ျမန္မာႏိုင္ငံလူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ အႀကိဳအျဖစ္ တာခ်ီလိတ္ခရိုင္အတြင္း အသိပညာေပးမႈမ်ား ပူးေပါင္း လုပ္ေဆာင္

ျမန္မာႏိုင္ငံလူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ အႀကိဳအျဖစ္ တာခ်ီလိတ္ခရိုင္အတြင္း အသိပညာေပးမႈမ်ား ပူးေပါင္း လုပ္ေဆာင္
သြဂုတ် 12, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ အႀကိဳအျဖစ္ တာခ်ီလိတ္ခရိုင္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႕မွ ႀကီးမွဴး၍ အသိပညာေပး စေတကာမ်ား ျဖန္႔ေ၀ကာ ေမာ္ေတာ္ယာဥ္မ်ား ႏွင့္ ဆိုင္ကယ္မ်ားတြင္ ကပ္ေပးသည့္ လုပ္ေဆာင္မႈကို ၾသဂုတ္လ(၁၂)ရက္ေန႔ နံနက္ပိုင္းက ေနရာ(၃)ေနရာတြင္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ လုပ္ေဆာင္မႈတြင္ တာခ်ီလိတ္ခရိုင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠဌ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ဒုတိယဥကၠဌ ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီး ထိန္၀င္းတို႔မွ ဦးစီး၍ ခရိုင္/ၿမိဳ႕နယ္အဆင့္ ေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔ ႏွင့္ မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရးအသင္း၀င္မ်ား၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁) တာခ်ီလိတ္မွ ရဲမွဴး ရင္ရင္ေအး ဦးစီးတပ္ဖြဲ႕ဝင္မ်ား၊ ရပ္မိရပ္ဖမ်ား အပါအ၀င္ တာ၀န္ရွိသူမ်ား ပူးေပါင္း ေဆာင္ရြက္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္လည္းေကာင္း၊ ပါဆတ္ ကားေလးကြင္းတြင္ လည္းေကာင္း၊ ေဟာင္လိတ္လမ္းဆံုတြင္ လည္းေကာင္း ေမာ္ေတာ္ယာဥ္မ်ား ႏွင့္ ဆိုင္ကယ္မ်ားအား အသိပညာေပး စေတကာ အခု(၃၀၀)ကို ျဖန္႔ေ၀ ကပ္ေပးျခင္းျဖင့္ ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔၏ အႀကိဳ အျဖစ္ လုပ္ေဆာင္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

စက္တင္ဘာလ(၁၃)ရက္ေန႔တြင္ က်ေရာက္မည့္ ျမန္မာႏိုင္ငံလူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔၏ အႀကိဳ အသိပညာေပး လႈပ္ရွားမႈ အျဖစ္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁) တာခ်ီလိတ္မွ ရဲမွဴး ရင္ရင္ေအး ဦးစီးတပ္ဖြဲ႕ဝင္မ်ားက တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕ရွိ အထက(က်ဳိင္းလပ္)တြင္ ၾသဂုတ္လ(၁၁)ရက္ေန႔က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ ႏွင့္ ပညာေရးဦးစီးဌာနတို႔ျဖင့္ ပူးေပါင္း၍ အသိပညာေပးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။

ဓာတ္ပံု - ေ၀ယံလင္း ၊ လူကုန္တား



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြိုအဖြစ် တာချီလိတ်ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူး၍ အသိပညာပေး စတေကာများ ဖြနေ့်ဝကာ မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များတွင် ကပ်ပေးသည့် လုပ်ဆောင်မှုကို သြဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက နေရာ(၃)နေရာတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုတွင် တာချီလိတ်ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဒုတိယဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းတို့မှ ဦးစီး၍ ခရိုင်/မြို့နယ်အဆင့် ကော်မတီဝင်များ၊ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲမှူး ရင်ရင်အေး ဦးစီးတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ အပါအဝင် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင်လည်းကောင်း၊ ပါဆတ်ကားလေးကွင်းတွင် လည်းကောင်း၊ ဟောင်လိတ်လမ်းဆုံတွင် လည်းကောင်း မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များအား အသိပညာပေး စတေကာ အခု(၃၀၀)ကို ဖြနေ့်ဝ ကပ်ပေးခြင်းဖြင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ အကြို အဖြစ် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ အကြို အသိပညာပေး လှုပ်ရှားမှု အဖြစ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲမှူး ရင်ရင်အေး ဦးစီးတပ်ဖွဲ့ဝင်များက တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ အထက(ကျိုင်းလပ်)တွင် သြဂုတ်လ(၁၁)ရက်နေ့က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် ပညာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ -ေဝယံလင်း၊ လူကုန်တား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~