ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ယန်းလောအုပ်စု ဝေါ်ခုတ်ရပ်ကွက်ရှိ ဓာတ်စွမ်သီရိ ကျောင်းမုခ်ဦးရှေ့အနီး လမ်းမကြီးပေါ်တွင် သြဂုတ်လ (၁၄)ရက်နေ့ အကူး (၀၀း၁၀)နာရီဝန်းကျင်ခန့်က အိမ်စီး ကားတစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ နေအိမ်သို့ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ-Chi Chari Kyaw
"ကျွန်တော်လည်း ဘောလုံးပွဲ ကြည့်ပြီး အိမ်အပြန်မှာ တွေ့တာပါ။ ကျွန်တော် အဲဒီကိုရောက်တဲ့အ ချိန်မှာတော့ ကားသမားကို ဆေးရုံခေါ်သွားနေပါပြီ။ ဒဏ်ရာကတော့ အရမ်းပြင်းပုံ မပေါ်ပါဘူး"ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း ကနဦး သိရှိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ-Chi Chari Kyaw
