မေကြးႏွင့္ ပခုကၠဴ နည္းပညာတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသိုလ္တို႔မွ ဆရာ/ဆရာမမ်ား ဖဲႀကိဳးျပာလႈပ္ရွားမႈ ျပဳလုပ္

မေကြးႏွင့္ ပခုကၠဴ နည္းပညာတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသိုလ္တို႔မွ ဆရာ/ဆရာမမ်ား ဖဲႀကိဳးျပာလႈပ္ရွားမႈ ျပဳလုပ္
သြဂုတ် 4, 2017
By Tachileik News Agency

မေကြးၿမိဳ႕ႏွင့္ ပခုကၠဴၿမိဳ႕တို႔ရွိ နည္းပညာတကၠသိုလ္ႏွင့္ ကြန္ပ်ဴတာတကၠသိုလ္ ဆရာ/ဆရာမမ်ား ရာထူးတိုးျမင့္ေရး မူဝါဒ မွ်တမႈရိွေစေရး ဖဲႀကိဳးျပာလႈပ္ရွားမႈကို (၅)ရက္ၾကာ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“အဆင့္ျမင့္ပညာဦးစီးဌာန လက္ေအာက္မွာ ရိွေနတဲ့ ဆရာ/ဆရာမေတြမွာ လက္ရိွရာထူးနဲ႔ ၾကာေနတာေတြ ရိွတယ္ေလ။ ေနာက္တစ္ခါ ရာထူးတိုးမူဝါဒေတြေရးဆဲြတဲ႔အခါမွာ မွ်မွ်တတ ျဖစ္ဖို႔ရည္ရြယ္ၿပီး လုပ္ၾကတာပါ”ဟု ကြန္ပ်ဴတာတကၠသိုလ္(မေကြး)မွ ေက်ာင္းအုပ္ဆရာႀကီး ေဒါက္တာ စိုးလင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးႏွင့္ ပခုကၠဴတို႔ရိွ နည္းပညာတကၠသိုလ္ႏွင့္ ကြန္ပ်ဴတာတကၠသိုလ္မ်ားမွ သရုပ္ျပ နည္းျပဆရာ/ဆရာမမ်ားသည္ ဇူလိုင္(၃၁)ရက္ေန႔မွစ၍ ေက်ာင္းတက္ခ်ိန္တြင္ ယူနီေဖာင္းအက်ၤ ီမ်ား၌ ဖဲႀကိဳး အျပာေရာင္တပ္ဆင္ကာ (၅)ရက္တိုင္တိုင္ ဖဲႀကိဳးျပာလႈပ္ရွားမႈ ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

စက္မႈႏွင့္အသက္ေမြးပညာဦးစီးဌာန လက္ေအာက္ရိွ ဆရာ/ဆရာမမ်ားမွာ ပံုမွန္အတိုင္း ရာထူးတိုးေနေသာ္လည္း အဆင့္ျမင့္ပညာဦးစီးဌာနလက္ေအာက္ရိွ ဝိဇၨာ/သိပၸံတကၠသိုလ္ ဆရာ/ဆရာမမ်ားမွ လဲြ၍ နည္းပညာတကၠသိုလ္ႏွင္႔ ကြန္ပ်ဴတာတကၠသိုလ္ရိွ ဆရာ/ဆရာမမ်ားမွာ ႏိုင္ငံ့ဝန္ထမ္း စည္းမ်ဥ္းစည္းကမ္း မ်ားႏွင္႔ညီညြတ္မႈရိွေသာ္လည္း ရာထူးတိုးမရရိွျခင္း၊ လက္ရိွရာထူး(၃)နွစ္ရိွပါက တစ္ဆင္႔ျမင္႔ရာထူးတိုး ေလွ်ာက္ထားခြင္႔ရိွေၾကာင္း ဝန္ထမ္းစည္းမ်ဥ္းတြင္ပါရိွေသာ္လည္း ရာထူးတိုးမရရိွၾကျခင္း၊ အင္ဂ်င္နီယာဘဲြ႔(BE)ရရိွေသာ ဆရာ/ဆရာမမ်ားမွာလည္း သုေတသန စာတမ္းတစ္ေစာင္တင္မွသာလွ်င္ ဒုတိယ ပါေမာကၡရာထူးေနရာအား ေလွ်ာက္ထားခြင္႔ရိွျခင္း စသည္႔ကန္႔သတ္ခ်က္မ်ားအေပၚ မေက်နပ္ၾကျခင္းျဖစ္ေႀကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့နှင့် ပခုက္ကူမြို့တို့ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ဆရာ/ဆရာမများ ရာထူးတိုးမြင့်ရေး မူဝါဒ မျှတမှုရှိစေရေး ဖဲကြိုးပြာလှုပ်ရှားမှုကို (၅)ရက်ကြာ လုပ်ဆောင်နေကြောင်း သိရသည်။

“အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်မှာ ရှိနေတဲ့ ဆရာ/ဆရာမတွေမှာ လက်ရှိရာထူးနဲ့ ကြာနေတာတွေ ရှိတယ်လေ။ နောက်တစ်ခါ ရာထူးတိုးမူဝါဒတွေရေးဆွဲတဲ့အခါမှာ မျှမျှတတ ဖြစ်ဖို့ရည်ရွယ်ပြီး လုပ်ကြတာပါ”ဟု ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ စိုးလင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးနှင့် ပခုက္ကူတို့ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ သရုပ်ပြ နည်းပြဆရာ/ဆရာမများသည် ဇူလိုင်(၃၁)ရက်နေ့မှစ၍ ကျောင်းတက်ချိန်တွင် ယူနီဖောင်းအင်္ကျီများ၌ ဖဲကြိုး အပြာရောင်တပ်ဆင်ကာ (၅)ရက်တိုင်တိုင် ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

စက်မှုနှင့်အသက်မွေးပညာဦးစီးဌာန လက်အောက်ရှိ ဆရာ/ဆရာမများမှာ ပုံမှန်အတိုင်း ရာထူးတိုးနေသော်လည်း အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ဆရာ/ဆရာမများမှ လွဲ၍ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ရှိ ဆရာ/ဆရာမများမှာ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များနှင့်ညီညွတ်မှုရှိသော်လည်း ရာထူးတိုးမရရှိခြင်း၊ လက်ရှိရာထူး(၃)နှစ်ရှိပါက တစ်ဆင့်မြင့်ရာထူးတိုး လျှောက်ထားခွင့်ရှိကြောင်း ဝန်ထမ်းစည်းမျဉ်းတွင်ပါရှိသော်လည်း ရာထူးတိုးမရရှိကြခြင်း၊ အင်ဂျင်နီယာဘွဲ့(BE)ရရှိသော ဆရာ/ဆရာမများမှာလည်း သုတေသန စာတမ်းတစ်စောင်တင်မှသာလျှင် ဒုတိယ ပါမောက္ခရာထူးနေရာအား လျှောက်ထားခွင့်ရှိခြင်း စသည့်ကန့်သတ်ချက်များအပေါ် မကျေနပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~