ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကုိးေက်းရြာအုပ္စု ၊ ဆီလီမြန္းေက်းရြာ သခ်ဳႋင္းအနီး ေတာထဲတြင္ အသက္(၃၀) ဝန္းက်င္ အမ်ိဳးသမီးတစ္ဦး လြယ္အိတ္ျဖင့္ သစ္ပင္တြင္ ႀကိဳးဆြဲခ် ေသဆံုးေနသည့္ အေနအထားျဖင့္ ေသဆံုးေနေၾကာင္းကို ၾသဂုတ္လ (၅)ရက္ေန႔က ေတြ႕ရွိရသျဖင့္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
အဆိိုပါ အမ်ိဳးသမီးမွာ မိုင္းကိုးေက်းရြာအုပ္စု၊ ေဟြဆာေက်းရြာမွျဖစ္ၿပီး အသက္(၃၀)၀န္းက်င္ရွိ မအားၿဖဳိ ျဖစ္ေၾကာင္း သိရေသာ္လည္း ေက်းရြာတြင္ အတည္တက် ေနထိုင္သူ မဟုတ္ေၾကာင္း သိရၿပီး ေသဆံုးသူ၏ အနီးတြင္ မူးယစ္ေဆးသံုးစြဲသည့္ ပစၥည္းမ်ား ေတြ႔ခဲ့ရေၾကာင္း မိုင္းကိုးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ထံမွ သိရသည္။
မုိင္းကုိးအုပ္စုအုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕က ၾသဂုတ္လ(၅)ရက္ေန႕ နံနက္ (၁၀)နာရီခန္႔တြင္ သတင္းေပးပုိ႔သျဖင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႕မွ တာဝန္ရိွသူမ်ားက သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ တာခ်ီလိတ္နာေရးကူညီမွဳအသင္းက အေလာင္းအား တာခ်ီလိတ္ခရိုင္ ျပည္သူ႔ ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
အဆိုပါ အမျိုးသမီးမှာ မိုင်းကိုးကျေးရွာအုပ်စု၊ ဟွေဆာကျေးရွာမှဖြစ်ပြီး အသက်(၃၀)ဝန်းကျင်ရှိ မအားဖြို ဖြစ်ကြောင်း သိရသော်လည်း ကျေးရွာတွင် အတည်တကျ နေထိုင်သူ မဟုတ်ကြောင်း သိရပြီး သေဆုံးသူ၏ အနီးတွင် မူးယစ်ဆေးသုံးစွဲသည့် ပစ္စည်းများ တွေ့ခဲ့ရကြောင်း မိုင်းကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ထံမှ သိရသည်။
မိုင်းကိုးအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သြဂုတ်လ(၅)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် သတင်းပေးပို့သဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းက အလောင်းအား တာချီလိတ်ခရိုင် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
