တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားထိပ္ အ၀ိုင္းပတ္အနီးတြင္ သြယ္တန္းထားသည့္ ဆက္သြယ္ေရး ဖုန္းႀကိဳးတိုင္အား ၾသဂုတ္လ(၂၉)ရက္ေန႔ ည(၇)နာရီ၀န္းက်င္အခ်ိန္က လမ္းႀကိတ္စက္ တင္ေဆာင္လာသည့္ ယာဥ္ႀကီးတစ္စီးမွ မေတာ္တဆ ၿငိမိသြားရာက တာခ်ီလိတ္ၿမိဳ႕ ၊ ပုန္းထြန္ရပ္ကြက္ ႏွင့္ ခ်စ္ၾကည္ေရးတံတားထိပ္ ၀န္းက်င္ရွိ ဆက္သြယ္ေရး ႀကိဳးဖုန္း အေရအတြက္ (၁၇၀)၀န္းက်င္ ရုတ္တရက္ ျပတ္ေတာက္သြားေၾကာင္းႏွင့္ ဆက္သြယ္ေရးမွ ျပဳျပင္မႈမ်ား ေဆာင္ရြက္ေနေၾကာင္း တာခ်ီလိတ္ဆက္သြယ္ေရးရံုးမွ သိရသည္။
"ပုန္းထြန္ဘက္ အျခမ္းရယ္၊ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းတိုက္ဘက္အျခမ္းရယ္၊ တံတားထိပ္ ၀န္းက်င္ေတြက စုစုေပါင္း ႀကိဳးဖုန္း အေရအတြက္ အလံုးေရ (၁၇၀)၀န္းက်င္ ျပတ္ေတာက္သြားပါတယ္၊ ႀကိဳးေတြ ျပန္ဆက္ရဦးမွာဆိုေတာ့ ဘယ္ေလာက္ၾကာမယ္ဆိုတာ ေျပာလို႔မရေသးေပမယ့္ ျပဳျပင္ ေဆာင္ရြက္မႈေတြ လုပ္ေနပါတယ္။"ဟု ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာဝန္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက ေျပာသည္။
ဆက္သြယ္ေရးဖုန္းႀကိဳးမ်ား သြယ္တန္းထားသည့္ ဓါတ္တိုင္မွာ ထိခိုက္ၿငိတြယ္မႈေၾကာင့္ က်ဳိးက်သြားေသာ္လည္း လမ္းသြား၊ လမ္းလာမ်ား ထိခိုက္မႈ မရွိေစခဲ့ေၾကာင္း သိရသည္။
"လမ္းေလွ်ာက္လာခ်ိန္ အဲ့လိုျဖစ္ေတာ့ ဓါတ္တိုင္ပါ က်ဳိးက်တာ ကံေကာင္းတယ္။ လူမထိလို႔ လူထိရင္ေတာ့ မေတြး၀ံ့စရာပဲဗ်ာ။"ဟု အဆိုပါ ျဖစ္စဥ္ အနီးတြင္ လမ္းေလွ်ာက္သြားလာသူ တစ္ဦးက ဆိုသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ တာခ်ီလိတ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း ႏွင့္ ဆက္သြယ္ေရးႀကိဳးမ်ား ျပတ္က်မႈမ်ားေၾကာင့္ တာခ်ီလိတ္ဆက္သြယ္ေရးရံုးမွ တာ၀န္ရွိသူမ်ားက ျပဳျပင္မႈမ်ား ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။
ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္၊ YH၊ ZWT ၊ AMZ
"ပုန်းထွန်ဘက် အခြမ်းရယ်၊ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ဘက်အခြမ်းရယ်၊ တံတားထိပ် ဝန်းကျင်တွေက စုစုပေါင်း ကြိုးဖုန်း အရေအတွက် အလုံးရေ (၁၇၀)ဝန်းကျင် ပြတ်တောက်သွားပါတယ်၊ ကြိုးတွေ ပြန်ဆက်ရဦးမှာဆိုတော့ ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့မရသေးပေမယ့် ပြုပြင် ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။
ဆက်သွယ်ရေးဖုန်းကြိုးများ သွယ်တန်းထားသည့် ဓာတ်တိုင်မှာ ထိခိုက်ငြိတွယ်မှုကြောင့် ကျိုးကျသွားသော်လည်း လမ်းသွား၊ လမ်းလာများ ထိခိုက်မှု မရှိစေခဲ့ကြောင်း သိရသည်။
"လမ်းလျှောက်လာချိန် အဲ့လိုဖြစ်တော့ ဓာတ်တိုင်ပါ ကျိုးကျတာ ကံကောင်းတယ်။ လူမထိလို့ လူထိရင်တော့ မတွေးဝံ့စရာပဲဗျာ။"ဟု အဆိုပါ ဖြစ်စဉ် အနီးတွင် လမ်းလျှောက်သွားလာသူ တစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း နှင့် ဆက်သွယ်ရေးကြိုးများ ပြတ်ကျမှုများကြောင့် တာချီလိတ်ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူများက ပြုပြင်မှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ YH၊ ZWT၊ AMZ
