၂၀၁၇ခုနှစ် သြဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းက စတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့တွင်းရေလျှံမှုနှင့်အတူ တောင်ကျရေကြောင့် မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း အတွင်း ရေတက်နေမှုမှာ ညနေ(၆)နာရီ မထိုးခင်အထိ တန့်နေသော်လည်း ည(၆)နာရီ မိနစ်(၂၀)အချိန်တွင် အနည်းငယ်တိုးလာသည်ကို တွေ့ရသည်။
သြဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းက စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လ(၁၆)ရက်နေ့အကူး (၀၀း၁၀)နာရီမှစ၍ ရုတ်တရက် နမ့်ယွန်းချောင်းအတွင်းရေလျှံ၍ ၀မ်ကောင်း၊ ပုန်းထွန်၊ တာလော့ စသည့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီးနောက် သိပ်မကြာမီတွင် ရေများကျသွားခဲ့သော်လည်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် အမှိုက်များနှင့်ရွှံ့များအား ရှင်းလင်းခဲ့ရကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တ၀ါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက နီးစပ်ရာများသို့ အကူအညီတောင်းခံနိုင်ရန်အတွက် သက်ဆိုင်ရာမှ စီစဉ်ထားရှိကြောင်း သိရသည်။
ညအချိန်အခါများတွင် ရေတက်လာမှုများ ရှိလာပါက ကူညီမှုများ လုပ်ဆောင်ပေးနိုင်ရန်အတွက် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများက စောင့်ကြည့်နေလျက်ရှိပြီး၊ သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများဖြင့် ရေကင်းစောင့်ကြည့်မှုများကိုလည်း ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
သြဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းက စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လ(၁၆)ရက်နေ့အကူး (ဝဝး၁၀)နာရီမှစ၍ ရုတ်တရက် နမ့်ယွန်းချောင်းအတွင်းရေလျှံ၍ ဝမ်ကောင်း၊ ပုန်းထွန်၊ တာလော့ စသည့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရကြေီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီးနောက် သိပ်မကြာမီတွင် ရေများကျသွားခဲ့သော်လည်း ရကြေီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် အမှိုက်များနှင့်ရွှံ့များအား ရှင်းလင်းခဲ့ရကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရကြေီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တဝါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက နီးစပ်ရာများသို့ အကူအညီတောင်းခံနိုင်ရန်အတွက် သက်ဆိုင်ရာမှ စီစဉ်ထားရှိကြောင်း သိရသည်။
