တာခ်ီလိတ္ၿမိဳ႕ မယ္ဟုတ္ေခ်ာင္းအတြင္းသို႔ အမႈိက္ပစ္ရင္းအရွိန္လြန္ကာ ေရထဲက်သြားသည့္ အဖိုးအိုအား (၂)ရက္ေက်ာ္အၾကာတြင္ ေသဆံုးလ်က္ျဖင့္ ျပန္ေတြ႔

တာခ်ီလိတ္ၿမိဳ႕ မယ္ဟုတ္ေခ်ာင္းအတြင္းသို႔ အမႈိက္ပစ္ရင္းအရွိန္လြန္ကာ ေရထဲက်သြားသည့္ အဖိုးအိုအား (၂)ရက္ေက်ာ္အၾကာတြင္ ေသဆံုးလ်က္ျဖင့္ ျပန္ေတြ႔
သြဂုတ် 15, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ဟုတ္ေခ်ာင္းအတြင္း ၾသဂုတ္လ(၁၃)ရက္ေန႔ နံနက္က အသက္(၇၁)ႏွစ္အရြယ္ အဘိုးအို တစ္ဦး အမႈိက္ပစ္ရာမွ အရွိန္လြန္ကာ ေရထဲက်သြားရာ ေရနစ္ ေသဆံုးသည့္ ရုပ္အေလာင္းအား ႏွစ္ရက္အၾကာတြင္ ရွာေဖြေတြ႕ရွိေၾကာင္း တာခ်ီလိတ္နာေရး ကူညီမႈအသင္းထံက သိရသည္။

ၾသဂုတ္လ(၁၃)ရက္ေန႔ နံနက္(၉)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ ဟိုခိုရြာေန  အသက္(၇၁)ႏွစ္ရွိ ဦးအိုက္ရြက္သည္ မယ္ဟုတ္ေခ်ာင္းအတြင္း အမႈိက္ပစ္ရာမွ အရွိန္လြန္ကာ ေရထဲက်သြားေၾကာင္း ေက်းရြာေန တာ၀န္ရွိသူမ်ားက ေဟာင္လိတ္ရဲစခန္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားၿပီးေနာက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ရွာေဖြရာ မေတြ႕ရွိရဘဲ ဆက္လက္ ရွာေဖြရာမွ  ၾသဂုတ္လ(၁၅)ရက္ေန႔ နံနက္ပိုင္းက အေလာင္းအား ၀မ္းလံုးေက်းရြာဘက္အျခမ္း ေခ်ာင္းေဘးတြင္ တင္က်န္ေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

ႏွစ္ရက္အၾကာတြင္ ေတြ႕ရွိရသည့္ အဆိုပါ အေလာင္းအား ကနဦး ေတြ႕ရွိရသူမွာ ေသဆံုးသူ၏သားျဖစ္သူ အုိက္ေခါင္ျဖစ္ၿပီး ၎သည္ သက္ဆိုင္ရာသို႔ ဆက္သြယ္အေၾကာင္းရာမွ တဆင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ေခတၱစခန္းမွဴး ဒုရဲမွဴးၾကည့္စိုး ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုး ႏွင့္ အသင္းသားမ်ားေရာက္ရွိလာၿပီး ေက်းရြာတြင္း တာ၀န္ရွိသူမ်ားႏွင့္ ဆယ္ယူမႈမ်ား ျပဳလုပ္ကာ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္လိုက္ေၾကာင္း သိရသည္။

"အေလာင္းကို ခဲရာခဲဆစ္ ဟိုဖက္ကေန ဒီဖက္ေရာက္ေအာင္ သယ္ေဆာင္ၿပီး ေဆးရံုက စစ္ေဆးႏိုင္ရန္အတြက္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုက ရင္ခြဲရံုကို ပို႔ေဆာင္ကူညီေပးခဲ့ပါတယ္။ အခုေတာ့ ရြာမွာ သြားၿပီး သၿဂဳႋလ္ဖို႔အတြက္ ရင္ခြဲရံုကေန ျပန္သယ္သြားဖို႔ ဆရာ၀န္ရဲ႕ စစ္ေဆးေပးမွာကို ေစာင့္ေနပါတယ္။"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ချောင်းအတွင်း သြဂုတ်လ(၁၃)ရက်နေ့ နံနက်က အသက်(၇၁)နှစ်အရွယ် အဘိုးအို တစ်ဦး အမှိုက်ပစ်ရာမှ အရှိန်လွန်ကာ ရေထဲကျသွားရာ ရေနစ် သေဆုံးသည့် ရုပ်အလောင်းအား နှစ်ရက်အကြာတွင် ရှာဖွေတွေ့ရှိကြောင်း တာချီလိတ်နာရေး ကူညီမှုအသင်းထံက သိရသည်။

သြဂုတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုခိုရွာနေ အသက်(၇၁)နှစ်ရှိ ဦးအိုက်ရွက်သည် မယ်ဟုတ်ချောင်းအတွင်း အမှိုက်ပစ်ရာမှ အရှိန်လွန်ကာ ရေထဲကျသွားကြောင်း ကျေးရွာနေ တာဝန်ရှိသူများက ဟောင်လိတ်ရဲစခန်း နှင့် တာချီလိတ်မြို့မရဲစခန်းသို့ အကြောင်းကြားပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းမှ ရှာဖွေရာ မတွေ့ရှိရဘဲ ဆက်လက် ရှာဖွေရာမှ သြဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းက အလောင်းအား ဝမ်းလုံးကျေးရွာဘက်အခြမ်း ချောင်းဘေးတွင် တင်ကျန်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။

နှစ်ရက်အကြာတွင် တွေ့ရှိရသည့် အဆိုပါ အလောင်းအား ကနဦး တွေ့ရှိရသူမှာ သေဆုံးသူ၏သားဖြစ်သူ အိုက်ခေါင်ဖြစ်ပြီး၎င်းသည် သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းရာမှ တဆင့် တာချီလိတ်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးကြည့်စိုး နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုး နှင့် အသင်းသားများရောက်ရှိလာပြီး ကျေးရွာတွင်း တာဝန်ရှိသူများနှင့် ဆယ်ယူမှုများ ပြုလုပ်ကာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

"အလောင်းကို ခဲရာခဲဆစ် ဟိုဖက်ကနေ ဒီဖက်ရောက်အောင် သယ်ဆောင်ပြီး ဆေးရုံက စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်ပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။ အခုတော့ ရွာမှာ သွားပြီး သင်္ဂြိုလ်ဖို့အတွက် ရင်ခွဲရုံကနေ ပြန်သယ်သွားဖို့ ဆရာဝန်ရဲ့ စစ်ဆေးပေးမှာကို စောင့်နေပါတယ်။"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~