ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ခြင့္ျပဳခ်က္ေပးထားသည့္ ပုဂၢလိက အမိႈက္သိမ္းကုမၸဏီအား ၿမိဳ႕ခံလူဦးေရ(၃၀၀)ခန္႔က ၾသဂုတ္လ(၂၀ )ရက္ေန႔တြင္ ဆႏၵ ထုတ္ေဖာ္ၾကေၾကာင္း သိရသည္။
“ေအာင္ဂရုဏာက အမႈိက္ေတြကို ကၽြန္မတို႔ရဲ့ရပ္ကြက္မွာ လာပစ္တာ။ ၂၀၁၅ ခုႏွစ္တုန္းကလည္း စာတင္ထားတယ္။ စည္ပင္က ဘာမွမလုပ္ေပးဘူး။ အခုက သူတို႔အမႈိက္ပစ္တဲ့နားမွာ မိုးရြာၿပီဆို အနံ႔ဆိုးတဲ့ေရေတြက လူေနရပ္ကြက္ထဲကိုဝင္လာတယ္။ အနံ႔အသက္လည္းဆိုးရြားတယ္။ အမႈိက္မီးရႈိ႕တဲ့ အခါမွာလည္း မီးခုိးေတြက လူေနရပ္ကြက္ထဲဝင္တဲ့အတြက္ ေနထိုင္ရခက္ခဲတယ္။ ယင္ေကာင္ေတြလည္း အရမ္းမ်ားတယ္။ ဒါေၾကာင့္ အဲဒီအမႈိက္သိမ္း ကုမၸဏီကို ဆႏၵျပရတာျဖစ္ပါတယ္” ဟု မန္ဝန္းရပ္ကြက္ စြမ္ေစာ္အုပ္စုတြင္ေနထိုင္သူ ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
အဆိုပါ အမႈိက္သိမ္းကုမၸဏီသည္ မူဆယ္ၿမိဳ႕တြင္းရွိ အမ်ားစုေပါင္းစြန္႔ပစ္ရာအမႈိက္ကန္မ်ား၊ အမႈိက္ပံုမ်ားကိုလည္း ပံုမွန္သိမ္းဆည္းေပးမွဳမရွိျခင္း၊ မန္ဝိန္းအားကစားကြင္းနံေဘးရွိ အမႈိက္ပံုအား ရွင္းလင္းေပးမႈမရွိျခင္း တို႔ေၾကာင့္ ၎ကုမၸဏီအားအလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ၾကေၾကာင္း သိရသည္။
“ဆႏၵျပတာကိုေတာ့ ဘာမွေျပာစရာမရွိပါဘူး။ သူတို႔ေတာင္းဆိုတာကေတာ့ ကုမၸဏီက အမႈိက္ကို ႏိုင္နင္းေအာင္ လုပ္ႏိုင္ျခင္းမရွိတဲ့အတြက္ ႏႈတ္ထြက္ေပးေရး စတာေတြကိုေတာင္းဆိုတာပါ။ သူတို႔ေတာင္းဆိုတာေတြကလည္း တခ်ိဳ႕အခ်က္ေတြက ဟုတ္ေနတာဆိုေတာ့ ကြ်န္ေတာ္တို႔လည္း အထက္ဌာနေတြကို တင္ျပထားပါတယ္ “ဟု မူဆယ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေက်ာ္ဇင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။
အမႈိက္သိမ္းကုမၸဏီအား ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သတိေပးထားၿပီးျဖစ္ေၾကာင္း အမႈေဆာင္အရာရွိက ေျပာသည္။
“ဆႏၵျပတာကေတာ့ လူအင္အား(၃၀၀)စာရင္းတင္ထားတယ္။ အဲဒီအတိုင္းပဲျပတယ္လို႔သိရတယ္။ မနက္ (၁၀) နာရီကေန ေန႔လယ္(၁၂)နာရီအထိ ခြင့္ျပဳခ်က္ေပးထားတယ္။ ဦးစိုင္းအုိက္က်န္ဆိုသူက ဦးေဆာင္ၿပီး ဆႏၵျပ တယ္ လုိ႔သိရတယ္။ လမ္းဆံုးဧရိယာကေတာ့ မန္ဝိန္းလူငယ္စုရပ္မွာ ဂိတ္ဆံုးတာျဖစ္တယ္။ လက္ကိုင္ ဆိုင္းဘုတ္ေတြမွာ ေတာင္းဆိုထားတာကေတာ့ ၿမိဳ႕တြင္းသန္႔ရွင္းေရးပံုမွန္ျပဳလုပ္ေပးဖို႔ရယ္ အမႈိက္ကိုႏိုင္နင္း ေအာင္မသိမ္းႏိုင္တဲ့ ကုမၸဏီကိုဖ်က္သိမ္းေပးဖို႔ရယ္ေတာင္းဆိုတာျဖစ္ပါတယ္” ဟု မူဆယ္ခရိုင္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။
အမိႈက္သိမ္းကုမၸဏီသည္ အမိႈက္မ်ား စုပံုထားၿပီး ရွင္းလင္းျခင္းမလုပ္ေဆာင္သည့္အျပင္ အမိႈက္စြန္႔ပစ္ရာ ျဖစ္သည့္ သခ်ဳႋင္းေဘးတြင္ အမိႈက္မ်ားပံုထားကာ စနစ္တက်ရွင္းလင္းျခင္းမရွိသည့္အတြက္ အုတ္ဂူအခ်ိဳ႕ဖံုးလႊမ္းေနေၾကာင္း သိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ခင္ခင္
