တာခ်ီလိတ္တြင္ ကိုုရင္ႀကီးတစ္ပါး အရက္ေသာက္ထားသည္ကိုေတြ႔ရွိရ၍ လူဝတ္လဲေပး

တာခ်ီလိတ္တြင္ ကိုုရင္ႀကီးတစ္ပါး အရက္ေသာက္ထားသည္ကိုေတြ႔ရွိရ၍ လူဝတ္လဲေပး
သြဂုတ် 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လ (၁၅)ရက္ေန႔ ညပိုင္းက ကိုရင္ႀကီးတစ္ပါး အရက္ေသာက္ထားသည္ကို ေတြ႔ရွိရသျဖင့္ သက္ဆုိင္ရာ သာသနာေရးမွဴး၊ ဝန္ထမ္းကုန္းဆရာေတာ္ႏွင့္ ေရနံေခ်ာင္းေက်ာင္းမွ ဆရာေတာ္တို႔ေရွ႕ေမွာက္တြင္ လူဝတ္လဲေပးလုိက္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္က ေဂါက္ကြင္းနားက ေရႊျမန္မာဟိုတယ္နားမွာ သကၤန္းဝတ္နဲ႔ လဲေနတာေတြ႔လုိ႔ ကူေပးမယ္ဆိုၿပီး ေနာက္ျပန္လွည့္သြားတယ္။ အနားေရာက္ေတာ့ ေျခေထာက္မွာလည္း ေသြးေတြနဲ႔ ဒဏ္ရာ ရထားတယ္။ အရက္နံ႔လည္းရတယ္။ ဒါနဲ႔ ေဆးရံုလုိက္ပို႔ေပးမယ္ဆိုၿပီး ရဲစခန္းေခၚသြားတယ္။ ရဲစခန္းမွာ ဒါက ဘာသာေရးနဲ႔ သက္ဆုိင္တာဆိုေတာ့ သာသနာေရးမွဴးကို ေခၚၿပီး ဝန္ထမ္းကုန္း ေက်ာင္းဆရာေတာ္ ေက်ာင္းတုိက္မွာ ေျဖရွင္းလုိက္တာပါ”ဟု ကိုထက္ေက်ာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဝန္ထမ္းကုန္းေက်ာင္းဆရာေတာ္ အပါအ၀င္ သာသနာေရးမွဴးႏွင့္ တာဝန္ရိွသူမ်ားက ကိုရင္ႀကီး ေနထိုင္သည့္ ေရနံေခ်ာင္းေက်ာင္းမွ ဆရာေတာ္တို႔က အဆိုပါ ကိုရင္ႀကီးမွာ အသက္ (၅၆)ႏွစ္အရြယ္ ျဖစ္ေနသျဖင့္ အေရးမယူေတာ့ဘဲ လူဝတ္လဲေပးရန္ ဆံုးျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီိလိတ္ၿမိဳ႕တြင္ သကၤန္းဝတ္ထားၿပီး အရက္ေသစာေသာက္စားထားမႈမ်ားအား မၾကာခဏ ႀကံဳရေလ့ရိွသည္ဟု သာသနာေရးမွဴးက ဆိုသည္။

“သကၤန္းဝတ္ကို လူဝတ္လဲေပးၿပီး ဆရာေတာ္က ဆံုးမလိုက္ပါတယ္။ ေတြ႕တာက ေဂါက္ကြင္းနားမွာ ေတြ႔ရတယ္လို႔ ေျပာတယ္။ တာခ်ီလိတ္မွာေတာ့ အဲဒါမ်ိဳးေတြက ခဏခဏျဖစ္တာပဲ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ သာသနာေရးဦးစီမွဴး ဦးဝင္းကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ အဆိုပါ ကိုရင္ႀကီးအား လူဝတ္လဲေစၿပီး ေရနံေခ်ာင္းေက်ာင္းမွ ေက်ာင္းထုိင္ဆရာေတာ္က တာဝန္ယူေခၚေဆာင္သြားေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သြဂုတ်လ (၁၅)ရက်နေ့ ညပိုင်းက ကိုရင်ကြီးတစ်ပါး အရက်သောက်ထားသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာ သာသနာရေးမှူး၊ ဝန်ထမ်းကုန်းဆရာတော်နှင့် ရေနံချောင်းကျောင်းမှ ဆရာတော်တို့ရှေ့မှောက်တွင် လူဝတ်လဲပေးလိုက်ကြောင်း သိရသည်။

“ကျွန်တော်က ဂေါက်ကွင်းနားက ရွှမြေန်မာဟိုတယ်နားမှာ သင်္ကန်းဝတ်နဲ့ လဲနေတာတွေ့လို့ ကူပေးမယ်ဆိုပြီး နောက်ပြန်လှည့်သွားတယ်။ အနားရောက်တော့ ခြေထောက်မှာလည်း သွေးတွေနဲ့ ဒဏ်ရာ ရထားတယ်။ အရက်နံ့လည်းရတယ်။ ဒါနဲ့ ဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ရဲစခန်းခေါ်သွားတယ်။ ရဲစခန်းမှာ ဒါက ဘာသာရေးနဲ့ သက်ဆိုင်တာဆိုတော့ သာသနာရေးမှူးကို ခေါ်ပြီး ဝန်ထမ်းကုန်း ကျောင်းဆရာတော် ကျောင်းတိုက်မှာ ဖြေရှင်းလိုက်တာပါ”ဟု ကိုထက်ကျော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝန်ထမ်းကုန်းကျောင်းဆရာတော် အပါအဝင် သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကိုရင်ကြီး နေထိုင်သည့် ရေနံချောင်းကျောင်းမှ ဆရာတော်တို့က အဆိုပါ ကိုရင်ကြီးမှာ အသက် (၅၆)နှစ်အရွယ် ဖြစ်နေသဖြင့် အရေးမယူတော့ဘဲ လူဝတ်လဲပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တာချိီလိတ်မြို့တွင် သင်္ကန်းဝတ်ထားပြီး အရက်သေစာသောက်စားထားမှုများအား မကြာခဏ ကြုံရလေ့ရှိသည်ဟု သာသနာရေးမှူးက ဆိုသည်။

“သင်္ကန်းဝတ်ကို လူဝတ်လဲပေးပြီး ဆရာတော်က ဆုံးမလိုက်ပါတယ်။ တွေ့တာက ဂေါက်ကွင်းနားမှာ တွေ့ရတယ်လို့ ပြောတယ်။ တာချီလိတ်မှာတော့ အဲဒါမျိုးတွေက ခဏခဏဖြစ်တာပဲ”ဟု တာချီလိတ်မြို့နယ် သာသနာရေးဦးစီမှူး ဦးဝင်းကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ ကိုရင်ကြီးအား လူဝတ်လဲစပြေီး ရေနံချောင်းကျောင်းမှ ကျောင်းထိုင်ဆရာတော်က တာဝန်ယူခေါ်ဆောင်သွားကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~