မေကြးတုိင္း ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ ေပ်ာက္ဆံုးေနသည့္ (၇)ဘီလီယံေက်ာ္အနက္ (၃)ဘီလီယံေက်ာ္ ျပန္လည္ရရိွ

မေကြးတုိင္း ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ ေပ်ာက္ဆံုးေနသည့္ (၇)ဘီလီယံေက်ာ္အနက္ (၃)ဘီလီယံေက်ာ္ ျပန္လည္ရရိွ
သြဂုတ် 1, 2017
By Tachileik News Agency

မေကြးတုိင္း ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ က်ပ္(၇.၄၅၉)ဘီလီယံ စာရင္းေပ်ာက္ဆံုးမႈအား စံုစမ္းေတြ႔ရိွခ်က္ႏွင့္ ဥပေဒအႀကံျပဳ တင္ျပခ်က္မ်ားျဖင့္ က်ပ္ေငြ (၃) ဘီလီယံေက်ာ္အား ျပန္လည္လႊဲေျပာင္းေပးရန္ ႏိုင္ငံေတာ္ သမၼတရံုး၏ ညႊန္ၾကားစာအရ ဇူလုိင္လအတြင္း လက္ရိွတုိင္းေဒသႀကီးအစိုးရထံ ျပန္လည္ ေပးအပ္ၿပီး ျဖစ္ေၾကာင္း သိရသည္။

“လက္ရိွအစိုးရအဖဲြ႔ကို ေနာက္ဆံုးေပးဆပ္ဖို႔က်န္ေနတဲ႔ က်ပ္သန္းေပါင္း (၅၇၀) ကို ဒီေန႔လာေရာက္ ေပးဆပ္သြားၿပီျဖစ္လို႔ ေပးဆပ္ရန္ရိွတဲ႔ က်ပ္သန္းေပါင္း (၃၂၇၀) လံုး ရရိွပါၿပီ”ဟု မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ဇူလိုင္လ(၃၁)ရက္ေန႔က ေျပာၾကားသည္။

ယခင္ မေကြးတိုင္းေဒသႀကီးအစိုးရလက္ထက္ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းရွင္မ်ားထံမွ ထည့္ဝင္ထားေသာ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြအနက္ ေငြက်ပ္(၇.၄၅၉)ဘီလီယံမွာ စာရင္းကြာဟေနသျဖင့္ လက္ရိွ အစိုးရလက္ထက္တြင္ ျပန္လည္စိစစ္ရာမွ စံုစမ္းေတြ႔ရိွခ်က္မ်ားႏွင့္ ဥပေဒ အၾကံျပဳ တင္ျပခ်က္တို႔ အရ ယခင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဘုန္းေမာ္ေရႊ၊ လက္ရိွတြင္ အဖြဲ႕ဖ်က္ သိမ္းထားသည့္ မေကြးတိုင္းေဒသႀကီးဖံြ႔ၿဖိဳးေရးေဖာင္ေဒးရွင္း၏ ဥကၠဌႏွင္႔ “ေရႊသုခ” အေသးစား ေငြေရးေၾကးေရးလုပ္ငန္းဥကၠဌ ဦးၾကည္ထြန္းတို႔က တာဝန္ယူၿပီး ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြမ်ားအနက္မွ ေငြက်ပ္ (၃)ဘီလီယံေက်ာ္သာ ျပန္လည္ေပးဆပ္ရန္ ႏိုင္ငံေတာ္သမၼတရံုး၏ ညႊန္ၾကားစာ ထုတ္ေပးထားျခင္းျဖစ္သည္။

