ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မိုင်းဖြတ်ကျေးရွာအုပ်စု ၊ တာကျောက်ကျေးရွာအနီး ကျိုင်းတုံ - မိုင်းဖြတ်လမ်းတွင် သြဂုတ်လ (၂)ရက်နေ့က လမ်းဘေးချောက်အတွင်းသို့ ယာဉ်တစ်စီးထိုးကျ တိမ်းမှောက်သဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ နေရာတွင်ပင် သေဆုံးသွားပြီး ယာဉ်ပေါ်၌ လိုက်ပါလာသည့် ကျော်အောင်မှာ ဒဏ်ရာရရှိသွားသဖြင့် မိုင်းဖြတ်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်းနှင့် မြို့နယ် လူမှုကူညီရေးအသင်းတို့မှ မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
မိုင်းဖြတ်မြို့မ ရဲစခန်းသို့ နံနက် (၉)နာရီခွဲခန့်က သတင်းဝင်လာသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ကျိုင်းတုံမြို့နယ်ဘက်မှ မိုင်းဖြတ်မြို့နယ်ဘက်သို့ အိုက်ခမ်းဆိုသူ မောင်းနှင်လာသည့် Vigo ယာဉ်သည် တာကျောက်ရွာအလွန် မိုင်တိုင်အမှတ် (၆၉၄/၆၉၅)ကြား လမ်းယာဘက်ဘေးရှိ ပေ (၁၀၀)ခန့်အနက်ရှိသည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ နေရာတွင်ပင် သေဆုံးသွားပြီး ယာဉ်ပေါ်၌ လိုက်ပါလာသည့် ကျော်အောင်မှာ ဒဏ်ရာရရှိသွားသဖြင့် မိုင်းဖြတ်မြို့ သဂငှ် လူမှုကူညီရေးအသင်းနှင့် မြို့နယ် လူမှုကူညီရေးအသင်းတို့မှ မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ အိုက်ခမ်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
