်း၊ စိတ်ကြွဆေးပြား (၁.၅၅)သန်းနှင့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၉)နှစ်ရှိ ကျဟယ်(ကျား)အား တာချီလိတ်မြို့မရဲစခန်းတွင် မယ
(ပ)၄၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၂(ခ)/၂၁ အရ လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။