“ဒီေငြေတြကို ၂၀၁၇- ၂၀၁၈ ဘတ္ဂ်က္က အတည္ျပဳၿပီးျဖစ္လို႔ ေလာေလာဆယ္သံုးစဲြလို႔ မရေသးပါဘူး။ ႏိုဝင္ဘာ၊ ဒီဇင္ဘာလေလာက္မွာေတာ႔ ေရွ႕ကလုပ္ခဲ႔တဲ႔ လုပ္ငန္းေတြအတြက္ လိုအပ္လို႔ ျဖည္႔စြက္ရန္ပံုေငြ ထပ္ေတာင္းတဲ႔ အခါ ဒီေငြေတြထဲက သံုးစဲြဖို႔ေတာ႔ အစီအစဥ္ရိွပါတယ္။ အဲဒီလိုသံုးတဲ႔ အခါမွာလည္း တိုင္းအစိုးရ အဖဲြ႔ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ သံုးလို႔ရသလား၊ တိုင္းေဒသႀကီး လႊတ္ေတာ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔မွ သံုးလို႔ရသလားဆိုတာကို တိုင္ပင္ညိွႏိွဳင္းေနဆဲပဲ ရိွပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္းနဲ႔ အညီ သံုးစဲြသြားမွာကေတာ႔ ေသခ်ာပါတယ္”ဟု ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာၾကားသည္။

ယခင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ဦးဘုန္းေမာ္ေရႊ တာဝန္ယူခဲ့စဥ္က ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီသို႔ မေကြးတိုင္းေဒသႀကီး ဖံ႔ြၿဖိဳးေရးေဖာင္ေဒးရွင္းမွ တစ္ဆင့္ လွဴဒါန္းခဲ့သည့္ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြ က်ပ္ (၁.၇) ဘီလီယံ၊ မေကြးတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီသို႔ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြျဖင့္ လွဴဒါန္းခဲ႔သည့္ ေမာ္ေတာ္ယာဥ္ (၄)စီး၊ ဘက္ဟိုး (၁) စီး၊ ပဲ႔ေထာင္ေရယာဥ္ (၂)စီး၊ “ေရႊသုခ” အေသးစား ေငြေရးေၾကးေရးလုပ္ငန္းသို႔ လဲႊေျပာင္းေပးခဲ႔သည့္ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြက်ပ္ (၁.၅၇) ဘီလီယံတို႔အား လက္ရိွ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔သို႔ ဇူလိုင္လ(၃၁)ရက္ေန႔တြင္ အားလံုး ျပန္လည္လဲႊေျပာင္းေပးအပ္ၿပီးစီးသြားၿပီျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ထံမွ သိရသည္။

တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးဘုန္းေမာ္ေရႊက ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီသို႔ ေပးခဲ႔သည္ဆိုေသာ မေကြးတိုင္းေဒသႀကီး ဖံြၿဖိဳးေရးေဖာင္ေဒးရွင္းပိုင္ ေငြက်ပ္(၁.၇) ဘီလီယံအနက္မွ ေမလ(၄)ရက္ေန႔တြင္ ေငြက်ပ္ သိန္းေပါင္း(၃၀၀၀)၊ ေမလ(၃၀)ရက္ေန႔တြင္ ေငြက်ပ္သိန္းေပါင္း(၂၀၀၀)၊ ဇြန္လ(၉)ရက္ေန႔တြင္ ေငြက်ပ္သိန္းေပါင္း(၃၀၀၀)၊ ဇြန္လ(၂၆)ရက္ေန႔တြင္ ေငြက်ပ္သိန္းေပါင္း(၃၀၀၀)၊ ဇူလိုင္လ(၇)ရက္ေန႔တြင္ ေငြက်ပ္သိန္းေပါင္း(၂၀၀၀)၊ ဇူလိုင္လ(၂၁)ရက္ေန႔တြင္ ေငြက်ပ္သိန္းေပါင္း(၁၅၀၀)၊ ဇူလိုင္လ(၂၈) ရက္ေန႔တြင္ ေငြက်ပ္ သိန္းေပါင္း(၂၅၀၀) စုစုေပါင္းေငြက်ပ္သိန္းေပါင္း(၁၇၀၀၀)အား လက္ရိွအစိုးရအဖဲြ႔သို႔ ေပးသြင္းခဲ့ေၾကာင္း သိရသည္။

