ရွမ္းျပည္နယ္အစိုးရက ျပည္နယ္အတြင္း ေဆးလိပ္ေငြ႕ကင္းစင္ဧရိယာမ်ား သတ္မွတ္ေဆာင္ရြက္ႏုိင္ေရး လုပ္ေဆာင္ေနရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုတြင္လည္း အေကာင္အထည္ ေဖာ္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းထံက သိရသည္။
“ရွမ္းျပည္နယ္တစ္ခုလံုး ၿမိဳ႕နယ္တုိင္းမွာ အေကာင္အထည္ ေဖာ္ဖို႔အတြက္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ က်န္းမာေရးဌာနကို စီမံခ်က္ ေတာင္းထားတယ္။ တာခ်ီလိတ္ခရိုင္နဲ႔ က်ိဳင္းတံုမွာလည္း ကၽြန္ေတာ္ ေတာင္းထားပါတယ္။ က်ိဳင္းတံုမွာ ဆိုရင္ေတာ့ ဥပမာ ဗုဒၶဥယ်ာဥ္လို ေနရာမ်ိဳးျဖစ္မလား မသိဘူးေပါ့။ ေဆးလိပ္ေငြ႕ ကင္းစင္ေနရာ သတ္မွတ္ေပးျခင္းက တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ရွဴရသူေတြ ကာကြယ္ေပးေရး အျပင္ ခရီးသြားေတြ ဆြဲေဆာင္ရာ ေနရာမ်ိဳးေတြမွာ ကမၻာကို ဒီလိုသတ္မွတ္ေၾကညာေပးႏုိင္ရင္ ခရီးသြား လုပ္ငန္းအတြက္လည္း အေထာက္အပံ့ေတာ့ ျဖစ္မယ္လို႔ ယူဆပါတယ္။ ေတာင္ႀကီးမွာေတာ့ ေရႊဘုန္းပြင့္ ဘုရားရယ္၊ စူဠာမုနိဘုရားရယ္ မၾကာခင္ အေကာင္အထည္ေဖာ္ေတာ့မယ္။ အဲဒီလိုပဲ အလားတူပဲ ၿမိဳ႕နယ္တုိင္း ၿမိဳ႕နယ္တုိင္း လ်ာထားတဲ့ ဟာေတြရိွတယ္” ဟု ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွမ္းျပည္နယ္အတြင္း ေဆးလိပ္ေငြ႕ကင္းစင္ဧရိယာမ်ား သတ္မွတ္ႏိုင္ေရးအျပင္ အေျခခံပညာေက်ာင္းမ်ား၊ တကၠသိုလ္မ်ားကိုလည္း ေဆးလိပ္ေငြ႕ကင္းစင္ဧရိယာမ်ားအျဖစ္ သတ္မွတ္ေဆာင္ရြက္ျခင္းႏွင့္ ပညာေပး လုပ္ငန္းမ်ားအား ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံအတြင္း ေဆးလိပ္ေငြ႕ကင္းစင္ဧရိယာအျဖစ္ သံုးေနရာအား ႏွစ္ႏွစ္ၾကာ ပညာေပးကာလ ေဆာင္ရြက္ခဲ့ၿပီးေနာက္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၆)ရက္ေန႔တြင္ ယင္းသံုးေနရာအနက္မွ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ပင္းတယၿမိဳ႕ ေရႊဥမင္လိုဏ္ဂူ ဘုရားနယ္နိမိတ္အား ေဆးလိပ္ေငြ႕ ကင္းစင္နယ္ေျမအျဖစ္ ကမၻာသို႔ ပထမဆံုးေၾကညာႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဆးလိပ္/ေဆးရြက္ႀကီးထိန္းခ်ဳပ္ေရး အေရွ႕ေတာင္အာရွႏုိင္ငံမ်ား မဟာမိတ္အဖြဲ႕ (South East Asia Tobacco Control Alliance – SEATCA )၏ အဖြဲ႔ဝင္ျဖစ္သည့္ ျမန္မာႏုိင္ငံအေနျဖင့္ ဖိလစ္ပိုင္ႏုိင္ငံတြင္ က်င္းပခဲ့သည့္ အာဆီယံႏုိင္ငံမ်ား၏ ေဆးလိပ္/ေဆးရြက္ႀကီးထိန္းခ်ဳပ္ေရး ေဒသတြင္း တတိယအႀကိမ္ အစည္းအေဝးတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေဒသ (၃)ေနရာေဖာ္ေဆာင္ရန္ ေၾကညာခဲ့ျခင္းျဖစ္ၿပီး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ SEATCA သေဘာတူညီခ်က္အရ မႏၱေလးတိုင္း ေဒသႀကီး အတြင္းရိွ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမ၊ ရွမ္းျပည္နယ္အတြင္း အင္းေလးေဒသႏွင့္ ပင္းတယ လိုဏ္ဂူနယ္ေျမတို႔အား ေဆးလိပ္ေငြ႕ကင္းစင္ေဒသမ်ားအျဖစ္ ၂၀၁၅ ခုႏွစ္ကတည္းက ပညာေပးကာလ ေဆာင္ရြက္လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
၂၀၁၆ ခုႏွစ္ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းေသာက္သံုးမႈထိန္းခ်ဳပ္ေရးဥပေဒမွာ ၂၀၀၇ ခုႏွစ္ ေမလ (၂၄) ရက္ေန႔ကတည္းက အသက္ဝင္ခဲ့ျခင္းျဖစ္ၿပီး ေဆးလိပ္ ေသာက္ခြင့္မရိွသည့္ ေနရာမ်ား တိတိက်က်ျပဌာန္းထားသည့္အျပင္ ေဆးလိပ္ေငြ႕ကင္းစင္ေနရာမ်ားတြင္ ေရာင္းခ်၊ေသာက္သံုးပါက ျပစ္ဒဏ္မ်ားလည္း ျပဌာန္းထားၿပီးျဖစ္သည္။
ျမန္မာႏုိင္ငံသည္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအတြင္း ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးသံုးစြဲမႈျမင့္မားသည့္ ႏုိင္ငံျဖစ္ေနၿပီး ကမၻာ့က်န္းမာေရးအဖြဲ႕၏ ၂၀၁၄ ခုႏွစ္ က်န္းမာေရးစစ္တမ္းအရ ျမန္မာႏုိင္ငံ၏ ေဆးရြက္ႀကီး (ေဆးလိပ္)သံုးစြဲမႈတြင္ အမ်ိဳးသား ၆၂ ဒသမ ၂ ရာခုိင္ႏႈန္းႏွင့္ အမ်ိဳးသမီး ၂၄ ဒသမ ၁ ရာခုိင္ႏႈန္းရိွေနေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသည္ ကမၻာ့က်န္းမာေရးအဖြဲ႔၏ ၂၀၀၃ ခုႏွစ္ ေဆးရြက္ႀကီးသံုးစြဲမႈ ထိန္းခ်ဳပ္သည့္ အျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္း (WHO FCTC) တြင္လည္း လက္မွတ္ေရးထိုးထားသည့္ ႏုိင္ငံျဖစ္သည္။
