ရွမ္းျပည္နယ္(ေတာင္ပိုင္း) ရပ္ေစာက္ၿမိဳ႕နယ္၊ ယမ္းတြင္းငါးေၾကာင္ေက်းရြာအုပ္စုအား ပင္ျဖစ္ၿမိဳ႕အျဖစ္ တိုးျမႇင့္ သတ္မွတ္ေပးရန္အဆိုကို လႊတ္ေတာ္တြင္ေဆြးေႏြးရန္ ၾသဂုတ္လ (၂၈)ရက္ေန႔ကက်င္းပသည့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ သတၱမအႀကိမ္အစည္းအေ၀းတြင္ အတည္ျပဳလုိက္ေၾကာင္း သိရသည္။
“ၿမိဳ႕အျဖစ္သတ္မွတ္ေပးဖို႔ ေတာင္းတဲ့ရြာက အခုလက္ရွိအေနအထားမွာ လမ္းေဘးမွာလည္းရွိတယ္။ အိမ္ေျခေတြကပ္ေနတဲ့ အရွည္အလ်ားကိုက တစ္မိုင္္ခြဲေလာက္ရွည္တယ္။ အျခားကေတာ့ ဥပမာ ေဆးရံုေဆးေပးခန္းေတြ ရွိတယ္။ စာသင္ေက်ာင္းေတြရွိတယ္။ ေစ်းေတြရွိတယ္ေပါ့ေလ။ ဒီအခ်က္ အလက္ေတြက ရွိၿပီးသားေတြျဖစ္တဲ့အတြက္ေၾကာင့္ ၿမိဳ႕အျဖစ္ေတာင္းတာပါ”ဟု အဆိုတင္သြင္းသည့္ ရပ္ေစာက္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ (၁) မွ ဦးခိုင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါေက်းရြာအုပ္စုတြင္ လူေနအိမ္ေျခ (၇၀၀၀) ေက်ာ္တြင္ လူဦးေရ သံုးေသာင္းေက်ာ္ ေနထုိင္သျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဥပေဒစိုးမိုးေရး ေဆာင္ရြက္ရာတြင္ အခက္အခဲျဖစ္လာေနသည့္အတြက္ ၿမိဳ႕အဆင့္ျမႇင့္တင္ေပးရန္ ေတာင္းဆိုျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီေက်းရြာအုပ္စုရဲ့ေအာက္မွာကို ေက်းရြာေတြက အေတာ္မ်ားတယ္။ မ်ားလည္းမ်ားသလို ေက်းရြာေတြ တစ္ရြာနဲ႔ တစ္ရြာသြားရတဲ့ လမ္းပန္းခရီးကလည္း ေတာ္ေတာ္ေလးေဝးတယ္။ သူက ေတာ္ေတာ္ႀကီး က်ယ္ျပန္႔တယ္။ လူဦးေရမ်ားတယ္”ဟု အဆိုတင္သြင္းသည့္ ရပ္ေစာက္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ (၁) မွ ဦးခိုင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါေက်းရြာသည္ ရပ္ေစာက္ၿမိဳ႕ရိွ ေက်းရြာ (၁၇) ခုတြင္ အႀကီးဆံုးေက်းရြာျဖစ္ၿပီး အိမ္ေျခေပါင္း (၇၀၀၀)ေက်ာ္တြင္ လူဦးေရ သံုးေသာင္းေက်ာ္ေနထိုင္ေသာ ေက်းရြာအုပ္စုတစ္ခုျဖစ္ေၾကာင္း သိရသည္။
ၾသဂုတ္လ (၂၈)ရက္ေန႔တြင္ စတင္က်င္းေပေနသည့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ သတၱပံုမွန္အစည္းအေဝးတြင္ တက္ေရာက္ခြင့္ရိွသည့္ ကိုယ္စားလွယ္ (၁၄၁)တြင္ (၁၃၀)ဦး တက္ေရာက္ၿပီး (၁၁)ဦးခြင့္ယူထားေၾကာင္း သိရသည္။
သတင္း - ႏိုႏို
ဓာတ္ပံု - စိုင္းေလာ၀္
“မြို့အဖြစ်သတ်မှတ်ပေးဖို့ တောင်းတဲ့ရွာက အခုလက်ရှိအနေအထားမှာ လမ်းဘေးမှာလည်းရှိတယ်။ အိမ်ခြေတွေကပ်နေတဲ့ အရှည်အလျားကိုက တစ်မိုင်ခွဲလောက်ရှည်တယ်။ အခြားကတော့ ဥပမာ ဆေးရုံဆေးပေးခန်းတွေ ရှိတယ်။ စာသင်ကျောင်းတွေရှိတယ်။ ဈေးတွေရှိတယ်ပေါ့လေ။ ဒီအချက် အလက်တွေက ရှိပြီးသားတွဖြေစ်တဲ့အတွက်ကြောင့် မြို့အဖြစ်တောင်းတာပါ”ဟု အဆိုတင်သွင်းသည့် ရပ်စောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါကျေးရွာအုပ်စုတွင် လူနေအိမ်ခြေ (၇၀၀၀) ကျော်တွင် လူဦးရေ သုံးသောင်းကျော် နေထိုင်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်လာနေသည့်အတွက် မြို့အဆင့်မြှင့်တင်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီကျေးရွာအုပ်စုရဲ့အောက်မှာကို ကျေးရွာတွေက အတော်များတယ်။ များလည်းများသလို ကျေးရွာတွေ တစ်ရွာနဲ့ တစ်ရွာသွားရတဲ့ လမ်းပန်းခရီးကလည်း တော်တော်လေးဝေးတယ်။ သူက တော်တော်ကြီး ကျယ်ပြန့်တယ်။ လူဦးရေများတယ်”ဟု အဆိုတင်သွင်းသည့် ရပ်စောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါကျေးရွာသည် ရပ်စောက်မြို့ရှိ ကျေးရွာ (၁၇) ခုတွင် အကြီးဆုံးကျေးရွာဖြစ်ပြီး အိမ်ခြေပေါင်း (၇၀၀၀)ကျော်တွင် လူဦးရေ သုံးသောင်းကျော်နေထိုင်သော ကျေးရွာအုပ်စုတစ်ခုဖြစ်ကြောင်း သိရသည်။
သြဂုတ်လ (၂၈)ရက်နေ့တွင် စတင်ကျင်းပေနေသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တပုံမှန်အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၁၄၁)တွင် (၁၃၀)ဦး တက်ရောက်ပြီး (၁၁)ဦးခွင့်ယူထားကြောင်း သိရသည်။
သတင်း - နိုနို
ဓာတ်ပုံ - စိုင်းလောဝ်
