တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအနီးတွင် သစ်ပင်အိုတစ်ပင်သည် အများပြည်သူ သွားလာနေစဉ် ကျိုးကျပျက်စီးနိုင်သည့် အန္တရာယ်ရှိသဖြင့် မြို့မီးလင်းရေးရုံးမှ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်မီးအန္တရာယ်ကင်းစေရေးအတွက် ၂၀၁၇ခုနှစ် သြဂုတ်လ(၂၆)ရက် စနေနေ့ နံနက် (၉)နာရီမှ နံနက်(၁၀)နာရီအထိ လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်ဖြစ်၍ လွယ်တော်ခမ်းကျေးရွာအုပ်စုမှ ဆန်ဆိုင်း(ခ)ရပ်ကွက်အထိ သတ်မှတ်အချိန်အတွင်းသာ ခေတ္တပြတ်တောက်မှာ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြို့မီးလင်းရေးရုံးခွဲ(ပုံလို့)မှ လမ်းဘေးဓာတ်မီးတိုင်များပြောင်းရွှေ့ခြင်း လုပ်ငန်းအား ဆောင်ရွက်မည်ဖြစ်ရာ သြဂုတ်လ(၂၆)ရက် စနေနေ့ နံနက် (၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ ဆန်ဆိုင်း(က) (၅)လမ်းမှ မယ်ခေါင်ရပ်ကွက်ရှိ အမှတ်(၂)တံတားအထိ လျှပ်စစ်မီး ဖြတ်တောက်မည် ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ သိရသည်။
