ေက်ာက္မဲမွ H1N1 အတည္ျပဳကေလးလူနာ(၂)ဦး ေဆးရံုမွဆင္းၿပီး ေက်းရြာတြင္ က်န္းမာေရးေစာင့္ၾကည့္မႈမ်ား ဆက္လက္ လုပ္ေဆာင္ေပးမည္

ေက်ာက္မဲမွ H1N1 အတည္ျပဳကေလးလူနာ(၂)ဦး ေဆးရံုမွဆင္းၿပီး ေက်းရြာတြင္ က်န္းမာေရးေစာင့္ၾကည့္မႈမ်ား ဆက္လက္ လုပ္ေဆာင္ေပးမည္
သြဂုတ် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲေဆးရံုမွ H1N1 အတည္ျပဳ လူနာကေလး(၂)ဦးမွာ အဖ်ားေရာဂါ ေပ်ာက္ကင္းၿပီ ျဖစ္သျဖင့္ ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ ေဆးရံုမွ ဆင္းခြင့္ျပဳလိုက္ေသာ္လည္း ၎တို႔ ေနထိုင္ရာေက်းရြာမွ က်န္းမာေရးေစာင့္ၾကည့္မႈမ်ား ဆက္လက္ လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

“ကေလးေတြက အဖ်ားေပ်ာက္သြားၿပီျဖစ္တဲ့အတြက္ ဆင္းခြင့္ေပးလိုက္ပါၿပီ။ ဒီေန႔ ေန႔လယ္ (၁၂) နာရီေလာက္ကတည္းက ခြင့္ျပဳေပးလိုက္တယ္။ သူတို႔မိဘေတြလည္း ပါလာတဲ့အတြက္ ေသခ်ာစစ္ေဆးတာ ေတြလုပ္ၿပီးမွ အကုန္ေရာဂါကင္းမွ ခြင့္ျပဳလိုက္တာျဖစ္ပါတယ္။ မိဘေတြကေတာ့ ဖ်ားနာတာေတြ ဘာေတြမရွိပါဘူး။ စိတ္ခ်ရပါတယ္”ဟု ေက်ာက္မဲ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေတာ့ဆန္ေက်းရြာအုပ္စုရွိ ပါခါးေက်းရြာတြင္ ၾသဂုတ္လ(၆)ရက္(၇)ရက္ေန႔မ်ား၌ ေက်ာက္မဲမွ က်န္းမာေရးဝန္ထမ္းမ်ား ကြင္းဆင္းစစ္ေဆးမႈ ျပဳလုပ္ခဲ့စဥ္ သံသယလူနာကေလး(၂)ဦးအား ေတြ႔ရွိခဲ့သည့္ အတြက္ ေက်ာက္မဲ ျပည္သူ႔ေဆးရံုတြင္ ေခၚေဆာင္ကုသခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ေနတဲ့ရြာမွာကေတာ့ အဲဒီလို မသကၤာစရာဖ်ားနာမႈေတြရွိလာခဲ့ရင္ ခ်က္ခ်င္းသိႏိုင္ဖို႔ ေစာင့္ၾကည့္ သတင္းပို႔ တဲ့ က်န္းမာေရးအဖြဲ႔ကို ၿမိဳ႕နယ္အစီအစဥ္နဲ႔ ပို႔ထားတာရွိတယ္ ။ အဲဒီရြာနဲ႔ ပတ္ဝန္းက်င္ေက်းရြာေတြ အထိ ေန႔စဥ္ ေလ့လာေစာင့္ၾကည့္မႈေတြလုပ္ဖို႔နဲ႔ သတင္းပို႔ဖို႔အတြက္ က်န္းမာေရးအဖြဲ႔လႊတ္ထားပါတယ္ “ဟု ေက်ာက္မဲျပည္သူ႔ေဆးရံုအုပ္ႀကီးက ေျပာသည္။

လတ္တေလာတြင္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း H1N1 လူနာေတြ႔ရွိထားသည့္အတြက္ ၿမိဳ႕နယ္ေက်ာင္းေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ က်င္းပမည့္ရက္ကို ေဆြးေႏြးေနၾကဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲဆေးရုံမှ H1N1 အတည်ပြု လူနာကလေး(၂)ဦးမှာ အဖျားရောဂါ ပျောက်ကင်းပြီ ဖြစ်သဖြင့် သြဂုတ်လ (၁၅)ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သော်လည်း၎င်းတို့ နေထိုင်ရာကျေးရွာမှ ကျန်းမာရေးစောင့်ကြည့်မှုများ ဆက်လက် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“ကလေးတွေက အဖျားပျောက်သွားပြီဖြစ်တဲ့အတွက် ဆင်းခွင့်ပေးလိုက်ပါပြီ။ ဒီနေ့ နေ့လယ် (၁၂) နာရီလောက်ကတည်းက ခွင့်ပြုပေးလိုက်တယ်။ သူတို့မိဘတွေလည်း ပါလာတဲ့အတွက် သေချာစစ်ဆေးတာ တွေလုပ်ပြီးမှ အကုန်ရောဂါကင်းမှ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ မိဘတွေကတော့ ဖျားနာတာတွေ ဘာတွေမရှိပါဘူး။ စိတ်ချရပါတယ်”ဟု ကျောက်မဲ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တော့ဆန်ကျေးရွာအုပ်စုရှိ ပါခါးကျေးရွာတွင် သြဂုတ်လ(၆)ရက်(၇)ရက်နေ့များ၌ ကျောက်မဲမှ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့စဉ် သံသယလူနာကလေး(၂)ဦးအား တွေ့ရှိခဲ့သည့် အတွက် ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ခေါ်ဆောင်ကုသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့နေတဲ့ရွာမှာကတော့ အဲဒီလို မသင်္ကာစရာဖျားနာမှုတွေရှိလာခဲ့ရင် ချက်ချင်းသိနိုင်ဖို့ စောင့်ကြည့် သတင်းပို့ တဲ့ ကျန်းမာရေးအဖွဲ့ကို မြို့နယ်အစီအစဉ်နဲ့ ပို့ထားတာရှိတယ်။ အဲဒီရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေ အထိ နေ့စဉ် လေ့လာစောင့်ကြည့်မှုတွေလုပ်ဖို့နဲ့ သတင်းပို့ဖို့အတွက် ကျန်းမာရေးအဖွဲ့လွှတ်ထားပါတယ် “ဟု ကျောက်မဲပြည်သူ့ဆေးရုံအုပ်ကြီးက ပြောသည်။

လတ်တလောတွင် ကျောက်မဲမြို့နယ်အတွင်း H1N1 လူနာတွေ့ရှိထားသည့်အတွက် မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည့်ရက်ကို ဆွေးနွေးနကြေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~