မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္ မိုးကုတ္ၿမိဳ႕ မိုးကုတ္ - မႏၱေလး အေဝးေျပးလမ္းေဟာင္းေဘးရိွ ေရႊေညာင္ပင္ ေက်းရြာတြင္ ၾသဂုတ္လ(၂)ရက္ေန႔က ၾကက္မ်ားေသဆံုးမႈမွာ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ဆိုင္ရာ ေရာဂါေၾကာင့္ျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း ၾသဂုတ္လ (၃)ရက္ေန႔တြင္ ကနဦးထုတ္ျပန္လုိက္သည္။
“တိေမြးကု ဆရာဝန္ႀကီးေတြရဲ့ စစ္ေဆးခ်က္ အရဆိုရင္ ေသဆံုးသြားတဲ့ၾကက္ေတြမွာ အသက္ရွဴ လမ္းေၾကာင္း ဆိုင္ရာလကၡဏာေတြ လံုးဝမေတြ႔ရွိရပါဘူး။ အၾကမ္းဖ်င္းစစ္ေဆးခ်က္ေတြအရဆိုရင္ ၾကက္ေတြမွာ ျဖစ္ေလ့ ျဖစ္ထရွိတဲ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္း ဆိုင္ရာ ေရာဂါေၾကာင့္ ေသဆံုးရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူေတြ စိုးရိမ္ေနစရာအေျခအေနမဟုတ္ပါဘူးလို႔ ေျပာခ်င္ပါတယ္။ ေသဆံုးသြားတဲ့ ၾကက္ေတြကို ဓာတ္ခြဲခန္းပို႔ၿပီး အေသးစိတ္ထပ္ၿပီးစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔သိရပါတယ္”ဟု မိုးကုတ္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာစိုင္းသန္းခိုင္ က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
မိုးကုတ္ - မႏၱေလးလမ္းေဟာင္းအနီးရွိ ေရႊေညာင္ပင္ေက်းရြာတြင္ ၾကက္မ်ားအစုလိုက္အၿပံဳလိုက္ေသဆံုးမႈ ျဖစ္ပြားေနသည့္သတင္းရရွိသျဖင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ က်န္းမာေရးဌာန၊ အုပ္ခ်ဳပ္ေရးႏွင့္ ရဲတပ္ဖြဲ႕ဝင္တို႔ပါဝင္သည့္အဖြဲ႕ျဖင့္ ခ်က္ခ်င္းသြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ၾကက္ေတြက ၾသဂုတ္လ(၂)ရက္ေန႔က ေသတာပါ။ စုစုေပါင္း(၂၆)ေကာင္ အစုလိုက္တစ္ခါတည္း ေသဆံုးသြားတာကို သတင္းရရွိတဲ့အတြက္ မိုးကုတ္ၿမိဳ႕က တိေမြးကုအဖြဲ႔၊ ၿမိဳ႕နယ္ ဆရာဝန္ႀကီးလည္း ပါတဲ့အဖြဲ႔နဲ႔ သြားၿပီး စစ္ေဆးခဲ့တာျဖစ္ပါတယ္။ ကြ်မ္းက်င္သူေတြရဲ့ စစ္ေဆးခ်က္အရ ကူးစက္ေရာဂါေၾကာင့္ ေသဆံုးျခင္းမဟုတ္ဘူး လို႔သိရပါတယ္”ဟု မိုးကုတ္ၿမိဳ႕ က်ပ္ျပင္နယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ေက်ာ္သူက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
ၾကက္မ်ားေသဆံုးမႈမွာ ကူးစက္ေရာဂါေၾကာင့္ ေသဆံုးရျခင္းမဟုတ္ေၾကာင္းကို ေရႊေညာင္ပင္ေက်းရြာႏွင့္ အနီးပတ္ဝန္းက်င္ေက်းရြာမ်ားအား အသိေပးထားၿပီးျဖစ္ေၾကာင္း မိုးကုတ္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီးကေျပာသည္။
သတင္း - ေနၿဖိဳးျမင့္
“တိမွေးကု ဆရာဝန်ကြီးတွေရဲ့ စစ်ဆေးချက် အရဆိုရင် သေဆုံးသွားတဲ့ကြက်တွေမှာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာလက္ခဏာတွေ လုံးဝမတွေ့ရှိရပါဘူး။ အကြမ်းဖျင်းစစ်ဆေးချက်တွေအရဆိုရင် ကြက်တွေမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာ ရောဂါကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေ စိုးရိမ်နေစရာအခြေအနေမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ သေဆုံးသွားတဲ့ ကြက်တွေကို ဓာတ်ခွဲခန်းပို့ပြီး အသေးစိတ်ထပ်ပြီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့သိရပါတယ်”ဟု မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းသန်းခိုင် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
မိုးကုတ် - မန္တလေးလမ်းဟောင်းအနီးရှိ ရွှေညောင်ပင်ကျေးရွာတွင် ကြက်များအစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားနေသည့်သတင်းရရှိသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်တို့ပါဝင်သည့်အဖွဲ့ဖြင့် ချက်ချင်းသွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကြက်တွေက သြဂုတ်လ(၂)ရက်နေ့က သေတာပါ။ စုစုပေါင်း(၂၆)ကောင် အစုလိုက်တစ်ခါတည်း သေဆုံးသွားတာကို သတင်းရရှိတဲ့အတွက် မိုးကုတ်မြို့က တိမွေးကုအဖွဲ့၊ မြို့နယ် ဆရာဝန်ကြီးလည်း ပါတဲ့အဖွဲ့နဲ့ သွားပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ကူးစက်ရောဂါကြောင့် သေဆုံးခြင်းမဟုတ်ဘူး လို့သိရပါတယ်”ဟု မိုးကုတ်မြို့ ကျပ်ပြင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်သူက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ကြက်များသေဆုံးမှုမှာ ကူးစက်ရောဂါကြောင့် သေဆုံးရခြင်းမဟုတ်ကြောင်းကို ရွှေညောင်ပင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား အသိပေးထားပြီးဖြစ်ကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးကပြောသည်။
သတင်း - နဖြေိုးမြင့်