သတင္း - ခ်ယ္ရီထိုက္
“ရှမ်းပြည်နယ်တစ်ခုလုံး မြို့နယ်တိုင်းမှာ အကောင်အထည် ဖော်ဖို့အတွက် ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေးဌာနကို စီမံချက် တောင်းထားတယ်။ တာချီလိတ်ခရိုင်နဲ့ ကျိုင်းတုံမှာလည်း ကျွန်တော် တောင်းထားပါတယ်။ ကျိုင်းတုံမှာ ဆိုရင်တော့ ဥပမာ ဗုဒ္ဓဥယျာဉ်လို နေရာမျိုးဖြစ်မလား မသိဘူးပေါ့။ ဆေးလိပ်ငွေ့ ကင်းစင်နေရာ သတ်မှတ်ပေးခြင်းက တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရသူတွေ ကာကွယ်ပေးရေး အပြင် ခရီးသွားတွေ ဆွဲဆောင်ရာ နေရာမျိုးတွေမှာ ကမ္ဘာကို ဒီလိုသတ်မှတ်ကြေညာပေးနိုင်ရင် ခရီးသွား လုပ်ငန်းအတွက်လည်း အထောက်အပံ့တော့ ဖြစ်မယ်လို့ ယူဆပါတယ်။ တောင်ကြီးမှာတော့ ရွှေဘုန်းပွင့် ဘုရားရယ်၊ စူဠာမုနိဘုရားရယ် မကြာခင် အကောင်အထည်ဖော်တော့မယ်။ အဲဒီလိုပဲ အလားတူပဲ မြို့နယ်တိုင်း မြို့နယ်တိုင်း လျာထားတဲ့ ဟာတွေရှိတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ဧရိယာများ သတ်မှတ်နိုင်ရေးအပြင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များကိုလည်း ဆေးလိပ်ငွေ့ကင်းစင်ဧရိယာများအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းနှင့် ပညာပေး လုပ်ငန်းများအား ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဆေးလိပ်ငွေ့ကင်းစင်ဧရိယာအဖြစ် သုံးနေရာအား နှစ်နှစ်ကြာ ပညာပေးကာလ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လ (၆)ရက်နေ့တွင် ယင်းသုံးနေရာအနက်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့ ရွှေဥမင်လိုဏ်ဂူ ဘုရားနယ်နိမိတ်အား ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် ကမ္ဘာသို့ ပထမဆုံးကြေညာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးလိပ်/ဆေးရွက်ကြီးထိန်းချုပ်ရေး အရှေ့တောင်အာရှနိုင်ငံများ မဟာမိတ်အဖွဲ့ (South East Asia Tobacco Control Alliance – SEATCA )၏ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအနဖြေင့် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများ၏ ဆေးလိပ်/ဆေးရွက်ကြီးထိန်းချုပ်ရေး ဒေသတွင်း တတိယအကြိမ် အစည်းအဝေးတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသ (၃)နေရာဖော်ဆောင်ရန် ကြေညာခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် SEATCA သဘောတူညီချက်အရ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရှမ်းပြည်နယ်အတွင်း အင်းလေးဒေသနှင့် ပင်းတယ လိုဏ်ဂူနယ်မြေတို့အား ဆေးလိပ်ငွေ့ကင်းစင်ဒေသများအဖြစ် ၂၀၁၅ ခုနှစ်ကတည်းက ပညာပေးကာလ ဆောင်ရွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေမှာ ၂၀၀၇ ခုနှစ် မေလ (၂၄) ရက်နေ့ကတည်းက အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး ဆေးလိပ် သောက်ခွင့်မရှိသည့် နေရာများ တိတိကျကျပြဌာန်းထားသည့်အပြင် ဆေးလိပ်ငွေ့ကင်းစင်နေရာများတွင် ရောင်းချ၊သောက်သုံးပါက ပြစ်ဒဏ်များလည်း ပြဌာန်းထားပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုမြင့်မားသည့် နိုင်ငံဖြစ်နပြေီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၄ ခုနှစ် ကျန်းမာရေးစစ်တမ်းအရ မြန်မာနိုင်ငံ၏ ဆေးရွက်ကြီး (ဆေးလိပ်)သုံးစွဲမှုတွင် အမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၀၃ ခုနှစ် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်သည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (WHO FCTC) တွင်လည်း လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည်။
သတင်း - ချယ်ရီထိုက်
