ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္မွ အသက္(၉၀)ႏွစ္အထက္ ဘိုးဘြားမ်ား လူမႈေရးပင္စင္ ခံစားခြင့္ရရွိသူဦးေရ ပထမသံုးလပတ္ထက္ (၅၃)ဦးတိုးလာေၾကာင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။
ပထမဆံုး လူမႈေရးပင္စင္အျဖစ္၂၀၁၇ ခုႏွစ္ ဧၿပီ၊ ေမႏွင့္ ဇြန္ သံုးလအတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ဘိုးဘြား(၁၈၂)ဦးအား ဇြန္လ(၁၅)ရက္ေန႔က ေပးအပ္ခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္၊ ၾသဂုတ္ႏွင့္ စက္တင္ဘာ သံုးလအတြက္ လူမႈေရးပင္စင္စာရင္းတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ (၂၃၅)ဦးအထိ တိုးလာျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဘိုးဘြားေတြ စာရင္းစစ္တာကို ၾသဂုတ္လ (၁၅)ရက္ေန႔မွာ စာရင္းပိတ္လုိက္တယ္။ ဒါေပမယ့္ တင္စရာရိွရင္ ဆက္ၿပီး တင္ထားေပးလို႔ရပါတယ္။ လက္ခံထားေပးပါမယ္။ အၿမဲတမ္း သံုးလတစ္ျဖတ္ ေပးေနမွာဆိုေတာ့ အနီးစပ္ဆံုး သံုးလပတ္မွာ ပါလာမွာျဖစ္ပါတယ္။ အခ်ိန္မေရြးဆက္သြယ္ၿပီး စာရင္းေတြ ပို႔ထားေပးလို႔ ရပါတယ္” ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ႏိုင္ငံေတာ္အစိုးရက အသက္(၉၀)ႏွစ္ႏွင့္အထက္ ဘိုးဘြားမ်ားအား လူမႈေရးပင္စင္အျဖစ္ တစ္လလွ်င္ က်ပ္တစ္ေသာင္းႏႈန္းျဖင့္ သံုးလတစ္ႀကိမ္ လူမႈဝန္ထမ္းဦးစီးဌာနမ်ားမွ ေပးအပ္ျခင္းကို ၂၀၁၇ ခုႏွစ္အတြင္း တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ စတင္ေဆာင္ရြက္လာျခင္းျဖစ္သည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ၿမိဳ႕နယ္ေပါင္း (၉)ၿမိဳ႕နယ္မွ အသက္(၉၀)ေက်ာ္ဘိုးဘြားမ်ား လစဥ္ ေထာက္ပံ့ေၾကးရရွိမည့္ အခြင့္အေရး မဆံုးရံႈးေစရန္ နီးစပ္ရာ ၿမိဳ႕နယ္/ရပ္ကြက္/ေက်းရြာ အေထြေထြ အုပ္ခ်ဳပ္ေရးရံုးမ်ားအျပင္ က်ိဳင္းတံုၿမိဳ႕ရိွ လူမႈဝန္ထမ္းဦးစီးဌာနရံုးသို႔လည္း ဆက္သြယ္စာရင္း ေပးသြင္းႏိုင္ေၾကာင္း သိရသည္။
“ကြ်န္ေတာ္တုိ႔ ဌာနအေနနဲ႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွာ ျပည္နယ္ရံုးခြဲ မရိွဘဲ ခရိုင္ရံုးသာရိွတာေၾကာင့္ ဝန္ထမ္းအင္အားအရ ေဒသအထိ ကြင္းဆင္း အခ်က္အလက္ရယူဖို႔ အခက္အခဲရိွပါတယ္။ ဒါေၾကာင့္ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးေတြကေန တစ္ဆင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရံုးကေနမွ ကၽြန္ေတာ္တို႔ ရယူရမွာ ျဖစ္ပါတယ္။ အကယ္၍ အေၾကာင္းေၾကာင္းေၾကာင့္ အုပ္ခ်ဳပ္ေရးရံုးမွာ စာရင္းပါမသြားဘူးဆိုရင္ ကၽြန္ေတာ္တို႔ရံုးကို အခ်ိန္မေရြး ဆက္သြယ္ေစခ်င္ပါတယ္။ အသက္ (၉၀) အထက္ဘိုးဘြြားတုိင္းအားလံုးကို ေထာက္ပံ့ႏုိင္ဖို႔အတြက္ ဝိုင္းဝန္းကူညီဆက္သြယ္ေပးၾကပါလို႔ တုိက္တြန္းခ်င္ပါတယ္”ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တုိက္တြန္းသည္။
ဘိုးဘြားမ်ားလူမႈေရးပင္စင္၏ ေရွ႕ေျပးစီမံခ်က္အျဖစ္ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အတြင္းက လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္မွစ၍ အေကာင္အထည္ေဖာ္ျခင္းျဖစ္သည္။
