ကွန်ဟိန်း နှင့် မိုင်းပျဉ်းကြားတွင် ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းမှုကြောင့် သြဂုတ်လ(၁၅)ရက်နေ့မှ သြဂုတ်လ(၁၆)ရက်နေ့အထိ အချိန်(၁၀)နာရီဝန်းကျင် အကြာ MPT GSM ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ရကြောင်း တာချီလိတ်ဆက်သွယ်ရေးမှ သိရသည်။
သြဂုတ်လ(၁၅)ရက်နေ့ ည(၉)နာရီ (၁၀)မိနစ်မှစ၍ နံနက်(၆)နာရီထိ တစ်ကြိမ်၊ နံနက်(၇း၃၀)နာရီမှ နံနက်(၉)နာရီ (၂၇)မိနစ်အထိ တစ်ကြိမ် MPT GSM ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သော်လည်း MPT ကြိုးဖုန်းများ အပါအ၀င် CDMA 450, MEC 800, Ooredoo နှင့် Telenor ဖုန်းလိုင်းများမှာ ပုံမှန်အတိုင်း ကောင်းမွန်နေခဲ့ကြောင်း သိရသည်။
သြဂုတ်လ(၁၅)ရက်နေ့ ည(၉)နာရီ (၁၀)မိနစ်မှစ၍ နံနက်(၆)နာရီထိ တစ်ကြိမ်၊ နံနက်(ရး၃၀)နာရီမှ နံနက်(၉)နာရီ (၂၇)မိနစ်အထိ တစ်ကြိမ် MPT GSM ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သော်လည်း MPT ကြိုးဖုန်းများ အပါအဝင် CDMA 450, MEC 800, Ooredoo နှင့် Telenor ဖုန်းလိုင်းများမှာ ပုံမှန်အတိုင်း ကောင်းမွန်နေခဲ့ကြောင်း သိရသည်။
MPT GSM ဖုန်းလိုင်းမှာ သြဂုတ်လ(၁၆)ရက်နေ့ နံနက်(၆)နာရီတွင် ခေတ္တပြန်လည် ကောင်းမွန် ခဲ့သော်လည်း နံနက်(၇)နာရီခွဲတွင် ပြန်လည်ပြတ်တောက်သွားပြီးမှ နံနက်(၉း၂၇)နာရီအချိန်တွင် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။