“ေရႊသုခ အေသးစား ေငြေရးေၾကးေရးလုပ္ငန္း” သို႔ လဲႊေျပာင္းေပးခဲ႔သည္ဆိုေသာ ေငြက်ပ္(၁.၅၇) ဘီလီယံအနက္မွ ေမလ(၅)ရက္ေန႔တြင္ ေငြက်ပ္သိန္းေပါင္း(၅၀၀၀)၊ ဇြန္လ(၁၄)ရက္ေန႔တြင္ ေငြက်ပ္သိန္းေပါင္း(၅၀၀၀)၊ ဇူလုိင္လ (၃၁)ရက္ေန႔တြင္ က်ပ္သန္းေပါင္း(၅၇၀)အား ေပးသြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွရရိွခဲ႔ေသာ တိုင္းေဒသႀကီး ဖြံ႕ၿဖိဳးေရးရန္ပံုေငြ က်ပ္ (၂.၈)ဘီလီယံ ေပ်ာက္ဆံုးမႈကို လက္ရိွ တုိင္းေဒသႀကီးအစိုးရအဖဲြ႔က ေဖာ္ထုတ္ႏိုင္ခဲ႔ၿပီး တိုင္းေဒသႀကီး အဆင့္ျဖင့္ စစ္ေဆးရန္ မလံုေလာက္၍ ျပည္ေထာင္စု အစိုးရအဆင့္သို႔ တင္ျပစစ္ေဆးခံရာမွ ေပ်ာက္ဆံုးေနသည့္ ေငြပမာဏမွာ (၇.၄၅၉)ဘီလီယံ ျဖစ္ေနေၾကာင္း စံုစမ္းေပၚေပါက္ခဲ့ျခင္းျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ်(၇.၄၅၉)ဘီလီယံ စာရင်းပျောက်ဆုံးမှုအား စုံစမ်းတွေ့ရှိချက်နှင့် ဥပဒေအကြံပြု တင်ပြချက်များဖြင့် ကျပ်ငွေ (၃) ဘီလီယံကျော်အား ပြန်လည်လွှဲပြောင်းပေးရန် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားစာအရ ဇူလိုင်လအတွင်း လက်ရှိတိုင်းဒေသကြီးအစိုးရထံ ပြန်လည် ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။

“လက်ရှိအစိုးရအဖွဲ့ကို နောက်ဆုံးပေးဆပ်ဖို့ကျန်နေတဲ့ ကျပ်သန်းပေါင်း (၅၇၀) ကို ဒီနေ့လာရောက် ပေးဆပ်သွားပြီဖြစ်လို့ ပေးဆပ်ရန်ရှိတဲ့ ကျပ်သန်းပေါင်း (၃၂၇၀) လုံး ရရှိပါပြီ”ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဇူလိုင်လ(၃၁)ရက်နေ့က ပြောကြားသည်။

ယခင် မကွေးတိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များထံမှ ထည့်ဝင်ထားသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအနက် ငွေကျပ်(၇.၄၅၉)ဘီလီယံမှာ စာရင်းကွာဟနေသဖြင့် လက်ရှိ အစိုးရလက်ထက်တွင် ပြန်လည်စိစစ်ရာမှ စုံစမ်းတွေ့ရှိချက်များနှင့် ဥပဒေ အကြံပြု တင်ပြချက်တို့ အရ ယခင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ လက်ရှိတွင် အဖွဲ့ဖျက် သိမ်းထားသည့် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဥက္ကဌနှင့် “ရွှေသုခ” အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥက္ကဌ ဦးကြည်ထွန်းတို့က တာဝန်ယူပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများအနက်မှ ငွေကျပ် (၃)ဘီလီယံကျော်သာ ပြန်လည်ပေးဆပ်ရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားစာ ထုတ်ပေးထားခြင်းဖြစ်သည်။

