ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ မြေအောက် ကေဘယ်လ်ကြိုး ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်း ဆောင်ရွက်ရန်ရှိသည့် အတွက် သြဂုတ်လ (၁၄)ရက်နေ့ နေ့တစ်ပိုင်း တာချီလိတ်ဘက်သို့ လျှပ်စစ်မီး ခေတ္တ ဖြတ်တောက် ထားမည်ဖြစ်ကြောင်း PEA ၏ အသိပေးအကြောင်းကြားလာချက်အရ တာချီလိတ်မြို့ မီးလင်းရေးရုံးမှ သိရသည်။
မယ်ဆိုင်မြို့ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ မြေအောက်ကေဘယ်လ်ကြိုး ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဖြန့်ဝေမှုကို ၂၀၁၇ခုနှစ် သြဂုတ်လ(၁၄)ရက်နေ့ နံနက်(၇)နာရီမှ နေ့လယ်(၁၂)နာရီခွဲ ၀န်းကျင်အချိန်အထိ ခေတ္တဖြတ်တောက်ထားမည်ဖြစ်ရာ တာချီလိတ်မြို့ တစ်မြို့လုံးတွင် လျှပ်စစ်မီး နေ့တစ်ပိုင်း ခေတ္တပြတ်တောက်မည်ဖြစ်သည်။
မယ်ဆိုင်မြို့ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ မြေအောက်ကေဘယ်လ်ကြိုး ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဖြနေ့်ဝမှုကို ၂၀၁၇ခုနှစ် သြဂုတ်လ(၁၄)ရက်နေ့ နံနက်(၇)နာရီမှ နေ့လယ်(၁၂)နာရီခွဲ ဝန်းကျင်အချိန်အထိ ခေတ္တဖြတ်တောက်ထားမည်ဖြစ်ရာ တာချီလိတ်မြို့ တစ်မြို့လုံးတွင် လျှပ်စစ်မီး နေ့တစ်ပိုင်း ခေတ္တပြတ်တောက်မည်ဖြစ်သည်။
လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည့် သတ်မှတ်ချိန် မပြည့်မီ လုပ်ငန်းအမြန်ဆုံး ပြီးမြောက်ပါက လျှပ်စစ်မီးအား အမြန်ဆုံး ပုံမှန်အတိုင်း ပြန်လည်လွှတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
