ေက်ာက္မဲၿမိဳ႕ရွိ ေရႊဆိုင္မ်ား လံုၿခံဳေရးကင္မရာ(CCTV) တပ္ဆင္ရန္ အပါအဝင္ ဆိုင္ရွင္မ်ားအား လံုၿခံဳေရး အသိပညာေပး ေဆာင္ရြက္

ေက်ာက္မဲၿမိဳ႕ရွိ ေရႊဆိုင္မ်ား လံုၿခံဳေရးကင္မရာ(CCTV) တပ္ဆင္ရန္ အပါအဝင္ ဆိုင္ရွင္မ်ားအား လံုၿခံဳေရး အသိပညာေပး ေဆာင္ရြက္
သြဂုတ် 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕မွ ေရႊႏွင့္ လက္ဝတ္ရတနာပစၥည္း အေရာင္းဆိုင္မ်ားအား လံုၿခံဳေရးကင္မရာ တပ္ဆင္ေရးအပါအဝင္ လံုၿခံဳေရးဆိုင္ရာအသိပညာေပး ေဆြးေႏြးမႈအား ေက်ာက္မဲ ၿမိဳ႕မရဲတပ္ဖြဲ႔က ၾသဂုတ္လ(၁၂) ရက္ေန႔တြင္ လုပ္ေဆာင္ေၾကာင္း သိရသည္။

“အဓိက အခ်က္ကေတာ့ ေရႊဆိုင္ေတြမွာ လံုၿခံဳေရး CCTV ကင္မရာေတြ တပ္ထားေစခ်င္ပါတယ္။ မိမိတို႔ ေရာင္းခ်ေနတဲ့ ေရႊထည္ပစၥည္းေတြကို ခုိးယူတာေတြ လုယက္တာေတြ မျဖစ္ပြားေစဖို႔ ႀကိဳတင္ ကာကြယ္တဲ့အေနနဲ႔ လုပ္ေဆာင္ေစခ်င္တာျဖစ္သလို အကယ္၍ ျဖစ္ပြားခဲ့သည္ရွိေသာ္ အျမန္ဆံုးေဖာ္ထုတ္ အေရးယူႏိုင္ဖို႔အတြက္ အခုလို ေဆြးေႏြးရတာျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ဟန္ဝင္းလႈိင္က ေျပာသည္။

ေက်ာက္မဲၿမိဳ႕မွ ေရႊဆိုင္တစ္ဆိုင္တြင္ ေရႊထည္ပစၥည္းမ်ား ခိုးယူခံရမႈ၌ အဆိုပါ ဆုိင္အတြင္း စီစီတီဗြီ(CCTV)မရိွသျဖင့္ အနီးဝန္းက်င္ရွိ စီစီတီဗြီမွ မွတ္တမ္း အကူအညီျဖင့္ ခိုးမႈအား ေဖာ္ထုတ္ ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပညာေပး ေဆြးေႏြးပြဲသို႔ ေက်ာက္မဲရွိ ေရႊဆိုင္ (၁၇)ဆိုင္မွ လုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကၿပီး မႈခင္းအသိပညာေပးႏွင့္ ဥပေဒ၊ ျပစ္မႈျပစ္ဒဏ္မ်ားအေၾကာင္းကို ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးစန္းတင့္ ေဆြးေႏြး ရွင္းလင္းေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕မွ ေရႊဆိုင္တစ္ဆိုင္တြင္ ၾသဂုတ္လ(၆)ရက္ေန႔ႏွင့္ (၁၀)ရက္ေန႔မ်ားတြင္ ႏွစ္ႀကိမ္တိုင္တိုင္ ေရႊထည္ ပစၥည္းမ်ား ခိုးယူခံရျခင္းအား ရဲတပ္ဖြဲ႕ထံတုိင္ၾကားသည့္ေန႔မွာပင္ ခိုးယူမႈအား ေဖာ္ထုတ္ႏုိင္ခဲ့သည့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ နယ္ထိန္း တပ္ဖြဲ႕ဝင္မ်ားအား ေရႊဆိုင္ပိုင္ရွင္ မိသားစုက အဆိုပါ အခမ္းအနားတြင္ ဂုဏ္ျပဳေငြ က်ပ္ (၃)သိန္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။