“ဒီငွေတွေကို ၂၀၁၇- ၂၀၁၈ ဘတ်ဂျက်က အတည်ပြုပြီးဖြစ်လို့ လောလောဆယ်သုံးစွဲလို့ မရသေးပါဘူး။ နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်မှာတော့ ရှေ့ကလုပ်ခဲ့တဲ့ လုပ်ငန်းတွေအတွက် လိုအပ်လို့ ဖြည့်စွက်ရန်ပုံငွေ ထပ်တောင်းတဲ့ အခါ ဒီငွေတွေထဲက သုံးစွဲဖို့တော့ အစီအစဉ်ရှိပါတယ်။ အဲဒီလိုသုံးတဲ့ အခါမှာလည်း တိုင်းအစိုးရ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သုံးလို့ရသလား၊ တိုင်းဒေသကြီး လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့မှ သုံးလို့ရသလားဆိုတာကို တိုင်ပင်ညှိနှိုင်းနေဆဲပဲ ရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ အညီ သုံးစွဲသွားမှာကတော့ သေချာပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ယခင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တာဝန်ယူခဲ့စဉ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တစ်ဆင့် လှူဒါန်းခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၁.၇) ဘီလီယံ၊ မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွဖြေင့် လှူဒါန်းခဲ့သည့် မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ် (၂)စီး၊ “ရွှေသုခ” အသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၁.၅၇) ဘီလီယံတို့အား လက်ရှိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဇူလိုင်လ(၃၁)ရက်နေ့တွင် အားလုံး ပြန်လည်လွှဲပြောင်းပေးအပ်ပြီးစီးသွားပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ပေးခဲ့သည်ဆိုသော မကွေးတိုင်းဒေသကြီး ဖွံဖြိုးရေးဖောင်ဒေးရှင်းပိုင် ငွေကျပ်(၁.၇) ဘီလီယံအနက်မှ မေလ(၄)ရက်နေ့တွင် ငွေကျပ် သိန်းပေါင်း(၃၀၀၀)၊ မေလ(၃၀)ရက်နေ့တွင် ငွေကျပ်သိန်းပေါင်း(၂၀၀၀)၊ ဇွန်လ(၉)ရက်နေ့တွင် ငွေကျပ်သိန်းပေါင်း(၃၀၀၀)၊ ဇွန်လ(၂၆)ရက်နေ့တွင် ငွေကျပ်သိန်းပေါင်း(၃၀၀၀)၊ ဇူလိုင်လ(၇)ရက်နေ့တွင် ငွေကျပ်သိန်းပေါင်း(၂၀၀၀)၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ငွေကျပ်သိန်းပေါင်း(၁၅၀၀)၊ ဇူလိုင်လ(၂၈) ရက်နေ့တွင် ငွေကျပ် သိန်းပေါင်း(၂၅၀၀) စုစုပေါင်းငွေကျပ်သိန်းပေါင်း(၁၇၀၀၀)အား လက်ရှိအစိုးရအဖွဲ့သို့ ပေးသွင်းခဲ့ကြောင်း သိရသည်။

“ရွှေသုခ အသေးစား ငွေရေးကြေးရေးလုပ်ငန်း” သို့ လွှဲပြောင်းပေးခဲ့သည်ဆိုသော ငွေကျပ်(၁.၅၇) ဘီလီယံအနက်မှ မေလ(၅)ရက်နေ့တွင် ငွေကျပ်သိန်းပေါင်း(၅၀၀၀)၊ ဇွန်လ(၁၄)ရက်နေ့တွင် ငွေကျပ်သိန်းပေါင်း(၅၀၀၀)၊ ဇူလိုင်လ (၃၁)ရက်နေ့တွင် ကျပ်သန်းပေါင်း(၅၇၀)အား ပေးသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိခဲ့သော တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၂.၈)ဘီလီယံ ပျောက်ဆုံးမှုကို လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး တိုင်းဒေသကြီး အဆင့်ဖြင့် စစ်ဆေးရန် မလုံလောက်၍ ပြည်ထောင်စု အစိုးရအဆင့်သို့ တင်ပြစစ်ဆေးခံရာမှ ပျောက်ဆုံးနေသည့် ငွေပမာဏမှာ (၇.၄၅၉)ဘီလီယံ ဖြစ်နေကြောင်း စုံစမ်းပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~