တာချီလိတ်တွင် နေ့ခင်းအချိန်မှာပင် ကားခိုးခံရမှု CCTV မှတ်တမ်း

တာချီလိတ်တွင် နေ့ခင်းအချိန်မှာပင် ကားခိုးခံရမှု CCTV မှတ်တမ်း
သြဂုတ် 16, 2017
By Tachileik News Agency

ပျောက်ဆုံးသွားသည့် ယာဉ်မှာ Toyota Wish အမျိုးအစား၊ လိုင်စင်ရှိ ယာဉ်အမှတ် 3J/8147 ဖြစ်ပြီး သြဂုတ်လ(၁၄)ရက်နေ့ နေ့လယ်(၂း၄၀)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ပါဆတ်ကားလေးကွင်း အနီးရှိ ရွှေသရဖူ မီနီမတ်တွင် အအေးနှင့်မုန့် ဆင်းဝယ်စဉ် မော်တော်ယာဉ်အား သော့တန်းလန်းဖြင့် စက်နှိုးထားခဲ့ရမှ ခိုးခံလိုက်ရခြင်းဖြစ်ရာ ပေးပို့လာသည့် CCTV မှတ်တမ်းအား တာချီလိတ်သတင်း အေဂျင်စီမှ ဖော်ပြပေးလိုက်ပါသည်။

*** ခိုးခံရမှုနှင့် ပတ်သက်၍ ဆက်စပ်သတင်း ***

လူစည်ကားသည့် ကားလေးကွင်းအနီး မီနီမတ်ရှေ့တွင် သော့တန်းလန်းဖြင့် စက်နိုးကာ ရပ်ထားသည့်ကား (၅)မိနစ်အတွင်း ပျောက်ဆုံးသွား
http://www.tachileik.net/2017/08/CarT.html
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကားလေးကွင်းအနီး လူစည်ကားရာနေရာတစ်ခုရှိ မီနီမတ်တွင် ဈေးဆင်းဝယ်စဉ် သော့တန်းလန်းဖြင့် စက်နှိုးထားခဲ့သည့်ကားအား (၅)မိနစ်အတွင်း ခိုးယူခံလိုက်ရကြောင်း သိရသည်။

ပျောက်ဆုံးသွားသည့် ယာဉ်မှာ Toyota Wish အမျိုးအစား၊ ယာဉ်အမှတ် 3J/8147 ဖြစ်ပြီး သြဂုတ်လ(၁၄)ရက်နေ့ နေ့လယ်(၂း၄၀)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ပါဆတ်ကားလေးကွင်းအနီးရှိ ရွှေသရဖူ မီနီမတ်တွင် အအေးနှင့်မုန့် ဆင်းဝယ်စဉ် မော်တော်ယာဉ်အား သော့တန်းလန်းဖြင့် စက်နှိုးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ရွှေသရဖူ မီနီမတ်မှာ ခဏဆိုပြီး အအေးနဲ့မုန့် ဆင်းဝယ်လိုက်တာ။ (၅)မိနစ်အကြာမှာ ကားက မရှိတော့ဘူး။ အသိတွေကများ နောက်သလားဆိုပြီး ထင်နေတာ။ တကယ်တမ်းက မဟုတ်ဘဲ ခိုးခံလိုက်ရတယ်။ ကားထဲမှာ ၀ှီးတက်ပြား အစစ်က ပါသွားတယ်။ အိမ်မှာက မိတ္တူနဲ့ စာအုပ်ပဲ ကျန်ခဲ့တယ်။ ကားကို သော့တန်းလန်းနဲ့ စက်နှိုးထားခဲ့တာ အခုလို ဖြစ်သွားမယ်လို့ မထင်ထားမိဘူး။ ကား ပျောက်သွားတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာများကိုတော့ အသိပေးအကြောင်းကြားထားပါတယ် "ဟု ယာဉ်ပိုင်ရှင်ဖြစ်သူ ကိုအောင်ကျော်ခန့်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၁၅)ရက်နေ့ နေ့လယ်ပိုင်းက ပြောသည်။

အဆိုပါ ပျောက်ဆုံးယာဉ်အားတွေ့ရှိပါက ဖုန်း ၀၉ ၅၂၄၂၉၆၀ သို့ ဆက်သွယ်အသိပေးခြင်းဖြင့် ကူညီပေးစေလိုကြောင်း ကားပိုင်ရှင် ကိုအောင်ကျော်ခန့်က ဆိုသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~