ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် သြဂုတ်လ (၁၀)ရက်နေ့က H1N1 သံသယလူနာ(၂)ဦး ထပ်မံတွေ့ရှိပြီး အမျိုးသမီးနှင့်ကလေးဆေးရုံတွင် H1N1 အတည်ပြုလူနာ (၂)ဦး ထပ်တိုးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်တစ်ခုလုံးတွင် သြဂုတ်လ (၁၀)ရက်နေ့အထိ H1N1 သံသယလူနာ (၁၃)ဦးရှိခဲ့သည့်အနက် (၇)ဦးမှာ H1N1 အတည်ပြုလူနာများအဖြစ် ကုသမှုခံယူနေကြခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်တွင်း H1N1 အခြေအနေများကို ရှမ်းပြည်နယ်အစိုးရထံ ချက်ချင်းသတင်းပို့ရန် စီစဉ် ဆောင်ရွက်ထားပြီး H1N1 အတည်ပြုလူနာများနေထိုင်ရာဒေသများတွင်လည်း ကာကွယ်ရေးနှင့် ပညာပေးလုပ်ငန်းများကို အခြားဒေသများထက် တိုးမြှင့်လုပ်ဆောင်နေပြီး ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရန် အရေးကြီးသည်ဟု လူမှုရေးဝန်ကြီးက တိုက်တွန်းလိုက်သည်။
သတင်း - ချယ်ရီထိုက်
“ဒီနေ့ သံသယလူနာ နှစ်ယောက် ထပ်ရောက်တယ်။ အတည်ပြုလူနာကလည်း နှစ်ယောက် ထပ်ထွက်တယ်။ အမျိုးသမီးနဲ့ ကလေးဆေးရုံမှာပဲ နှစ်ယောက်လုံး အင်းဇောင်းကပါ။ ငါးနှစ်ကလေးနဲ့ နှစ်နှစ်ကလေးကတော့ ဒီနေ့ အတည်ပြုလူနာအဖြစ် ထပ်တိုးတယ်ပေါ့။ ဒီနေ့အထိ တောင်ကြီးမှာ အတည်ပြုလူနာက (၇)ယောက် ဖြစ်သွားပြီ။ သံသယလူနာနှစ်ယောက် ဒီနေ့ ထပ်တွေ့တာက တစ်ယောက်က လက်ပံပင်ရွာက အသက် (၅၇)နှစ် အမျိုးသမီးတစ်ယောက်၊ နောက် ရွှေညောင်က ဟဲဟိုး-ရွှေညောင် ကားစီးတဲ့ အသက် (၂၀)အရွယ် အမျိုးသားတစ်ယောက် သံသယလူနာအဖြစ် ထပ်တွေ့ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်တစ်ခုလုံးတွင် သြဂုတ်လ (၁၀)ရက်နေ့အထိ H1N1 သံသယလူနာ (၁၃)ဦးရှိခဲ့သည့်အနက် (၇)ဦးမှာ H1N1 အတည်ပြုလူနာများအဖြစ် ကုသမှုခံယူနကြခြေင်းဖြစ်ကြောင်း သိရသည်။
“သံသယလူနာ (၁၃)ယောက်မှာ (၇)ယောက်က အတည်ပြုလူနာတွဖြေစ်ကြတယ်။ ဒီထဲကမှ တောင်ကြီးမှာ ပထမဆုံး အတည်ပြုလူနာတွဖြေစ်ကြတဲ့ အေးအေးငြိမ်းနဲ့ အိအိငြိမ်း အမွှာ ညီအစ်မနှစ်ယောက်ကတော့ ဒီနေ့ပဲ ဆေးရုံက ဆင်းပြီပေါ့နော်။ စဝ်စံထွန်းဆေးရုံမှာရော အမျိုးသမီးနဲ့ကလေးဆေးရုံမှာရော စုစုပေါင်း လက်ရှိကုသမှု ခံယူနေတဲ့ (၅)ယောက်ကိုတော့ သီးသန့်ခွဲပြီး ကုသပေးနေပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ သံသယလူနာနှစ်ဦး၏ အဖြေမှာ သြဂုတ်လ (၁၀)ရက်နေ့ ညနေအထိ အတည်ပြုချက်မရသေးကြောင်း သိရသည်။
“တော့ဆန်မှာသွားစစ်တော့ သံသယလူနာနှစ်ဦးကိုတွေ့လို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့စစ်ထားတာ။ နောက် ကလေးလူနာ (၃)ယောက်ကလည်း ကြောက်ပြီး ဆေးရုံမှာ လာတက်နေတယ်လို့ ပြောတယ်။ သူတို့ကတော့ သံသယလူနာတွေ မဟုတ်ကြပါဘူး”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်း ပထမဆုံး H1N1 အတည်ပြုလူနာ(၂)ဦးကို ကျိုင်းတုံမြို့ အမှတ်(၃) ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံတွင် ဇူလိုင်လ (၃၁)ရက်နေ့က စတင်တွေ့ရှိခဲ့ပြီးနောက် တောင်ကြီးမြို့တွင် H1N1 အတည်ပြုလူနာ(၂)ဦးအား သြဂုတ်လ (၆)ရက်နေ့က စတင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ပြည်နယ်တွင်း H1N1 အခြေအနေများကို ရှမ်းပြည်နယ်အစိုးရထံ ချက်ချင်းသတင်းပို့ရန် စီစဉ် ဆောင်ရွက်ထားပြီး H1N1 အတည်ပြုလူနာများနေထိုင်ရာဒေသများတွင်လည်း ကာကွယ်ရေးနှင့် ပညာပေးလုပ်ငန်းများကို အခြားဒေသများထက် တိုးမြှင့်လုပ်ဆောင်နပြေီး ပြည်သူလူထုအနဖြေင့် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရန် အရေးကြီးသည်ဟု လူမှုရေးဝန်ကြီးက တိုက်တွန်းလိုက်သည်။
ရာသီတုပ်ကွေးရောဂါကို Tamiflu (Oseltamivir) နှင့် Relenza (Zanamivir) ဆေး (၂) မျိုးဖြင့် ကုသမှုပေးနိုင်သဖြင့် ဆေးရုံဆေးခန်းများထံ အချိန်မီပြသရန် လိုအပ်ကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
သတင်း - ချယ်ရီထိုက်