ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ ၊ မဟာျမတ္မုနိဘုရားဝန္းရွိ သီတဂူစကၡဳဒါနေဆးရံုတြင္ စက္တင္ဘာလ (၁၃) ရက္ေန႔မွ (၁၇)ရက္ေန႔အထိ (၃၉)ႀကိမ္ေျမာက္ မ်က္စိ အခမဲ့ စမ္းသပ္ကုသေပးမႈ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
“လာမယ့္ စက္တင္ဘာလ (၁၃)ရက္ေန႔ကေန (၁၇) ရက္ေန႔အထိ သီေပါၿမိဳ႕ ၊ မဟာျမတ္မုနိဘုရား ဝန္းအတြင္းမွာ ျပဳလုပ္ေပးမွာျဖစ္ပါ တယ္။ အခုျပဳလုပ္ေပးမယ့္အႀကိမ္က (၃၉ ) ႀကိမ္ေျမာက္ မ်က္စိ အခမဲ့စမ္းသပ္ကုသေပးတာ ျဖစ္ပါတယ္” ဟု သီေပါၿမိဳ႕သီတဂူစကၡဳဒါနေဆးရံုမွ ဆရာေတာ္ဦးပညာသီရိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မိန္႔သည္။
သီေပါၿမိဳ႕သီတဂူစကၡဳဒါနေဆးရံုတြင္ (၄) လလွ်င္တစ္ႀကိမ္ မ်က္စိ အခမဲ့စမ္းသပ္ကုသေပးမႈမ်ားကို ျပဳလုပ္ေပးလ်က္ရွိၿပီး မည္သူမဆိုလာေရာက္ စမ္းသပ္ ကုသမႈ ခံယူႏိုင္ေၾကာင္းသိရသည္။
“ေမလမွာလုပ္ခဲ့တဲ့ (၃၈)ႀကိမ္ေျမာက္ စမ္းသပ္မႈ ကုသမႈေတြလုပ္ေပးတုန္းက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသေတြကေန လာၾကတဲ့ မ်က္စိေဝဒနာရွင္(၇၃၁)ဦးရွိတယ္။ ခြဲစိတ္ကုသမႈလုပ္ေပးတာကေတာ့(၁၅၉)ဦးရွိတယ္။ ၿပီးခဲ့တဲ့အေခါက္ကလည္း ဆရာဝန္(၅)ဦးလာၿပီး ကုသေပးတာ။ လူနာေတြအားလံုးကို အခမဲ့ စမ္းသပ္ေပးတယ္။ အခမဲ့ ကုသေပးတာျဖစ္ပါတယ္” ဟု ဆရာေတာ္က မိန္႔သည္။
မ်က္စိစမ္းသပ္ကုသမႈမ်ားကို သီေပါၿမိဳ႕ရွိ မဟာျမတ္မုနိ ဘုရားဝန္းအတြင္းျပဳလုပ္ေပးမည္ျဖစ္ကာ ခြဲစိတ္ကုသမႈမ်ားကို သီေပါသီတဂူစကၡဳဒါန ေဆးရံု မ်က္စိ ကုသမႈဌာနတြင္ ျပဳလုပ္ေပးမည္ျဖစ္ၿပီး ရန္ကုန္၊ မႏၱေလး ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔မွ မ်က္စိအထူးကုဆရာဝန္၊ ပါရဂူ စုစုေပါင္း(၅) ဦး လာေရာက္၍ စမ္းသပ္မႈ၊ ကုသမႈမ်ား ျပဳလုပ္ ေပးမည္ျဖစ္ေၾကာင္းသိရသည္။
မ်က္စိေဝဒနာရွင္မ်ားအေနျဖင့္ သီတဂူစကၡဳဒါနေဆးရံုေတာ္ သီေပါၿမိဳ႕ သို႔ လာေရာက္ ကုသမႈခံယူရန္အတြက္ ဆရာေတာ္ဦးပညာသီရိ ဖုန္း- ၀၉ ၅၂၇၈၁၇၃ သို႔ ဆက္သြယ္ စာရင္းေပးႏိုင္ေၾကာင္း သိရွိရသည္။
သတင္း #ေနၿဖိဳးျမင့္
“လာမယ့် စက်တင်ဘာလ (၁၃)ရက်နေ့ကနေ (၁၇) ရက်နေ့အထိ သီပေါမြို့၊ မဟာမြတ်မုနိဘုရား ဝန်းအတွင်းမှာ ပြုလုပ်ပေးမှာဖြစ်ပါ တယ်။ အခုပြုလုပ်ပေးမယ့်အကြိမ်က (၃၉ ) ကြိမ်မြောက် မျက်စိ အခမဲ့စမ်းသပ်ကုသပေးတာ ဖြစ်ပါတယ်” ဟု သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံမှ ဆရာတော်ဦးပညာသီရိက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။
သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံတွင် (၄) လလျှင်တစ်ကြိမ် မျက်စိ အခမဲ့စမ်းသပ်ကုသပေးမှုများကို ပြုလုပ်ပေးလျက်ရှိပြီး မည်သူမဆိုလာရောက် စမ်းသပ် ကုသမှု ခံယူနိုင်ကြောင်းသိရသည်။
“မေလမှာလုပ်ခဲ့တဲ့ (၃၈)ကြိမ်မြောက် စမ်းသပ်မှု ကုသမှုတွေလုပ်ပေးတုန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွေကနေ လာကြတဲ့ မျက်စိဝေဒနာရှင်(၇၃၁)ဦးရှိတယ်။ ခွဲစိတ်ကုသမှုလုပ်ပေးတာကတော့(၁၅၉)ဦးရှိတယ်။ ပြီးခဲ့တဲ့အခေါက်ကလည်း ဆရာဝန်(၅)ဦးလာပြီး ကုသပေးတာ။ လူနာတွေအားလုံးကို အခမဲ့ စမ်းသပ်ပေးတယ်။ အခမဲ့ ကုသပေးတာဖြစ်ပါတယ်” ဟု ဆရာတော်က မိန့်သည်။
မျက်စိစမ်းသပ်ကုသမှုများကို သီပေါမြို့ရှိ မဟာမြတ်မုနိ ဘုရားဝန်းအတွင်းပြုလုပ်ပေးမည်ဖြစ်ကာ ခွဲစိတ်ကုသမှုများကို သီပေါသီတဂူစက္ခုဒါန ဆေးရုံ မျက်စိ ကုသမှုဌာနတွင် ပြုလုပ်ပေးမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး နှင့် ကျောက်မဲမြို့တို့မှ မျက်စိအထူးကုဆရာဝန်၊ ပါရဂူ စုစုပေါင်း(၅) ဦး လာရောက်၍ စမ်းသပ်မှု၊ ကုသမှုများ ပြုလုပ် ပေးမည်ဖြစ်ကြောင်းသိရသည်။
မျက်စိဝေဒနာရှင်များအနဖြေင့် သီတဂူစက္ခုဒါနဆေးရုံတော် သီပေါမြို့ သို့ လာရောက် ကုသမှုခံယူရန်အတွက် ဆရာတော်ဦးပညာသီရိ ဖုန်း- ဝ၉ ၅၂၇၈၁၇၃ သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရှိရသည်။
သတင်း #နဖြေိုးမြင့်