တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်ကြားရှိ မြို့မသုသာန်အတွင်း အမှိုက်များ၊ ခြုံနွယ်များ ရှင်းလင်းကာ ခြင်ဆေးဖျန်းခြင်းအဖြစ် သြဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနက ဦးဆောင်ကာ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပူးပေါင်း ဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အမှူဆောင်အရာရှိ ဦးစိုင်းအောင်လင်း၊ အင်ဂျင်နီယာမှူး ဦးလှမျိုး နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများ အပါအဝင် မဇ္ဈိလူမှုကူညီရေးအသင်း၊ တာချီလိတ်နာရေးကူညီမူအသင်း တို့က ပူပေါင်း ပါဝင်ကာ ရှင်းလင်း ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - စည်ပင်၊ တာချီလိတ်နာရေးကူညီမှုအသင်း
