ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းငေါ့မြို့နယ်ခွဲ၊ မန်ခေါက်ကျေးရွာအုပ်စုရှိ ခွန်ငင်း-ကျောင်းခမ်း ကျေးရွာချင်းဆက် တောလမ်းတွင် ခိုယောင်းကျေးရွာသားတစ်ဦး သြဂုတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် မှိုရှာထွက်ရင်း မိုင်းနင်းမိသဖြင့် ဘယ်ဖက်ခြေထောက်နှင့် လက်နှစ်ဖက်တွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ဒဏ်ရာရ လူနာအား ကျောက်မဲမြို့ပြည်သူ့ဆေးရုံ အရိုးကုသဆောင်တွင် ဆေးကုသပေးနေပြီး ကျေးရွာအုပ်ချုပ် ရေးမှူးလည်း လိုက်ပါစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓာတ်ပုံ #KMM
“ကျေးရွာချင်းဆက် တောလမ်းတစ်နေရာမှာ မှိုရှာထွက်ရင်းနဲ့ မြမြေုပ်မိုင်းနင်းမိတာလို့ သိရပါတယ်။ ကျေးရွာ အုပ်စု စာရေးက အကြောင်းကြားလာတဲ့အတွက် ကျွန်တော်တို့အသင်းက ကားနဲ့သွား သယ်ပေးခဲ့တာဖြစ်ပါတယ်။ လောလောဆယ်တော့ ကျောက်မဲပြည်သူ့ဆေးရုံကို ပို့ပေးထားပါတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်” ဟု လူနာအား သွားရောက် သယ်ဆောင်ပေးခဲ့သည့် ကျောက်မဲမြို့မှ အဖြူရောင်နှလုံးသား ပရဟိတအသင်းဥက္ကဌ ဦးမြဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
မှိုသွားရှာသည့်သုံးဦးအနက် ကျောက်မဲကြီးကျေးရွာအုပ်စု ခိုယောင်းကျေးရွာမှ အသက် (၄၁)နှစ်အရွယ် အမျိုးသားမှာ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သြဂုတ်(၂၀)ရက် မနက် (၉)နာရီခွဲ လောက်မှာ ဖြစ်တာလို့သိရပါတယ်။ ခိုယောင်းကျေးရွာကနေ မှိုရှာဖို့ သုံးဦးသား ထွက်လာတဲ့အချိန် ကျေးရွာချင်းဆက် လမ်းတစ်နေရာ ခွန်ငင်းကျေးရွာနဲ့ (၄)မိုင်ခန့်အကွာ ပန်ကျိုင်းတံတား အထက်တစ်နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိတာပါ။ ဒဏ်ရာရသူက မစိုးရိမ်ရပါဘူး။ အဖော်ပါအမျိုးသား (၂)ဦးကတော့ ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ဒဏ်ရာရ လူနာအား ကျောက်မဲမြို့ပြည်သူ့ဆေးရုံ အရိုးကုသဆောင်တွင် ဆေးကုသပေးနပြေီး ကျေးရွာအုပ်ချုပ် ရေးမှူးလည်း လိုက်ပါစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #KMM