ရွမ္းျပည္နယ္တြင္ ဆုိင္ကယ္မ်ား ေဒသလုိင္စင္ထုတ္ေပးျခင္းကို ေန႔စဥ္ ရံုးဖြင့္ခ်ိန္မ်ားအတြင္း ျပန္လည္ေဆာင္ရြက္ျခင္း အျဖစ္ ၂၀၁၇ စက္တင္ဘာလတြင္ စတင္မည္

ရွမ္းျပည္နယ္တြင္ ဆုိင္ကယ္မ်ား ေဒသလုိင္စင္ထုတ္ေပးျခင္းကို ေန႔စဥ္ ရံုးဖြင့္ခ်ိန္မ်ားအတြင္း ျပန္လည္ေဆာင္ရြက္ျခင္း အျဖစ္ ၂၀၁၇ စက္တင္ဘာလတြင္ စတင္မည္
သြဂုတ် 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း မွတ္ပံုတင္မဲ့(လုိင္စင္မဲ့)ေမာ္ေတာ္ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္းကို စက္တင္ဘာလ(၁)ရက္ေန႔မွစ၍ ေန႔စဥ္ ရံုးဖြင့္ခ်ိန္မ်ားအတြင္း ေဆာင္ရြက္ေပးသြားမည္ျဖစ္ေသာ္လည္း ယခင္ကကဲ့သို႔ တစ္ေနရာတည္းအၿပီး လုပ္ေဆာင္ေပးေတာ့မည္ မဟုတ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ေန႔စဥ္ေဆာင္ရြက္ေပးသြားမွာပါ။ အခုက ကၽြန္ေတာ္တုိ႔ရံုးကို လာေလွ်ာက္ရင္ စစ္ေဆးေရးအဖြဲ႕နဲ႔ စစ္ေဆးေပးပါမယ္။ အဲဒီမွာ ေမာ္ဒယ္ သတ္မွတ္ေပးလိုက္မယ္။ ဘဏ္မွာ ကိုယ္တုိင္ သြားသြင္းရမယ္။ ေငြေပးသြင္းၿပီးျဖတ္ပိုင္းနဲ႔အတူ အာမခံရံုးမွာ အာမခံသြားသြင္းေပးရမယ္။ အဲဒီစာရြက္ေတြ အားလံုးျပည့္စံုမွ ကၽြန္ေတာ္တုိ႔ ကညနရံုးကေန လိုင္စင္ထုတ္ေပးမွာပါ”ဟု ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးစိုုင္းလံုေက်ာက္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္း စီမံခ်က္ကို ျပည္နယ္တြင္း ကုန္းလမ္းပုိ႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားတြင္ အဖြဲ႕စံုျဖင့္ တစ္ေနရာတည္းအၿပီး လုပ္ေဆာင္ေပးျခင္းကို ၂၀၁၇ ခုႏွစ္ မတ္လ (၁)ရက္ေန႔မွ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး ဇြန္လဆန္းမွစ၍ ေခတၱ ရပ္နားထားခဲ့ျခင္းျဖစ္သည္။

မွတ္ပံုတင္ျပဳလုပ္မည့္ ဆုိင္ကယ္မ်ားအား ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနတြင္ စစ္ေဆးေရးအဖြဲ႕က ဆိုင္ကယ္အမ်ိဳးအစား၊ ေမာ္ဒယ္သတ္မွတ္ခ်က္မ်ား စိစစ္ေပးၿပီးပါက သတ္မွတ္ ဒဏ္ေၾကးအား ျမန္မာ့စီးပြားေရးဘဏ္တြင္ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဒဏ္ေၾကးေပးသြင္းၿပီးေၾကာင္း ခ်လန္ျဖတ္ပုိင္းႏွင့္အတူ ျမန္မာ့အာမခံလုပ္ငန္းတြင္ သူတစ္ပါးထိခုိက္နစ္နာမႈ အာမခံေၾကး ေပးေဆာင္ၿပီးပါက ကုန္းလမ္း ပုိ႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးတြင္ ယာဥ္မွတ္ပံုတင္ စာအုပ္(ကမ-၃)၊ ယာဥ္သက္ေသခံလက္မွတ္မ်ား ထုတ္ေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ကုန္းလမ္းပုိ႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း လိုင္စင္မဲ့ေမာ္ေတာ္ဆုိင္ကယ္မ်ားအား လိုင္စင္ျပဳလုပ္ေပးေနျခင္းကို ေလးလတာ ေဆာင္ရြက္ေပးသည့္ ကာလအတြင္း လုိင္စင္ေလွ်ာက္ထားလိုသူ မ်ားျပားေသာ္လည္း ဒဏ္ေၾကးသတ္မွတ္ခ်က္ေၾကာင့္ အမွန္တကယ္ေလွ်ာက္ထားသူနည္းပါးခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ မတ္လမွ ဇြန္လဆန္းအထိ ေဒသလိုင္စင္ထုတ္ထားသည့္ ဆုိင္ကယ္အစီးေရမွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္(၈၃၂)စီး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ (၄၇၇)စီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ (၅၄၂၈)စီး စုစုေပါင္း (၆၇၃၇)စီးရိွေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္

 

~~~~~~~~⊰❂ unicode ~~~~~~~~
 

ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့(လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းကို စက်တင်ဘာလ(၁)ရက်နေ့မှစ၍ နေ့စဉ် ရုံးဖွင့်ချိန်များအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ယခင်ကကဲ့သို့ တစ်နေရာတည်းအပြီး လုပ်ဆောင်ပေးတော့မည် မဟုတ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နေ့စဉ်ဆောင်ရွက်ပေးသွားမှာပါ။ အခုက ကျွန်တော်တို့ရုံးကို လာလျှောက်ရင် စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပေးပါမယ်။ အဲဒီမှာ မော်ဒယ် သတ်မှတ်ပေးလိုက်မယ်။ ဘဏ်မှာ ကိုယ်တိုင် သွားသွင်းရမယ်။ ငွေပေးသွင်းပြီးဖြတ်ပိုင်းနဲ့အတူ အာမခံရုံးမှာ အာမခံသွားသွင်းပေးရမယ်။ အဲဒီစာရွက်တွေ အားလုံးပြည့်စုံမှ ကျွန်တော်တို့ ကညနရုံးကနေ လိုင်စင်ထုတ်ပေးမှာပါ”ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်း စီမံချက်ကို ပြည်နယ်တွင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အဖွဲ့စုံဖြင့် တစ်နေရာတည်းအပြီး လုပ်ဆောင်ပေးခြင်းကို ၂၀၁၇ ခုနှစ် မတ်လ (၁)ရက်နေ့မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဇွန်လဆန်းမှစ၍ ခေတ္တ ရပ်နားထားခဲ့ခြင်းဖြစ်သည်။

မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီးပါက သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒဏ်ကြေးပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းနှင့်အတူ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါးထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်သက်သေခံလက်မှတ်များ ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးနခြေင်းကို လေးလတာ ဆောင်ရွက်ပေးသည့် ကာလအတွင်း လိုင်စင်လျှောက်ထားလိုသူ များပြားသော်လည်း ဒဏ်ကြေးသတ်မှတ်ချက်ကြောင့် အမှန်တကယ်လျှောက်ထားသူနည်းပါးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် မတ်လမှ ဇွန်လဆန်းအထိ ဒေသလိုင်စင်ထုတ်ထားသည့် ဆိုင်ကယ်အစီးရေမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်(၈၃၂)စီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၄၇၇)စီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၅၄၂၈)စီး စုစုပေါင်း (၆၇၃၇)စီးရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~