ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၏ ရခိုင္ျပည္နယ္အတြက္ ကူညီေထာက္ပံ့ေရးေကာ္မတီမွ အလွဴခံဌာန စတင္ဖြင့္လွစ္သည့္ ၾသဂုတ္လ(၂၈)ရက္ေန႔မွစ၍ ၾသဂုတ္လ(၃၀)ရက္ေန႔အထိ စုေပါင္း မတည္အလွဴေငြႏွင့္ ေစတနာရွင္မ်ား၏ လာေရာက္လွဴဒါန္းေငြ စုစုေပါင္းက်ပ္သိန္း(၂၀၀)၀န္းက်င္ ရရွိထားၿပီ ျဖစ္ေၾကာင္း သိရသည္။
"အလွဴခံဌာနဖြင့္လွစ္ဖို႔ အစည္းအေ၀းျပဳလုပ္တဲ့ေန႔က လွဴဒါန္းတ့ဲ မတည္အလွဴေငြ အပါအ၀င္ လာေရာက္လွဴဒါန္းေငြေပါင္း ဒီေန႔( ၾသဂုတ္၃၀ ) ေရာဆိုရင္ က်ပ္သိန္း(၂၀၀)၀န္းက်င္ေလာက္ ရရွိထားပါၿပီ။ ဒီထဲက က်ပ္သိန္း(၁၀၀)ကိုေတာ့ ပထမအသုတ္အေနနဲ႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ကို လႊဲေျပာင္းလွဴဒါန္းၿပီးျဖစ္ပါတယ္။ တစ္ေခါက္ကို သိန္း(၁၀၀)စီ ပို႔သြားဖို႔ စီစဥ္ထားပါတယ္ "ဟု တာခ်ီလိတ္ၿမိဳ႕သူ/သားမ်ား၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရး ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ အဆိုပါေကာ္မတီအား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းလိုက္ၿပီး ၾသဂုတ္လ (၂၈)ရက္ေန႔က စတင္ကာ နံနက္ (၈)နာရီမွ ညေန(၅)နာရီအထိ ေန႔စဥ္ တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္ အလွဴခံဌာနဖြင့္လွစ္ထားျခင္း ျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္၌ ဖြင့္လွစ္ထားရွိသည့္ အလွဴခံဌာနသို႔ ၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၃၀)ရက္ေန႔က လာေရာက္ လွဴဒါန္းလာရာတြင္ က်ပ္ေငြ (၁,၉၄၈,၀၀၀) ႏွင့္ ထိုင္းဘတ္ေငြ (၁၉,၆၀၀)ဘတ္ ရရွိေၾကာင္း သိရသည္။
အလွဴခံဌာန၏ ေနာက္ဆံုး သတ္မွတ္ရက္အား လတ္တေလာတြင္ သတ္မွတ္ထားျခင္းမရိွေသးဘဲ အလွဴေငြမ်ား လက္ခံေနလ်က္ရွိၿပီး ဗယ္လင္တိုင္း ကေဖးႏွင့္အေအး(စားေသာက္ဆိုင္)ကလည္း အလွဴခံသည့္ကာလအတြင္း ေကာ္မတီဝင္မ်ားႏွင့္ လာေရာက္လွဴဒါန္းသူမ်ားကို ဧည့္ခံ ေကြ်းေမြးမႈမ်ားျဖင့္လည္း ဒါနျပဳထားေၾကာင္း သိရသည္။
"အလှူခံဌာနဖွင့်လှစ်ဖို့ အစည်းအေဝးပြုလုပ်တဲ့နေ့က လှူဒါန်းတဲ့ မတည်အလှူငွေ အပါအဝင် လာရောက်လှူဒါန်းငွေပေါင်း ဒီနေ့( သြဂုတ်၃၀ ) ရောဆိုရင် ကျပ်သိန်း(၂၀၀)ဝန်းကျင်လောက် ရရှိထားပါပြီ။ ဒီထဲက ကျပ်သိန်း(၁၀၀)ကိုတော့ ပထမအသုတ်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို လွှဲပြောင်းလှူဒါန်းပြီးဖြစ်ပါတယ်။ တစ်ခေါက်ကို သိန်း(၁၀၀)စီ ပို့သွားဖို့ စီစဉ်ထားပါတယ် "ဟု တာချီလိတ်မြို့သူ/သားများ၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် အဆိုပါကော်မတီအား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး သြဂုတ်လ (၂၈)ရက်နေ့က စတင်ကာ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ် တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် အလှူခံဌာနဖွင့်လှစ်ထားခြင်း ဖြစ်သည်။
တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်၌ ဖွင့်လှစ်ထားရှိသည့် အလှူခံဌာနသို့ ၂၀၁၇ခုနှစ် သြဂုတ်လ(၃၀)ရက်နေ့က လာရောက် လှူဒါန်းလာရာတွင် ကျပ်ငွေ (၁,၉၄၈,ဝဝဝ) နှင့် ထိုင်းဘတ်ငွေ (၁၉,၆၀၀)ဘတ် ရရှိကြောင်း သိရသည်။
အလှူခံဌာန၏ နောက်ဆုံး သတ်မှတ်ရက်အား လတ်တလောတွင် သတ်မှတ်ထားခြင်းမရှိသေးဘဲ အလှူငွေများ လက်ခံနေလျက်ရှိပြီး ဗယ်လင်တိုင်း ကဖေးနှင့်အအေး(စားသောက်ဆိုင်)ကလည်း အလှူခံသည့်ကာလအတွင်း ကော်မတီဝင်များနှင့် လာရောက်လှူဒါန်းသူများကို ဧည့်ခံ ကျွေးမွေးမှုများဖြင့်လည်း ဒါနပြုထားကြောင်း သိရသည်။