“အမႈကိစၥ တစ္စံုတစ္ခုျဖစ္ပြားတဲ့အခါ ကြ်န္ေတာ္တို႔ကို အေၾကာင္းၾကားပါ။ ေက်ာက္မဲၿမိဳ႕အတြင္းမွာဆိုရင္ (၅)မိနစ္ကေန (၁၀)မိနစ္အတြင္း အေရာက္လာခဲ့ႏိုင္ေအာင္ ရဲတပ္ဖြဲ႕က အဆင္သင့္ရွိေနပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္က တိုက္တြန္းေျပာၾကားသည္။

ရဲတပ္ဖြဲ႔၏ အကူအညီလိုအပ္ပါက ေက်ာက္မဲၿမိဳ႕မရဲစခန္းသို႔ အခ်ိန္မေရြးဆက္သြယ္အေၾကာင္းၾကား၍ အကူအညီ ရယူၾကရန္ကိုလည္း အဆိုပါ အခမ္းအနားတြင္ တိုက္တြန္းေျပာၾကားလိုက္သည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ ရွှေနှင့် လက်ဝတ်ရတနာပစ္စည်း အရောင်းဆိုင်များအား လုံခြုံရေးကင်မရာ တပ်ဆင်ရေးအပါအဝင် လုံခြုံရေးဆိုင်ရာအသိပညာပေး ဆွေးနွေးမှုအား ကျောက်မဲ မြို့မရဲတပ်ဖွဲ့က သြဂုတ်လ(၁၂) ရက်နေ့တွင် လုပ်ဆောင်ကြောင်း သိရသည်။

“အဓိက အချက်ကတော့ ရွှေဆိုင်တွေမှာ လုံခြုံရေး CCTV ကင်မရာတွေ တပ်ထားစေချင်ပါတယ်။ မိမိတို့ ရောင်းချနေတဲ့ ရွှေထည်ပစ္စည်းတွေကို ခိုးယူတာတွေ လုယက်တာတွေ မဖြစ်ပွားစေဖို့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်စေချင်တာဖြစ်သလို အကယ်၍ ဖြစ်ပွားခဲ့သည်ရှိသော် အမြန်ဆုံးဖော်ထုတ် အရေးယူနိုင်ဖို့အတွက် အခုလို ဆွေးနွေးရတာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က ပြောသည်။

ကျောက်မဲမြို့မှ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေထည်ပစ္စည်းများ ခိုးယူခံရမှု၌ အဆိုပါ ဆိုင်အတွင်း စီစီတီဗွီ(CCTV)မရှိသဖြင့် အနီးဝန်းကျင်ရှိ စီစီတီဗွီမှ မှတ်တမ်း အကူအညီဖြင့် ခိုးမှုအား ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာပေး ဆွေးနွေးပွဲသို့ ကျောက်မဲရှိ ရွှေဆိုင် (၁၇)ဆိုင်မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မှုခင်းအသိပညာပေးနှင့် ဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းတင့် ဆွေးနွေး ရှင်းလင်းကြောင်း သိရသည်။

ကျောက်မဲမြို့မှ ရွှေဆိုင်တစ်ဆိုင်တွင် သြဂုတ်လ(၆)ရက်နေ့နှင့် (၁၀)ရက်နေ့များတွင် နှစ်ကြိမ်တိုင်တိုင် ရွှေထည် ပစ္စည်းများ ခိုးယူခံရခြင်းအား ရဲတပ်ဖွဲ့ထံတိုင်ကြားသည့်နေ့မှာပင် ခိုးယူမှုအား ဖော်ထုတ်နိုင်ခဲ့သည့် ကျောက်မဲမြို့မရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များအား ရွှေဆိုင်ပိုင်ရှင် မိသားစုက အဆိုပါ အခမ်းအနားတွင် ဂုဏ်ပြုငွေ ကျပ် (၃)သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

“အမှုကိစ္စ တစ်စုံတစ်ခုဖြစ်ပွားတဲ့အခါ ကျွန်တော်တို့ကို အကြောင်းကြားပါ။ ကျောက်မဲမြို့အတွင်းမှာဆိုရင် (၅)မိနစ်ကနေ (၁၀)မိနစ်အတွင်း အရောက်လာခဲ့နိုင်အောင် ရဲတပ်ဖွဲ့က အဆင်သင့်ရှိနေပါတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကောင်းမြတ်ကျော်က တိုက်တွန်းပြောကြားသည်။

ရဲတပ်ဖွဲ့၏ အကူအညီလိုအပ်ပါက ကျောက်မဲမြို့မရဲစခန်းသို့ အချိန်မရွေးဆက်သွယ်အကြောင်းကြား၍ အကူအညီ ရယူကြရန်ကိုလည်း အဆိုပါ အခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~