ဘိုးဘြားမ်ား လူမႈေရးပင္စင္အတြက္ စာရင္းေပးသြင္းရန္ သန္းေခါင္စာရင္းမိတၱဴ ၊ မွတ္ပံုတင္မိတၱဴတို႔ လိုအပ္ေသာ္လည္း အဆိုပါ အေထာက္အထားမ်ား မရိွပါက သက္ဆုိင္ရာရပ္/ေက်းအဖြဲ႕မွ ေထာက္ခံခ်က္ျဖင့္ တင္ျပႏုိင္ၿပီး လိုအပ္သည္မ်ား ဆက္သြယ္ေမးျမန္းလိုပါက ရွမ္းျပည္နယ္ (အေရွ႕ပိုင္း )လူမႈဝန္ထမ္းဦးစီးဌာနရံုး ဖုန္း ၀၈၄ - ၂၂၅၂၉ သို႔ ဆက္သြယ္စံုစမ္းႏုိင္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
ပထမဆုံး လူမှုရေးပင်စင်အဖြစ်၂၀၁၇ ခုနှစ် ဧပြီ၊ မေနှင့် ဇွန် သုံးလအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဘိုးဘွား(၁၈၂)ဦးအား ဇွန်လ(၁၅)ရက်နေ့က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ သုံးလအတွက် လူမှုရေးပင်စင်စာရင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၂၃၅)ဦးအထိ တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။
“ဘိုးဘွားတွေ စာရင်းစစ်တာကို သြဂုတ်လ (၁၅)ရက်နေ့မှာ စာရင်းပိတ်လိုက်တယ်။ ဒါပေမယ့် တင်စရာရှိရင် ဆက်ပြီး တင်ထားပေးလို့ရပါတယ်။ လက်ခံထားပေးပါမယ်။ အမြဲတမ်း သုံးလတစ်ဖြတ် ပေးနေမှာဆိုတော့ အနီးစပ်ဆုံး သုံးလပတ်မှာ ပါလာမှာဖြစ်ပါတယ်။ အချိန်မရွေးဆက်သွယ်ပြီး စာရင်းတွေ ပို့ထားပေးလို့ ရပါတယ်” ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နိုင်ငံတော်အစိုးရက အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် လူမှုဝန်ထမ်းဦးစီးဌာနများမှ ပေးအပ်ခြင်းကို ၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်ပေါင်း (၉)မြို့နယ်မှ အသက်(၉၀)ကျော်ဘိုးဘွားများ လစဉ် ထောက်ပံ့ကြေးရရှိမည့် အခွင့်အရေး မဆုံးရှုံးစေရန် နီးစပ်ရာ မြို့နယ်/ရပ်ကွက်/ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးရုံးများအပြင် ကျိုင်းတုံမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့လည်း ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဌာနအနေနဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ ပြည်နယ်ရုံးခွဲ မရှိဘဲ ခရိုင်ရုံးသာရှိတာကြောင့် ဝန်ထမ်းအင်အားအရ ဒေသအထိ ကွင်းဆင်း အချက်အလက်ရယူဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတွေကနေ တစ်ဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကနေမှ ကျွန်တော်တို့ ရယူရမှာ ဖြစ်ပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် အုပ်ချုပ်ရေးရုံးမှာ စာရင်းပါမသွားဘူးဆိုရင် ကျွန်တော်တို့ရုံးကို အချိန်မရွေး ဆက်သွယ်စေချင်ပါတယ်။ အသက် (၉၀) အထက်ဘိုးဘွားတိုင်းအားလုံးကို ထောက်ပံ့နိုင်ဖို့အတွက် ဝိုင်းဝန်းကူညီဆက်သွယ်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း)လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တိုက်တွန်းသည်။
ဘိုးဘွားများလူမှုရေးပင်စင်၏ ရှေ့ပြေးစီမံချက်အဖြစ် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အကောင်အထည်ဖော်ခြင်းဖြစ်သည်။
ဘိုးဘွားများ လူမှုရေးပင်စင်အတွက် စာရင်းပေးသွင်းရန် သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ လိုအပ်သော်လည်း အဆိုပါ အထောက်အထားများ မရှိပါက သက်ဆိုင်ရာရပ်/ကျေးအဖွဲ့မှ ထောက်ခံချက်ဖြင့် တင်ပြနိုင်ပြီး လိုအပ်သည်များ ဆက်သွယ်မေးမြန်းလိုပါက ရှမ်းပြည်နယ် (အရှေ့ပိုင်း )လူမှုဝန်ထမ်းဦးစီးဌာနရုံး ဖုန်း ဝ၈၄ - ၂၂၅၂၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
