ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၾကက္ေျခနီအသင္းက ေက်းရြာလူထုအေျချပဳ ငွက္ဖ်ားေရာဂါ ကာကြယ္ေရးစီမံကိန္းျဖင့္ ငွက္ဖ်ားေရာဂါ၊ အနာႀကီးေရာဂါ HIV / AIDS၊ ဆင္ေျခေထာက္ေရာဂါ လူနာစာရင္းမ်ားေကာက္ယူ၍ က်န္းမာေရးဌာနသို႔ လႊဲေျပာင္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“အရင္ႏွစ္ေတြမွာက ငွက္ဖ်ားေရာဂါ ကာကြယ္ေရးအပိုင္းေတြပဲ ပါတယ္။ ဒီႏွစ္မွာဆိုရင္ တီဘီ၊ အနာႀကီးေရာဂါ၊ HIV/ AIDS၊ ဆင္ေျခေထာက္ ေတြပါတယ္။ ဒါေတြက ဒီႏွစ္မွ ထူးထူးျခားျခား သင္ေပးသြားမယ့္ သင္ခန္းစာ ေတြပါ။ ေရာဂါလူနာေတြကို ရွာေဖြမယ္ ။ ၿပီးရင္ ကုသေရးအတြက္ က်န္းမာေရး ဌာနေတြဆီကို ပို႕ေပးမယ္။ က်န္းမာေရးဌာနကို လႊဲေျပာင္းေပးမယ္။ H1N1 နဲ႕ ပတ္သက္ၿပီးေတာ့ အသိပညာေပး လႈပ္ရွားမႈေတြလုပ္တယ္” ဟု ေတာင္ၾကီးျမိဳ႕ ၾကက္ေျခနီအသင္းမွ ကြင္းဆင္းႀကီးၾကပ္ေရးမွဴး မေအးသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ငွက္ဖ်ားေရာဂါ ကာကြယ္ေရးစီမံကိန္းကို ေတာင္ႀကီး၊ ရြာငံ၊ ရပ္ေစာက္၊ ဖယ္ခံု၊ ဟိုပံုး၊ ဆီဆိုင္၊ မိုင္းကိုင္၊ ကြန္ဟိန္း၊ လဲခ်ား ၊ ေမာက္မယ္ႏွင့္ နမ္စန္တို႕တြင္ ၾသဂုတ္လ(၁၁) ရက္ေန႔မွ (၁၅) ရက္ေန႔အထိ ပုိ႕ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
“သင္တန္းေတြေပးၿပီးေတာ့ လစဥ္ ရြာေတြမွာကြင္းဆင္းတယ္။ ေဟာေျပာပြဲေတြလည္း လုပ္တယ္။ စီမံခ်က္မ၀င္ခင္က ရြာေတြမွာ အသိပညာေတြ သိပ္မရွိၾကဘူး။ သင္တန္းအတြက္ ရြာေဒသခံေတြထဲက တစ္ဦးကို ေခၚတယ္။ တစ္ရြာတစ္ေယာက္ႏႈန္းနဲ႕ သင္တန္းေတြေပးတယ္။ ဒီလို သင္တန္းေပးတဲ႕ အတြက္ေၾကာင့္လည္း စီမံခ်က္၀င္ၿပီးေနာက္ပိုင္းမွာက ငွက္ဖ်ား ေရာဂါေလ်ာ့က်သြားတာကို ျမင္ရတယ္။ အရင္ႏွစ္ေတြမွာက ငွက္ဖ်ား ေရာဂါ ကာကြယ္ေရးအပိုင္းေတြပဲပါတယ္" ဟု ေတာင္ႀကီးၿမိဳ႕ ၾကက္ေျခနီအသင္းမွ ကြင္းဆင္းႀကီးၾကပ္ေရးမွဴး မေအးသိန္းက ေျပာသည္။
ေက်းရြာလူထုအေျချပဳ ငွက္ဖ်ားေရာဂါ ကာကြယ္ေရးစီမံကိန္းကို ၂၀၁၁ ခုႏွစ္တြင္ စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ႏိုႏို
“အရင်နှစ်တွေမှာက ငှက်ဖျားရောဂါ ကာကွယ်ရေးအပိုင်းတွေပဲ ပါတယ်။ ဒီနှစ်မှာဆိုရင် တီဘီ၊ အနာကြီးရောဂါ၊ HIV/ AIDS၊ ဆင်ခြေထောက် တွေပါတယ်။ ဒါတွေက ဒီနှစ်မှ ထူးထူးခြားခြား သင်ပေးသွားမယ့် သင်ခန်းစာ တွေပါ။ ရောဂါလူနာတွေကို ရှာဖွေမယ်။ ပြီးရင် ကုသရေးအတွက် ကျန်းမာရေး ဌာနတွေဆီကို ပို့ပေးမယ်။ ကျန်းမာရေးဌာနကို လွှဲပြောင်းပေးမယ်။ H1N1 နဲ့ ပတ်သက်ပြီးတော့ အသိပညာပေး လှုပ်ရှားမှုတွေလုပ်တယ်” ဟု တောင်ကြီးမြို့ ကြက်ခြေနီအသင်းမှ ကွင်းဆင်းကြီးကြပ်ရေးမှူး မအေးသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်းကို တောင်ကြီး၊ ရွာငံ၊ ရပ်စောက်၊ ဖယ်ခုံ၊ ဟိုပုံး၊ ဆီဆိုင်၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ လဲချား၊ မောက်မယ်နှင့် နမ်စန်တို့တွင် သြဂုတ်လ(၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
“သင်တန်းတွေပေးပြီးတော့ လစဉ် ရွာတွေမှာကွင်းဆင်းတယ်။ ဟောပြောပွဲတွေလည်း လုပ်တယ်။ စီမံချက်မဝင်ခင်က ရွာတွေမှာ အသိပညာတွေ သိပ်မရှိကြဘူး။ သင်တန်းအတွက် ရွာဒေသခံတွေထဲက တစ်ဦးကို ခေါ်တယ်။ တစ်ရွာတစ်ယောက်နှုန်းနဲ့ သင်တန်းတွေပေးတယ်။ ဒီလို သင်တန်းပေးတဲ့ အတွက်ကြောင့်လည်း စီမံချက်ဝင်ပြီးနောက်ပိုင်းမှာက ငှက်ဖျား ရောဂါလျော့ကျသွားတာကို မြင်ရတယ်။ အရင်နှစ်တွေမှာက ငှက်ဖျား ရောဂါ ကာကွယ်ရေးအပိုင်းတွေပဲပါတယ်" ဟု တောင်ကြီးမြို့ ကြက်ခြေနီအသင်းမှ ကွင်းဆင်းကြီးကြပ်ရေးမှူး မအေးသိန်းက ပြောသည်။
ကျေးရွာလူထုအခြပြေု ငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
