ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပိန်းညောင်(၃)ကျေးရွာရှိ နေအိမ်တွင် ဈေးဆိုင်ဖွင့်ထားသည့် ဒေါ်ဘူးတီး ၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ သြဂုတ်လ (၂)ရက် နံနက် (၁၁)နာရီခွဲဝန်းကျင်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၃၉၂)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ ဒေါ်ဘူးတီး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင်၊ အနီရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၃၉၂)ပြား အလေးချိန် (၃၉.၂)ဂရမ်အား သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ အသက် (၄၄)နှစ်အရွယ် ဒေါ်ဘူးတီးအား ဝမ်ပုံနယ်မြေ ရဲစခန်းတွင် မယ(ပ)၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
