ရွမ္းျပည္နယ္အတြင္း H1N1 ျဖစ္ပြားမႈ အေျခအေနမွာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ (အေရွ႕ပိုင္း)ေဒသရွိ လူနာမ်ားမွာ ေဆးရံုမွ ဆင္းႏုိင္ၿပီျဖစ္ၿပီး ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ကုသမႈခံယူေနဆဲ H1N1 အတည္ျပဳလူနာ (၉)ဦးႏွင့္ ဓာတ္ခြဲခန္း အေျဖေစာင့္ေနသည့္ သံသယလူနာ (၁)ဦးရိွေနေၾကာင္း သိရသည္။
“ဓာတ္ခြဲ စစ္ေဆးရတဲ့အေျဖကေတာ့ စုစုေပါင္း ရွမ္း/ေတာင္မွာ (၁၁)ေယာက္ရိွတယ္ဆိုေပမယ့္ ရွမ္း/ေျမာက္မွာေတာ့ ေတာ့ဆန္ရြာက ေတြ႔တဲ့(၂)ေယာက္က ေဆးရံုကဆင္းၿပီ တစ္ျခားေတာ့ ထပ္မေတြ႔ဘူး။ တခ်ိဳ႕ သံသယရိွတာေတြကို လားရိႈးေဆးရံုမွာ စစ္တာကလည္း negative ေတြပဲေတြ႕တယ္။ positive မရိွဘူးေပါ့။ ဒါကေတာ့ ရွမ္း/ေတာင္နဲ႔ ရွမ္း/ေျမာက္အေနအထားေပါ့။ ရွမ္း/အေရွ႕က က်ိဳင္းတံုက လူနာ(၂)ေယာက္ကေတာ့ ၾသဂုတ္လ (၈)ရက္ေန႔နဲ႔ (၉)ရက္ေန႔ေတြကပဲ ေဆးရံုက ဆင္းသြားၾကၿပီ” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ H1N1 အတည္ျပဳလူနာ(၂)ဦးအား ၾသဂုတ္လ (၆)ရက္ေန႔က စတင္ေတြ႔ရွိခဲ့ျခင္းျဖစ္ၿပီး စဝ္စံထြန္းေဆးရံုႏွင့္ အမ်ိဳးသမီးႏွင့္ကေလးေဆးရံုတို႔တြင္ H1N1 အတည္ျပဳ လူနာမ်ားအား သီးသန္႔ကုသမႈေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ရွမ္း/ေတာင္က Positive က (၁၁)ေယာက္ရိွတဲ့အထဲက ပထမေတြ႕တဲ့ ကေလး(၂)ေယာက္ကေတာ့ ေနေကာင္းလုိ႔ ေဆးရံုက ဆင္းသြားၿပီ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ စေတြ႔တဲ့ ကေလးႏွစ္ေယာက္ရဲ႕ေဒသ ဟဲဟိုး အင္းေခါင္း ေဒသက ေတြ႔တာမ်ားတာေပါ့ေနာ္။ အဲဒီရြာမွာေတာ့ စျဖစ္ကတည္းက က်န္းမာေရးဌာနက ဖ်ားနာလူနာေတြ စစ္တာ၊ သံသယရိွလူနာေတြကို ေဆးရံုကိုေခၚတာ လုပ္ေနပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။
ရွမ္းျပည္နယ္အတြင္း ပထမဆံုး H1N1 အတည္ျပဳလူနာ(၂)ဦးကိုု က်ိဳင္းတံုၿမိဳ႕ အမွတ္(၃) ခုတင္(၃၀၀)ဆံ့ တပ္မေတာ္ေဆးရံုတြင္ ဇူလုိင္လ (၃၁)ရက္ေန႔က စတင္ေတြ႔ရိွခဲ့ၿပီးေနာက္ ေတာင္ႀကီးၿမိဳ႕တြင္ H1N1 အတည္ျပဳလူနာ(၂)ဦးအား ၾသဂုတ္လ (၆)ရက္ေန႔က စတင္ေတြ႔ရွိခဲ့ရျခင္းျဖစ္သည္။
လက္ရိွတြင္ H1N1 အတည္ျပဳလူနာမ်ား ေတြ႔ရိွခဲ့သည့္ ေဒသမ်ားတြင္ က်န္းမာေရးဌာနမွ အဖြဲ႕မ်ားျဖင့္ ေစာင့္ၾကည့္စစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
“ဓာတ်ခွဲ စစ်ဆေးရတဲ့အဖြေကတော့ စုစုပေါင်း ရှမ်း/တောင်မှာ (၁၁)ယောက်ရှိတယ်ဆိုပေမယ့် ရှမ်း/မြောက်မှာတော့ တော့ဆန်ရွာက တွေ့တဲ့(၂)ယောက်က ဆေးရုံကဆင်းပြီ တစ်ခြားတော့ ထပ်မတွေ့ဘူး။ တချို့ သံသယရှိတာတွေကို လားရှိုးဆေးရုံမှာ စစ်တာကလည်း negative တွေပဲတွေ့တယ်။ positive မရှိဘူးပေါ့။ ဒါကတော့ ရှမ်း/တောင်နဲ့ ရှမ်း/မြောက်အနေအထားပေါ့။ ရှမ်း/အရှေ့က ကျိုင်းတုံက လူနာ(၂)ယောက်ကတော့ သြဂုတ်လ (၈)ရက်နေ့နဲ့ (၉)ရက်နေ့တွေကပဲ ဆေးရုံက ဆင်းသွားကြပြီ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် H1N1 အတည်ပြုလူနာ(၂)ဦးအား သြဂုတ်လ (၆)ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စဝ်စံထွန်းဆေးရုံနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံတို့တွင် H1N1 အတည်ပြု လူနာများအား သီးသန့်ကုသမှုပေးနခြေင်းဖြစ်ကြောင်း သိရသည်။
“ရှမ်း/တောင်က Positive က (၁၁)ယောက်ရှိတဲ့အထဲက ပထမတွေ့တဲ့ ကလေး(၂)ယောက်ကတော့ နေကောင်းလို့ ဆေးရုံက ဆင်းသွားပြီ။ တော်တော်များများကတော့ စတွေ့တဲ့ ကလေးနှစ်ယောက်ရဲ့ဒေသ ဟဲဟိုး အင်းခေါင်း ဒေသက တွေ့တာများတာပေါ့နော်။ အဲဒီရွာမှာတော့ စဖြစ်ကတည်းက ကျန်းမာရေးဌာနက ဖျားနာလူနာတွေ စစ်တာ၊ သံသယရှိလူနာတွေကို ဆေးရုံကိုခေါ်တာ လုပ်နေပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်း ပထမဆုံး H1N1 အတည်ပြုလူနာ(၂)ဦးကို ကျိုင်းတုံမြို့ အမှတ်(၃) ခုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံတွင် ဇူလိုင်လ (၃၁)ရက်နေ့က စတင်တွေ့ရှိခဲ့ပြီးနောက် တောင်ကြီးမြို့တွင် H1N1 အတည်ပြုလူနာ(၂)ဦးအား သြဂုတ်လ (၆)ရက်နေ့က စတင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် H1N1 အတည်ပြုလူနာများ တွေ့ရှိခဲ့သည့် ဒေသများတွင် ကျန်းမာရေးဌာနမှ အဖွဲ့များဖြင့် စောင့်ကြည့်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