“အောင်ဂရုဏာက အမှိုက်တွေကို ကျွန်မတို့ရဲ့ရပ်ကွက်မှာ လာပစ်တာ။ ၂၀၁၅ ခုနှစ်တုန်းကလည်း စာတင်ထားတယ်။ စည်ပင်က ဘာမှမလုပ်ပေးဘူး။ အခုက သူတို့အမှိုက်ပစ်တဲ့နားမှာ မိုးရွာပြီဆို အနံ့ဆိုးတဲ့ရေတွေက လူနေရပ်ကွက်ထဲကိုဝင်လာတယ်။ အနံ့အသက်လည်းဆိုးရွားတယ်။ အမှိုက်မီးရှို့တဲ့ အခါမှာလည်း မီးခိုးတွေက လူနေရပ်ကွက်ထဲဝင်တဲ့အတွက် နေထိုင်ရခက်ခဲတယ်။ ယင်ကောင်တွေလည်း အရမ်းများတယ်။ ဒါကြောင့် အဲဒီအမှိုက်သိမ်း ကုမ္ပဏီကို ဆန္ဒပြရတာဖြစ်ပါတယ်” ဟု မန်ဝန်းရပ်ကွက် စွမ်စော်အုပ်စုတွင်နေထိုင်သူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ အမှိုက်သိမ်းကုမ္ပဏီသည် မူဆယ်မြို့တွင်းရှိ အများစုပေါင်းစွန့်ပစ်ရာအမှိုက်ကန်များ၊ အမှိုက်ပုံများကိုလည်း ပုံမှန်သိမ်းဆည်းပေးမှုမရှိခြင်း၊ မန်ဝိန်းအားကစားကွင်းနံဘေးရှိ အမှိုက်ပုံအား ရှင်းလင်းပေးမှုမရှိခြင်း တို့ကြောင့်၎င်းကုမ္ပဏီအားအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။
“ဆန္ဒပြတာကိုတော့ ဘာမှပြောစရာမရှိပါဘူး။ သူတို့တောင်းဆိုတာကတော့ ကုမ္ပဏီက အမှိုက်ကို နိုင်နင်းအောင် လုပ်နိုင်ခြင်းမရှိတဲ့အတွက် နှုတ်ထွက်ပေးရေး စတာတွေကိုတောင်းဆိုတာပါ။ သူတို့တောင်းဆိုတာတွေကလည်း တချို့အချက်တွေက ဟုတ်နေတာဆိုတော့ ကျွန်တော်တို့လည်း အထက်ဌာနတွေကို တင်ပြထားပါတယ် “ဟု မူဆယ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
အမှိုက်သိမ်းကုမ္ပဏီအား မြို့နယ်စည်ပင်သာယာရေးဌာနမှ သတိပေးထားပြီးဖြစ်ကြောင်း အမှုဆောင်အရာရှိက ပြောသည်။
“ဆန္ဒပြတာကတော့ လူအင်အား(၃၀၀)စာရင်းတင်ထားတယ်။ အဲဒီအတိုင်းပဲပြတယ်လို့သိရတယ်။ မနက် (၁၀) နာရီကနေ နေ့လယ်(၁၂)နာရီအထိ ခွင့်ပြုချက်ပေးထားတယ်။ ဦးစိုင်းအိုက်ကျန်ဆိုသူက ဦးဆောင်ပြီး ဆန္ဒပြ တယ် လို့သိရတယ်။ လမ်းဆုံးဧရိယာကတော့ မန်ဝိန်းလူငယ်စုရပ်မှာ ဂိတ်ဆုံးတာဖြစ်တယ်။ လက်ကိုင် ဆိုင်းဘုတ်တွေမှာ တောင်းဆိုထားတာကတော့ မြို့တွင်းသန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးဖို့ရယ် အမှိုက်ကိုနိုင်နင်း အောင်မသိမ်းနိုင်တဲ့ ကုမ္ပဏီကိုဖျက်သိမ်းပေးဖို့ရယ်တောင်းဆိုတာဖြစ်ပါတယ်” ဟု မူဆယ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
အမှိုက်သိမ်းကုမ္ပဏီသည် အမှိုက်များ စုပုံထားပြီး ရှင်းလင်းခြင်းမလုပ်ဆောင်သည့်အပြင် အမှိုက်စွန့်ပစ်ရာ ဖြစ်သည့် သင်္ချိုင်းဘေးတွင် အမှိုက်များပုံထားကာ စနစ်တကျရှင်းလင်းခြင်းမရှိသည့်အတွက် အုတ်ဂူအချို့ဖုံးလွှမ်းနေကြောင်း သိရသည်။
သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ခင်ခင်